У нас вы можете посмотреть бесплатно ဒိဝါတပတိ ဂါထာတော် သဗ္ဗမင်္ဂလာဂါထာတော် (၁၀၈ခေါက်) 🙏🙏🙏 ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) 🙏🙏🙏 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
" ဒိဝါတပတိဂါထာတော် " (သဗ္ဗမင်္ဂလာဂါထာတော်) -----------------*----------------- ဒိဝါ တပတိ အာဒစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ၊ စျာယီ တပတိ ဗြာဟ္မဏော။ အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။ -----------------*----------------- ✴ နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။ ✴ လမင်းသည် ညအခါ၌သာ တောက်ပ၏။ ✴ ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ဆင်ယင်ထားမှသာ တောက်ပ၏။ ✴ ရဟန္တာသည် စျာန်ဝင်စားနေမှသာ တောက်ပ၏။ ✴ မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော်အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏။ -----------------*----------------- (ဆုတောင်း) တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။ နမက္ကာရာ နုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။ -----------------*----------------- ✴ ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။ ✴ ဤသို့ ရှိခိုးရသော အကျိုးကြောင့် ကြံကြံသမျှ တောင့်တသမျှ အရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။ =============================== #ဆရာတော်အရှင်ဆန္ဒာဓိက #ရွှေပါရမီတောရ #ဒိဝါတပတိဂါထာတော် သည် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် မိန့်တော်မူထားတဲ့ ဂါထာ ဖြစ်ပါတယ်။ ဘုရားဟော နှုတ်ထွက်အစစ် ဂါထာတော်မြတ်ကြီး ဖြစ်ပါတယ်။ ရှေးဆရာတော်တွေ ရှေးလူကြီးသူမတွေ ရေးစပ်ထားတဲ့ ဂါထာမဟုတ်ပါဘူး။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူတဲ့ ဂါထာလည်းဖြစ်တယ်၊ ဟိုးရှေးအစဥ်အဆက်ကတည်းက ဆရာတော် သံဃာတော်ကြီးတွေ အင်မတန် နှစ်သက်မြတ်နိုးတော်မူကြတဲ့ ဂါထာတော်မြတ်ကြီးလည်းဖြစ်တယ်၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်တော်တွေအားလုံး ဂါထာတစ်ပုဒ်တည်းမှာ အစုံအလင် အပြည့်အဝ ပါဝင်နေတဲ့ ဂါထာတော်ကြီး ဖြစ်တယ်၊ ဆရာတော် သံဃာတော်တွေရဲ့ ကိုယ်တွေ့ဖြစ်စဥ်တွေအရလည်းပဲ ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံစေနိုင်တဲ့ ဂါထာဖြစ်လို့ ဒီဂါထာကို #သဗ္ဗမင်္ဂလာဂါထာ လို့ ရှေးဆရာတော်ကြီးများက နာမည်ပေးတော်မူခဲ့ကြပါတယ်။ သဗ္ဗမင်္ဂလာဆိုတာ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအားလုံးနဲ့ ပြည့်စုံစေနိုင်တဲ့ဂါထာ၊ ဒါကိုပဲ တနည်းပြောမယ်ဆိုရင်တော့ လိုအင်ဆန္ဒ အထူးပြည့်ဝစေနိုင်တဲ့ဂါထာလို့ ပြောလို့ရပါတယ်။ #ဒိဝါတပတိဂါထာ #သဗ္ဗမင်္ဂလာဂါထာ #လိုအင်ဆန္ဒအထူးပြည့်ဝစေနိုင်တဲ့ဂါထာ #ဆရာတော်အရှင်ဆန္ဒာဓိက #ရွှေပါရမီတောရ ဒီဂါထာကို သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်း စားရင်းသောက်ရင်း နေရင်းထိုင်ရင်း ပြောရင်းဆိုရင်းနဲ့ အချိန်ရရင်ရသလို ကျိုကြားကျိုကြား တစ်ခေါက်ရတစ်ခေါက် သုံးခေါက်ရသုံးခေါက် ကိုးခေါက်ရကိုးခေါက် ဒီလို ရွတ်ဖတ်ပွားများသွားပေါ့။ အထူးတလည် ဝတ်ထားပြီးတော့ ရွတ်ဖတ်သရစ္ဆျယ်ချင်တယ်ဆိုရင်လည်း တစ်နေ့ကို သက်စေ့ဖြစ်ဖြစ် ဒါမှမဟုတ် တစ်နေ့ကို ၁၀၈ခေါက်ဖြစ်ဖြစ် ရွတ်ဖတ်ပွားများပေါ့။ တစ်ခေါက်ရွတ်တိုင်း တစ်ခေါက်ရွတ်တိုင်း #တေဇသာ ဆိုတဲ့နေရာမှာ အဓိပ္ပါယ် တစ်မျိုးစီ တစ်မျိုးစီ တန်ခိုးတော် တစ်မျိုးစီ တစ်မျိုးစီ အာရုံပြုပြီတော့ နှလုံးသွင်း ပွားများသွားလိုက်ပေါ့။ နှုတ်ကတော့ ဒီပါဠိတော်ကိုရွတ်၊ စိတ်ကတော့ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ တစ်မျိုးပြီးတစ်မျိုး ပွားများသွားရမယ်။ ၁၀၈ခေါက် ရွတ်တယ်ဆိုလို့ရှိရင်လည်း ၁၀၈ခေါက် ပြည့်သွားတဲ့အခါမှာ ဒိဝါတပတိဂါထာ ၁၀၈ခေါက် ရွတ်ဖတ်ရတဲ့ ကုသိုလ်ကောင်းမှုဟာ နိဗ္ဗာန်ချမ်းသာရဲ့ အထောက်အပံ့ဖြစ်ပါစေ။ ဒါမှမဟုတ် မိမိရည်မှန်းတောင့်တတဲ့ ဗောဓိဉာဏ်ရဲ့ အထောက်အပံ့ဖြစ်ပါစေပေါ့။ ပြီးတော့မှ ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ချက်ချင်းလက်ငင်း ကောင်းကျိုးချမ်းသာရအောင်လည်း ဆုတောင်းလို့ ရပါတယ်။ ကျွန်ုပ်သည် ဒိဝါတပတိဂါထာကို ၁၀၈ခေါက် ရွတ်ဖတ်ပွားများပြီးပါပြီ။ ဘယ်နေ့ဘယ်ရက်ကစပြီးတော့လည်း နေ့စဥ်ရက်ဆက် မပျက်မကွက် ရွတ်ဖတ်ပွားများခဲ့ပါတယ်။ ဤစကားသည် မှန်ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် သစ္စာရဲ့တန်ခိုးကြောင်း၎င်း၊ ဒိဝါတပတိဂါထာတော်မြတ်ရဲ့တန်ခိုးတော်ကြောင့်၎င်း၊ ဒိဝါတပတိဂါထာ ရွတ်ရတဲ့ ကုသိုလ်ကောင်းမှုရဲ့ တန်ခိုးကြောင့်၎င်း၊ ဒိဝါတပတိဂါထာကို စောင့်ရှောက်နေကြတဲ့ နတ်ဗြဟ္မာများရဲ့ တန်ခိုးတော်ကြောင့်၎င်း၊ ဒိဝါတပတိဂါထာကို လာရောက်နာယူကြတဲ့ နတ်ဗြဟ္မာများရဲ့ တန်ခိုးတော်ကြောင့်၎င်း၊ ယနေ့ယခုထိ ပြုခဲ့ပြီးသမျှ ကုသိုလ်ကောင်းမှုအားလုံးတို့ရဲ့ တန်ခိုးတော်ကြောင့်၎င်း ဆိုပြီးတော့ ကိုယ်လိုရာ ဆုတစ်ခု တောင်းလိုက်ပေါ့။ အဲ့တော့ ရွတ်ဖတ်ပွားများတာ ဝါသနာပါတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒိဝါတပတိဂါထာကို အချိန်ရရင်ရသလို ရွတ်ဖတ်ပွားများပူဇော်နိုင်ကြပါတယ်။ ရွတ်ဖတ်ပွားများပူဇော်ခြင်းဖြင့် လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေ။ ===================================== ဤ #ဒိဝါတပတိဂါထာတော် (ခ) #သဗ္ဗမင်္ဂလာဂါထာတော် ကို နေ့စဥ် ၃ ခေါက် / ၅ ခေါက် / ၉ ခေါက် / ၁၀၈ ခေါက် နိုင်သလောက် ရွတ်ဖတ်နိုင်ပါသည်။ 🙏 ရွတ်ဖတ်ပူဇော်ရန် အခက်အခဲရှိပါက #ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒာဓိက ရွတ်ဖတ်ပူဇော်ထားသော ဤ #ဒိဝါတပတိဂါထာတော် (၁၀၈ ခေါက်) ဗီဒီယိုကိုလည်း နေ့စဥ် ဖွင့်ထားပြီး နာကြားနိုင်ပါသည်။🙏 မိမိ၏ အနီးအနားပတ်ဝန်းကျင်ရှိ ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ်၊ လမ်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်များ လာရောက်နာယူနိုင်ရန်လည်း နေ့စဥ် ဖွင့်ထားပေးနိုင်ပါသည်။ 🙏 #ဒိဝါတပတိဂါထာ #သဗ္ဗမင်္ဂလာဂါထာ #လိုအင်ဆန္ဒအထူးပြည့်ဝစေနိုင်တဲ့ဂါထာ #ဆရာတော်အရှင်ဆန္ဒာဓိက #ရွှေပါရမီတောရ #၁၀၈ခေါက်