У нас вы можете посмотреть бесплатно NUG က အကောင်အထည်ဖော်မယ့် နွေဦးဘဏ်အကြောင်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စစ်အာဏာရှင်တော်လှန်ရေးကာလ ခုခံတော်လှန်မှုအောင်နိုင်ရေးအတွက် NUG အစိုးရကနွေဦးဖွံ့ဖြိုးရေးဘဏ်ကို မကြာခင်ဖွင့်လှစ်တောမ့ယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။ နွေဦးဖွံ့ဖြိုးရေးဘဏ်(Spring Development Bank)ကို သမာရိုးကျဘဏ်ပုံစံတွေလို မဟုတ်ဘဲ ခေတ်ပေါ်ဘလော့ချိန်း (Blockchain) နည်းပညာနဲ့ ခရစ်တို (Crypto) နည်းပညာတို့ ပေါ်မှာအခြေခံပြီးတော့ ဒီနှစ်ဖေဖော်ဝါရီလမှာ တည်ထောင်သွားမှာလို့ဆိုပါတယ်။ ဒါ့အပြင် ဒီလိုဘဏ်တည်ထောင်ရမှာ အများပြည်သူကို ရှယ်ယာတွေ စတင်ရောင်းချပြီးတော့အကောင်အထည်ဖော်မှာဖြစ်သလို အပ်ငွေတွေကိုလည်း လက်ခံသွားမှာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုအမျိုုးမျိုးပေးသွားမယ်လို့ဆိုပါတယ်။ ဘဏ်ဝန်ဆောင်မှုနဲ့ အစီအမံအသေးစိတ်ကို လာမဲ့ ရက်တွေအတွင်း အသေးစိတ်ရှင်းပြ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ NUG အစိုးရဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ငွေကြေးစနစ်အပေါ် မှီခိုနေရမှုကို အဆုံးသတ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လမှာလည်း NUG pay ကိုစတင်ဖန်တီးခဲ့ပြီး လက်ရှိပြည်တွင်းပြည်ပမှာ အောင်မြင်စွာလည်ပတ်သုံးစွဲနေပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဘဏ္ဍာရေးနဲ့ ဘဏ်စနစ်တွေနဲ့ သီးခြားလွတ်လပ်တဲ့ ဘဏ်စနစ်တစ်ခုကို စတင်ဖော်ဆောင်လာတာဖြစ်ပါတယ်။