• ClipSaver
ClipSaver
Русские видео
  • Смешные видео
  • Приколы
  • Обзоры
  • Новости
  • Тесты
  • Спорт
  • Любовь
  • Музыка
  • Разное
Сейчас в тренде
  • Фейгин лайф
  • Три кота
  • Самвел адамян
  • А4 ютуб
  • скачать бит
  • гитара с нуля
Иностранные видео
  • Funny Babies
  • Funny Sports
  • Funny Animals
  • Funny Pranks
  • Funny Magic
  • Funny Vines
  • Funny Virals
  • Funny K-Pop

ဗိုက်ခဏခဏအောင့်စေတဲ့ အကြောင်း အရင်းက ဘာကြောင့်ဖြစ်နိုင်မလဲ။ скачать в хорошем качестве

ဗိုက်ခဏခဏအောင့်စေတဲ့ အကြောင်း အရင်းက ဘာကြောင့်ဖြစ်နိုင်မလဲ။ 1 year ago

video

sharing

camera phone

video phone

free

upload

Не удается загрузить Youtube-плеер. Проверьте блокировку Youtube в вашей сети.
Повторяем попытку...
ဗိုက်ခဏခဏအောင့်စေတဲ့ အကြောင်း အရင်းက ဘာကြောင့်ဖြစ်နိုင်မလဲ။
  • Поделиться ВК
  • Поделиться в ОК
  •  
  •  


Скачать видео с ютуб по ссылке или смотреть без блокировок на сайте: ဗိုက်ခဏခဏအောင့်စေတဲ့ အကြောင်း အရင်းက ဘာကြောင့်ဖြစ်နိုင်မလဲ။ в качестве 4k

У нас вы можете посмотреть бесплатно ဗိုက်ခဏခဏအောင့်စေတဲ့ အကြောင်း အရင်းက ဘာကြောင့်ဖြစ်နိုင်မလဲ။ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:

  • Информация по загрузке:

Скачать mp3 с ютуба отдельным файлом. Бесплатный рингтон ဗိုက်ခဏခဏအောင့်စေတဲ့ အကြောင်း အရင်းက ဘာကြောင့်ဖြစ်နိုင်မလဲ။ в формате MP3:


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса ClipSaver.ru



ဗိုက်ခဏခဏအောင့်စေတဲ့ အကြောင်း အရင်းက ဘာကြောင့်ဖြစ်နိုင်မလဲ။

ဗိုက်အောင့်တယ်ဆိုတာ လူတိုင်း ကျား/မ မရွေး ဖြစ်ဖူးကြမှာပါ။ ဗိုက်အောင့်နေမယ်ဆိုရင် အလုပ်လုပ်နိုင်ဖို့ နေနေသာသာ ထိုင်နေလို့တောင် အဆင်ပြေမနေပါဘူး။ ဗိုက်အောင့်တယ်ဆိုတာနဲ့ လူတိုင်း လေအောင့်တာ ၊အစာအိမ်နာတာအောင့်တာကိုပဲ တွေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဗိုက်ခဏခဏအောင့်စေတဲ့ အကြောင်းအရင်း များစွာရှိနေပါတယ်။ဗိုက်ထဲမှာ အစာအိမ်နဲ့ အူတင်မဟုတ်ဘဲ အခြားကလီဇာတွေလည်း များစွာရှိနေသေးတာမို့ ဘာကြောင့် ဗိုက်အောင့်တယ်ဆိုတာကို တန်းပြီး မသိနိုင်ပါဘူး။ဗိုက်အောင့်ခြင်းက သာမန်အရေးမကြီးတဲ့ အခြေအနေကနေ အသက်ကိုပါ ထိခိုက်စေနိုင်တဲ့ အခြေအနေထိ ဖြစ်စေနိုင်ပါတယ်။ ဗိုက်အောင့်စေတဲ့ အကြောင်းအရင်းက ဘာတွေဖြစ်မလဲ ဆိုရင် အစာအိမ် အောင့်တာ အစာအဆိပ်သင့်တာ အူရောင်တာ အစာမကြေတာ အစာအိမ်အက်ဆစ် ပြန်ဆန်တက်တာ အူအတက်ရောင်တာ အူပုပ်တာ ဓမ္မတာကြောင့်ကိုက်ခဲတာ သည်းခြေကျောက်တည်တာ အသည်းရောင်အသားဝါကြောင့် အောင့်တာ ဆီးကျောက်တည်တာ မုန့်ချိုအိတ်ရောင်တာ သားဥမှာတည်နေတဲ့ အရည်အိတ်ကွဲတာ စတာတွေကြောင့် ဗိုက်အောင့်ဗိုက်နာ ဖြစ်စေတတ်ပါတယ်။ ဗိုက်အောင့်ဗိုက်နာတိုင်း သာမန်ရိုးရိုး ဗိုက်အောင့်တယ်လို့ ယူဆရင် အန္တရာယ်ရှိနေနိုင်ပါတယ်။ ဒါဆိုရင် ဘယ်လိုခွဲခြားသိမြင်နိုင်မလဲ။ ဘယ်လိုခွဲခြားသိမြင်နိုင်မလဲဆိုရင် ဖြစ်တတ်တဲ့လက္ခဏာတွေကနေ ဘာကြောင့်အောင့်ရသလဲဆိုတာ သိမြင်ယူဆလို့ရနိုင်ပါတယ်။ အစာအိမ်အောင့်တာ အစာမကြေလေအောင့်တယ်ဆိုတာအ ဖြစ်များဆုံးဗိုက်အောင့်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ဗိုက်ဆာလာရင် ဗိုက်ထဲဟာတာတာဖြစ်ပြီး နာလာပြီး စားပြီးရင်လည်း အစာမကြေဘဲ ဗိုက်ထဲလေပွပြီး အောင့်နေတတ်ခြင်းမျိုးပါ။ အစာအဆိပ်သင့်တာ -အစာအဆိပ်သင့်ရင် ဝမ်းလျှောခြင်း၊အန်ခြင်း၊ ဗိုက်ရစ်နာခြင်းအပြင် မူးဝေလာတတ်ပါတယ်။ အူရောင်တာ အူရောင်ခြင်းက ဝမ်းဗိုက်ကြီးအမြဲတင်းရင်းနေတတ်ပါတယ်။အူရောင်ရတာဟာ စားလိုက်တဲ့ အစာတွေက မသန့်ရှင်းဘဲ ဘက်တီးရီးယားပိုးဝင်ခြင်း၊ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာရှိတဲ့ နံရံတွေ ရောင်ပြီး ဗိုက်အောင့်စေတတ်ပါတယ် ။ အစာမကြေတာ အစာမကြေတာက အစာကို ကြေညက်အောင် မဝါးစားခြင်း၊လျင်မြန်စွာစားခြင်း စတာတို့ကြောင့် အစာမကြေဖြစ်တတ်ပြီး ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ခြင်း၊အီလည်လည်ဖြစ်နေခြင်းပျို့ချင်သလိုဖြစ်ခြင်းမျိုးတွေ ခံစားရတတ်ပါတယ်။ အူအတက်ရောင်တာ အူအတက်ရောင်တယ်ဆိုတာက ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊အစားအသောက်ပျက်ခြင်း၊ ဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း၊လေပွခြင်း၊ညာဘက်ဗိုက်အောက်နားကနေ နာနေခြင်း၊ကိုယ်ငွေ့ငွေ့ဖျားခြင်းမျိုးတွေခံစားရတတ်ပါတယ်။ အူပုပ်တာ အူပုပ်ခြင်းက အကြောင်းအမျိုးမျိုးကြောင့် အူဆီကိုသွားတဲ့ သွေးတွေကောင်းကောင်း မရောက်နိုင်တော့တဲ့အခါမျိုးမှာ အူတွေကပုပ်ပြီး ဗိုက်အောင့်စေတဲ့အပြင် ဗိုက်တစ်ပြင်လုံး တင်းပြီးအောင့်နေခြင်းမျိုးတွေ ခံစားရတတ်ပါတယ်။ ဓမ္မတာ ကြောင့် ကိုက်ခဲတာ ဓမ္မတာကြောင့် ကိုက်ခဲခြင်းက ရာသီလာချိန်မှာ ကိုက်ခဲတဲ့ ဝေဒနာကို မိန်းကလေးတိုင်း ခံစားဖူးတတ်ကြမှာပါ။ သည်းခြေကျောက်တည်တာ သည်းခြေကျောက်တည်ခြင်းက သည်းခြေမှာ ဖြစ်တတ်တဲ့ အဆီကနေဖြစ်တဲ့ ကျောက်လေးတွေကြောင့် အစာမကြေရင်ပြည့်သလို ခံစားရမယ့​အပြင် ဗိုက်အောင့်တာကိုပါ ခံစားရမှာပါ။ အသည်းရောင်အသားဝါကြောင့် အောင့်တာ အသည်းရောင် အသားဝါကြောင့် အောင့်ခြင်းက ဗိုက်ရဲ့ ညာဘက်အခြမ်းမှာ အောင့်တဲ့ ဝေဒနာကို ခံစားရနေပြီး မျက်လုံးတို့ အသားတို့ လည်း အဝါရောင်ပြောင်းလာမယ်ဆိုရင် သည်းခြေရောင်နေပြီမို့ ကုသမှုခံယူပေးပါ။ ဆီးကျောက်တည်တာ ဆီးကျောက်တည်ခြင်းက ဆီးသွားတဲ့ အချိန် မှာပဲ နာကျင်တဲ့ဝေဒနာကို ခံစားရတာ မဟုတ်ပါဘူး။ ကျောက်ကပ်ရှိတဲ့ ခါးနောက်နား နှစ်ဘက်လုံးဖြစ်စေ ဒါမှမဟုတ် တစ်ဘက်ချင်းစီကနေ ဖြစ်စေ အောင့်နေတတ်ပါတယ်။ မုန့်ချိုအိတ်ရောင်တာ မုန့်ချိုအိတ်ရောင်ခြင်းက ဆီးချိုရောဂါမဖြစ်အောင်လို့ ထိန်းပေးနေတဲ့ အင်ဆူလင်ထုတ်တဲ့နေရာ မုန့်ချိုအိတ်ရောင်ရင်လည်း ဗိုက်အောင့်တဲ့ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ သားဥမှာတည်နေတဲ့ အရည်အိတ်ကွဲတာ သားဥမှာတည်နေတဲ့ အရည်အိတ်ကွဲခြင်းက မိန်းကလေးတိုင်းနီးပါးလော က်ဖြစ်တတ်ကြပြီး သားဥအိမ်အရည်အိတ်က အရမ်းကြီးသွားတဲ့ အခါမှာ ပေါက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ဒီလို အချိန်ဆို ဗိုက်မခံမရပ်နိုင်အောင် အောင့်မယ့်အပြင် သွေးတွေလည်းယိုတတ်လို့ ရေဓာတ်ခမ်းခြောက်ပြီး ရှော့ခ်ပါရသွားနိုင်ပါတယ်။ သက်သာ​ပျောက်ကင်း​အောင် ဘယ်လိုလုပ်ရမလဲ ဗိုက်​အောင့်​စေ​တဲ့အ​ကြောင်းအရင်း​ပေါ်မူတည်ပြီး ကုသဖို့လိုအပ်ပါတယ်။ အိမ်တွင်းကုထုံး ဗိုက်နာသက်သာ​စေတဲ့ အိမ်တွင်းနည်းလမ်းတွေက​တော့ နာ​နေ​တဲ့ဗိုက်​နေရာကို ​ရေ​နွေးအိတ် ဒါမှမဟုတ် ​ရေ​နွေးပုလင်းကပ်ပေးခြင်း၊ ရေ​နွေး​နွေး နဲ့ စိမ်ပြီးရေချိုးပေးခြင်း၊ အရည်များများ​သောက်ပေးခြင်း၊ ​ကော်ဖီ၊လက်ဖက်ရည်၊ အရက် များလျှော့​သောက်ပေးခြင်းအပြင် ကောင်းကောင်း အနားယူပေးပါ။ ဘယ်အခြေအနေမျိုးမှာ ဆရာဝန်ကိုသွား ပြ ရမလဲ ဗိုက်နာတဲ့အခါ နာတဲ့နေရာကဗိုက်ကို ဖိကြည့်တဲ့အခါ မခံမရပ်နိုင်အောင်နာရင်၊ ဖိထားတဲ့လက်ကို လွှတ်လိုက်တဲ့ အခါမှာလည်း နာတာက လျော့မသွားပဲမခံမရပ်နိုင်အောင်နာရင် အရေးတော်တော်ကြီးပါတယ်။ ဆေးရုံတန်းသွားပါ။ အဆက်မပြတ်အန်နေရင် လေမလည် ဝမ်းမသွားဘဲ ဗိုက်ကြီးတောင့်တင်းနေရင်လည်း အရေးကြီးပါတယ်။ ဆေးရုံတန်းသွားပါ။ နောက်ပြီး သာမာန်လေထိုးလေအောင့်တာလောက်နဲ့ ဆေးစားရင် ပျောက်နိုင်ပေမယ့​ တချို့ မမြင်နိုင်တဲ့ အရာတွေရှိတာကြောင့် ချက်ချင်း ဆေးကုသမှု ခံယူသင့်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် မိမိ ဗိုက်အောင့်တာ (၁) ရက်ထက်ကျော်လွန်နေမယ်၊ ဗိုက်ကလည်း နာလိုက်ပျောက်လိုက် မဟုတ်ပဲ ဗိုက်က တစ်ချိန်လုံး မခံမရပ်နိုင်အောင် အောင့်နေမယ်၊ ကိုယ်က လည်း ပူနေမယ်၊ဝမ်းက မဲမဲ တွေ သွားနေမယ်၊ ဝမ်းသွားရင်သွေးပါလာမယ်၊အစားအသောက်တွေပျက်လာပြီး ပျို့ချင်အန်ချင်လာမယ်ဆိုရင် မပေါ့ဆဘဲ နီးစပ်ရာ ဆေးရုံ ဆေးခန်းကို ချက်ချင်း သွားရောက်ကုသမှု ခံယူဖို့ လိုပါတယ်။

Comments
  • အစာအိမ်နာနဲ့ လေထိုးလေနာ ဘယ်လိုခွဲမလဲ - BBC News မြန်မာ 3 years ago
    အစာအိမ်နာနဲ့ လေထိုးလေနာ ဘယ်လိုခွဲမလဲ - BBC News မြန်မာ
    Опубликовано: 3 years ago
    433464
  • 7 tips to relieve menstrual pain (Multi Sub) 2 years ago
    7 tips to relieve menstrual pain (Multi Sub)
    Опубликовано: 2 years ago
    99203
  • ဗိုက်အောင့် ဗိုက်နာ ဂရုစိုက်ပါ 3 years ago
    ဗိုက်အောင့် ဗိုက်နာ ဂရုစိုက်ပါ
    Опубликовано: 3 years ago
    108382
  • လည်ပင်းကျီးပေါင်းကို ဘယ်လို ဂရုစိုက်ရမလဲ? 3 years ago
    လည်ပင်းကျီးပေါင်းကို ဘယ်လို ဂရုစိုက်ရမလဲ?
    Опубликовано: 3 years ago
    133984
  • ဗိုက်အောင့်တာကို ဘယ်လိုကုသမလဲ၊ဘာတွေ ရှောင်ရမလဲ။ 7 months ago
    ဗိုက်အောင့်တာကို ဘယ်လိုကုသမလဲ၊ဘာတွေ ရှောင်ရမလဲ။
    Опубликовано: 7 months ago
    3280
  • မိန်းကလေးတိုင်းဖြစ်တတ်တဲ့ သားဥ အရည်အိတ်တည်တာ ဘာကြောင့်ဖြစ်တာလဲ? 3 years ago
    မိန်းကလေးတိုင်းဖြစ်တတ်တဲ့ သားဥ အရည်အိတ်တည်တာ ဘာကြောင့်ဖြစ်တာလဲ?
    Опубликовано: 3 years ago
    88457
  • ကလေးငယ် ဗိုက်နာရင် အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ အချက် (၅) ချက် 3 years ago
    ကလေးငယ် ဗိုက်နာရင် အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ အချက် (၅) ချက်
    Опубликовано: 3 years ago
    30649
  • ဗိုက်အောင့်၊ဗိုက်နာ၊ရင်ပူ၊ အစာအိမ်ရောဂါ- ဒီဆေးတွေသောက်ပါ  @DrYe- 2 years ago
    ဗိုက်အောင့်၊ဗိုက်နာ၊ရင်ပူ၊ အစာအိမ်ရောဂါ- ဒီဆေးတွေသောက်ပါ @DrYe-
    Опубликовано: 2 years ago
    92717
  • ခါးနာခါးကိုက်တိုင်း ပေါ့ပေါ့မတွေးပါနဲ့ 1 year ago
    ခါးနာခါးကိုက်တိုင်း ပေါ့ပေါ့မတွေးပါနဲ့
    Опубликовано: 1 year ago
    1054
  • အစာအိမ်ကင်ဆာ ရှေ့ပြေးလက္ခဏာများ #stomachcancer #အစာအိမ်ကင်ဆာ #လက္ခဏာ #health #drarthursurgeryvlog 1 year ago
    အစာအိမ်ကင်ဆာ ရှေ့ပြေးလက္ခဏာများ #stomachcancer #အစာအိမ်ကင်ဆာ #လက္ခဏာ #health #drarthursurgeryvlog
    Опубликовано: 1 year ago
    276720

Контактный email для правообладателей: [email protected] © 2017 - 2025

Отказ от ответственности - Disclaimer Правообладателям - DMCA Условия использования сайта - TOS



Карта сайта 1 Карта сайта 2 Карта сайта 3 Карта сайта 4 Карта сайта 5