У нас вы можете посмотреть бесплатно ဝက်လက်မှာ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ဒုရဲအုပ်၊ တပ်ကြပ်ကြီးနဲ့ ပျူ သုံးယောက် သေ၊ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မြို့ရဲ့မြောက်ဘက်မှာ ရှိတဲ့ သခွတ္တောရွာကို ဒီဇင်ဘာ(၂၀)ရက်က စီးနင်းလုယက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သုံးယောက် သေပြီး တစ်ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ - ၀က်လက် ပြန်ကြားရေး တာ၀န်ခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုကို ၀က်လက်မြို့ ပြည့်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်အုပ်စု တပ်ကြပ်ကြီး သန်းနိုင်၊ ဒု-ရဲအုပ်အဆင့် လွင်မိုးအောင်နဲ့ ပျူ သက်ဖြိုးဇော် ဆိုသူတို့ သုံးယောက် သေပြီး ပျူ ငလင်း လက်မှာ ကျည်ထိ ဒဏ်ရာရတယ်လို့ ၀က်လက် ပြည့်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့ ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။ "သတင်းပြန်ရတာကတော့ သုံးယောက် သေပြီးတော့၊ တစ်ယောက် ထိခိုက် ဒဏ်ရာရတယ်လို့ ပြန်ရတယ်။ ရန်သူဘက်က လွင်မိုးအောင်က ဒု-ရဲအုပ်လို့တော့ ပြောတာပဲ။ သေသေချာချာတော့ မသိဘူး။ လွင်မိုးအောင် ဆိုတာကတော့ သေတယ်။ ရာထူးတာ၀န်ကတော့ မသေခြာဘူးပေါ့။ သက်ဖြိုးဇော် ပျူတစ်ယောက် သေတယ်။ သန်းနိုင် စကစ တပ်ကြပ်ကြီး တစ်ယောက် သေတယ်။ ငလင်း ပျူ ကတော့ လက်မောင်း ကျည်ထိမှန်တယ်။ မစိုးရိမ်ရဘူးလို့ သိရတယ်" သခွတ္တောရွာထဲ ဝင်မွှေလုယက် စစ်ကြောင်းထိုးချိန် တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုဟာ ညနေ(၅)ရာရီမှာ ဝက်လက်မြို့ပေါ် ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ဒီဇင်ဘာ(၂၀)ရက်မှာပဲ ဝက်လက်နဲ့ ရွှေဘိုနယ်အစပ်၊ ဟံလင်း မြို့ဟောင်းထဲ စီးနင်းအထိုင်ချ တပ်စွဲနေတဲ့ စစ်အုပ်စုကို ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့နဲ့ Black Wolf Army တို့ ပူးပေါင်းပြီး Drone (ဒရုန်း)နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေအပျောက် ရှိနိုင်ပြီး အသေးစိတ် အတည်မပြုနိုင်သေးလို့ ၀က်လက် ပြည့်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။ “ဟန်လင်းပျူမြို့ဟောင်းမှာ အထိုင်ချထားတဲ့ တပ်က သူတို့ အင်အား (၅၀)၊(၆၀)၀န်းကျင် တော့ ရှိမှာပေါ့။ အဲ့ဒီ တပ်က ဟန်လင်းပျူမြို့ဟောင်းထဲမှာ။ ပြည်သူနေတာ မရှိဘူးဗျ။ သူတို့ ခွေးတွေပဲ နေတာပဲ ရှိတာဆိုတော့ ကျနော်ဆို့ ထိခိုက်ဒဏ်ရာရကိုတော့ စုံစမ်းဖို့ကတော့ ခဲယဉ်းတယ်။ မသိရဘူး။ ကျရောက် ပေါက်ကွဲသွားတဲ့ နေရာကတော့ စခန်းအတွင်းက အန္တရာယ်များတဲ့ နေရာကိုတော့ ကျနော်တို့ ချနိုင်ခဲ့တယ်ပေါ့။ ကျနော်တို့ မြို့နယ်အတွင်းမှာဆိုရင်တော့ သူတို့က သူတို့ လုံခြုံရေးကိုပဲ အဓိက လုပ်ဆောင်တာ တွေ့ရတယ်။ တပ်စခန်း လုံခြုံရေးပေါ့နော့။ အပြင်ကို ထွက်ပြီး စစ်ကြောင်းထိုးတာမျိုးလည်း နည်းနည်းတော့ ကျဲသွားပြီပေါ့။ ကျနော်တို့ ရွှေပန်းကုံး ရဲစခန်း သိမ်းတယ်။ သိမ်းလိုက်တဲ့ နောက်ပိုင်းမှာ ကျနော်တို့ မြို့နယ်အတွင်းမှာ စစ်ကြောင်း တစ်ကြောင်း ထိုးလာတယ်။ ရွှေပန်းကုံး နယ်မြေရဲစခန်းဘက်ကို။ အဲ့စစ်ကြောင်းကလည်း ရွှေပန်းကုံး အထိ မရောက်လိုက်ဘူး။ ပြန်ခေါက်သွားတယ်။ အဲ့စစ်ကြောင်းနောက် ၀က်လက်မြို့နယ်မှာ မရှိသေးဘူး" ၀က်လက်မြို့နယ် အတွင်းမှာတော့ တော်လှန်ရေး အင်အားစုတွေက ရွှေပန်းကုံး ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက် ထားပါတယ်။ စစ်ကိုင်းတိုင်း အတွင်းမှာတော့ တော်လှန်ရေး တပ်ဖွဲ့တွေက ခမ်းပါတ်မြို့၊ ကောလင်းမြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့တွေကို တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။ #Mandalay_Free_Press_MFP