У нас вы можете посмотреть бесплатно " အန္တရာယ်နဲ့ လှပမှု့ ရောထွေးနေတဲ့နေရာ " или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
" အန္တရာယ်နဲ့ လှပမှု့ ရောထွေးနေတဲ့နေရာ " - - - - - - - 🚂 🇻🇳 - - - - - - - - 🚂 လူနေအိမ်တွေနဲ့ အရမ်းကိုမှ တော်တော်လေးကို နီးကပ်လွန်းပြီး နေ့စဉ် ရထားတွေ ၂ခေါက်လောက် ဖြတ်သန်းသွားတတ်တဲ့ ဒီနေရာဟာ ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့က ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာ တည်ရှိပါတယ်။ လုံခြုံရေးအကြောင်းပြချက်၊ မကြာခဏ ထိခိုက်ဒဏ်ရာရရှိမှု့တွေ၊ အန္တရာယ်ရှိတာရောကြောင့် ဒီလမ်းကို 2022 ခုနှစ်မှာ လည်ပတ်သွားလာခွင့် လုံးဝပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် 2023 မှာ ပြန်ဖွင့်ပေးပြန်ပါတယ်။ ဒေသခံတွေရဲ့ ပြောစကားအရ မကြာခဏ ပိတ်လိုက်ဖွင့်လိုက်ပါပဲတဲ့။ 🚂 ရထားမလာခင်ဆိုရင် ဒီလမ်းက ပုံမှန်ဘဝတစ်ခုကို ဖြတ်သန်းနေသလိုပါပဲ။ ဗီယက်နမ် စတိုင်လ် ကော်ဖီဆိုင်လေးတွေကနေ သင်းပျံ့လာတဲ့ egg coffee (ကြက်ဥကော်ဖီ = ကြက်ဥအစိမ်းထည့်ဖျော်ထားတဲ့ ဗီယက်နမ်ကော်ဖီ) အနံ့သင်းသင်းလေးတွေ၊ ရယ်သံတွေ ပျော်ရွှင်သံတွေနဲ့ ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်တစ်ခုပါပဲ။ တစ်ချို့က ဖုန်းနဲ့ဓါတ်ပုံရိုက်နေကျ၊ တစ်ချို့က ပန်းကန်တွေဆေး၊ အဝတ်လှမ်းတဲ့သူကလှမ်းနဲ့ သာမာန်ပါပဲ။ 🚂 ရထားလာပြီဆိုရင်တော့ အကုန်လုံးရပ်တန့်သွားကြပါတယ်။ လမ်းပေါ်ကစားနေတဲ့ ကလေးတွေကို မိဘတွေက လှမ်းဆွဲခေါ်သွားသလို၊ အစာစားနေတဲ့ လမ်းဘေးခွေးကလေးတစ်ချို့လည်း ထိတ်လန့်ပြီး ထွက်ပြေးသွားတတ်ပါတယ်။ ဒါကတော့ train street ရဲ့ နေ့စဉ်ဘဝပါ။ တစ်ချိုအဘိုးအဘွားတွေလည်း ဒီရထားလမ်းဘေးမှာပဲ လူငယ်ဘဝကို ဖြတ်သန်းခဲ့ကြပါတယ်။ Train Street က ရထားလာပြီးရင် မိနစ်အနည်းငယ်အတွင်း လူတွေပြန်စည်ကားလာမယ်။ ပုံမှန်ဘဝကို ပြန်ဝင်ကြမယ်။ ဒါက တကယ့်ဘဝနဲ့ တူပါတယ်။ အန္တရာယ်နဲ့ အနာဂတ်ကို ထိတွေ့ရတဲ့နေရာ တစ်ခုလိုပေါ့။ 🚂 ဒေသခံမဟုတ်တဲ့ ခရီးသွားအများစုကတော့ ဘာမှမသိသလို ပျော်ရွှင်အော်ဟစ်ရင်း ဓါတ်ပုံ၊ ဗီဒီယိုတွေ ရိုက်နေကြတာပေါ့။ အန္တရာယ်ကကတော့ လက်တစ်ကမ်းမဟုတ်တဲ့ မျက်တောင်တစ်ဖျားမှာတင် ရှိနေဆဲပါပဲ။ အလွန်နီးကပ်ပြီး အရှိန်နဲ့ ဖြတ်မောင်းသွားတဲ့ ရထားရဲ့ လေဆွဲအားကိုလည်း သတိပြုနေကြရမှာပါ။ အပျော်ကနေ အပျက်မဖြစ်ဖို့ပေါ့လေ။ 🚂 ကဲအခုတော့ BurmaRoo နဲ့အတူတူ ရထားလမ်းတစ်လျှောက်ကို လမ်းလျှောက်ရင်း၊ ကော်ဖီဆိုင်လေးထဲမှာ အတူတူထိုင်ရင်း၊ ကိုယ်ထိုင်နေတဲ့နေရာနဲ့ ၃-၄ပေပဲ ကွာတဲ့နေရာမှာ အရှိန်ပြင်းပြင်းနဲ့ ရထားကြီး ခုတ်မောင်းလာတဲ့ အသည်းယားစရာ အတွေ့အကြုံတစ်ခု၊ ဘဝရဲ့ အမှတ်တရအချိန်တစ်ခု၊ ပျော်ရွှင်ကြည်နူးစရာတစ်ခု ရောပြွန်းနေတဲ့ ခံစားချက်တစ်ခုကို …. လူနေရပ်ကွက်လား? ရထားလမ်းလား? မသဲကွဲတဲ့ နေရာတစ်ခုမှာ ထုံးစံအတိုင်း အာလူးဖုတ်ရင်း အလွဲတွေ လုပ်ကြရင်း အတူတူလိုက်ပါ စီးမျောခံစားကြည့်ကြပါဦးခင်ဗျာ။ 🚂 အရေးကြီးတာ ပြောဖို့မေ့နေတယ်။ အဲ့ဒီ့ Train Street ကို နှစ်ခါပြန် သွားလိုက်ရပါသေးတယ်။ ဘယ်လိုအလွဲတွေကြောင့်လဲ ဆိုတာကိုတော့ Vlog ထဲမှာ ဆက်လက်ကြည့်ရှု့ပေးပါဦး ခင်ဗျာ။ #BurmaRoo #TrainStreetHanoi #Vietnam #BackStreetVibe #LocalLifeVietnam #StreetTravel #DangerousButBeautiful #ExploreHanoi #HanoiVibe #CreativeVlogger #VietnamTrainStreet #MyanmarVlogger