У нас вы можете посмотреть бесплатно #Clean_and_Green_School или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နှစ်စဉ် ဇွန်လ(၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်း အနားတွင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ Clean and Green Schools Award ဆုချီး မြှင့်နိုင်ရေးအတွက် ယမန်ဆုရွေးချယ်ရေးကော်မတီအဖွဲ့မှ ကျောင်းများအား သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြရပါသည်။ ထိုသို့စစ်ဆေးရာတွင် ခရိုင်ပညာရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန တို့ပါဝင်သည့် ကော်မတီဝင်များက ဆုရွေးချယ်နိုင်ရေးအတွက် အခြေခံပညာ ကျောင်းများ သို့ သွားရောက်စစ်ရ ပါသည်။ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ ဆရာများနှင့် ကျောင်းသားများနှင့်တွေ့ဆုံပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ Clean and Green Schools Award ဆုချီး လျှောက်ထားရာတွင် သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ချက်နှင့် အညွှန်းကိန်း(၁၇)ချက်ဖြင့်သာ ဆုရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားရပါသည်။ ယင်းနောက် ဆုရွေးချယ်ရေးကော်မတီဝင်များက ၎င်းကျောင်း၌ မိဘ၊ ဆရာ၊ ကျောင်းသားများနှင့် ရပ်ရွာဥက္ကဋ္ဌ၊ ရပ်ရွာလူထုများပါဝင်သည့် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကော်မတီ (G&C School Committee) ဖွဲ့စည်းထားခြင်း ရှိ/မရှိ၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် သတ်မှတ်ထားသော အခြေခံစံနှုန်း(၄)ချက်၊ အညွှန်းကိန်း(၁၇)ချက်နှင့်အညီကျောင်း၏ အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းအစီအစဉ် များ(Action Plan) နှစ်အလိုက်ရေးဆွဲ ချမှတ်ထားခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ရေးဆွဲထားသော ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လိုက်နာရမည့် ဆောင်ပုဒ်၊ ပန်းချီ၊ ကဗျာနှင့် ကာတွန်းတို့ကိုရေးဆွဲကာ အခန်းလိုက်/အတန်းလိုက် (Notice Board)ဖြင့် ပြသထားခြင်း ရှိ/မရှိ၊ ဆရာ/ ဆရာမများက အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်နှင့် နှီးနွယ်သည့်အသိပညာပေးစာအုပ်များကို အသုံးပြု၍ ပတ်ဝန်းကျင် ထိန်းသိမ်းမှုသဘော တရားများမျှဝေပေးခြင်း ရှိ/မရှိ၊ ကျောင်းသား၊ ကျောင်းသူများမှ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လက်တွေ့လုပ်ငန်းများကို နေ့စဉ်(သို့)အပတ်စဉ်(သို့)လစဉ် အတန်းလိုက်လုပ်ဆောင်ခြင်း ရှိ/မရှိ၊ အစရှိသည့် သတ်မှတ်ထားသည့် အခြေခံစံနှုန်း(၄)ချက်၊ အညွှန်းကိန်း (၁၇)ချက် နှင့်အညီ ကိုက်ညီမှု ရှိ/မရှိတို့အား ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့ကြရာ ကျောင်းအုပ်ကြီးဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များက မိမိတို့ကျောင်းများတွင် ဆောင်ရွက် ထားရှိမှုအခြေအနေများအား လိုက်လံပြသကြသည်။ ယင်းသို့ ကွင်းဆင်းအကဲဖြတ်စစ်ဆေးခဲ့သည့်ရလဒ်များအပေါ်မူတည်၍ အထက်တန်းအဆင့် ကျောင်းတစ်ကျောင်းနှင့် မူလတန်းအဆင့်ကျောင်းတစ်ကျောင်းအား ဆုစိစစ်ရွေးချယ်ရေး အဖွဲ့မှဆုရွေးချယ်ကာ ဆုရကျောင်းများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များက ကျင်းပပြုလုပ်မြဲဖြစ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် Clean and Green Schools Award ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ #cleaningmotivation #cleanandgreen #cleanandgreenschool #school #စနစ်သစ် #ပညာရေး #education #educationalvideos #သင်ရိုးသစ် #EDUCATION CHANNEL @educationchannel2019 / @educationchannel2019 https://sites.google.com/view/educati... https://t.me/EducationalChannelMM