У нас вы можете посмотреть бесплатно ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဒုတိယအကြိမ် သွားရောက်လှူဒါန်းခြင်း။ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ငလျင်ဘေးသင့်ပြည်သူများအတွက် 𝐅𝐀𝐌𝐄 မိသားစုနှင့် မိတ်ဆွေများမှ ဒုတိယအကြိမ် သွားရောက် လှူဒါန်းခဲ့သည့် ခရီးစဉ်မှတ်တမ်း။ ဒုတိယအကြိမ် ငလျင်ဘေးလှူဒါန်းမှုအနေနဲ့ 𝐅𝐀𝐌𝐄 မိသားစုနှင့် မိတ်ဆွေများမှ အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရသောဒေသများထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ရမည်းသင်းမြို့နယ်ကို သွားရောက် လှူဒါန်း ခဲ့ပါတယ်။ ဆရာနဲ့မမတို့၏လမ်းညွှန်မှုဖြင့် 𝐅𝐀𝐌𝐄 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 𝐓𝐚𝐬𝐤 𝐅𝐨𝐫𝐜𝐞 (𝐅𝐕𝐓𝐅) အဖွဲ့သားတို့က အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့သော ရမည်းသင်းမြို့ပေါ်နှင့် အနီးတဝိုက်တွင်ရှိသော ကျေးရွာစုများဖြစ်သည့် ကျောက်ဖြူကုန်းကျေးရွာ၊ မြို့လှကျေးရွာ၊ သီးကုန်းကျေးရွာ၊ ပင်းဆု တောင်ကျေးရွာ၊ ပင်းဆု မြောက်ကျေးရွာ၊ ပဲ့ဆည်ကျေးရွာ နဲ့ ရွာတန်းကျေးရွာများရှိ အိမ်ထောင်စု (၁၀၀) စာကို သောက်ရေသန့်ရရှိရေးအခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် မြေရေစစ်အိုးများအပါအဝင် လိုအပ်တဲ့ အသုံးအဆောင်၊အစားအသောက်များ တစ်အိမ်ထောင်စီအတွက် စုစုပေါင်း ပစ္စည်း (၂၈) မျိုးနဲ့ ငွေသားကျပ် (၁) သိန်းစီ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ယခုလို အလှူဖြစ်မြောက်လာဖို့ အစလယ်အဆုံး လမ်းပြဦးဆောင်ပေးခဲ့တဲ့ ဆရာဒေါက်တာခင်မောင်လွင်၊ မမဒေါက်တာခင်ခင်ဌေး၊ အလှူငွေနဲ့ ပစ္စည်းများ ထည့်ဝင် လှူဒါန်းကြတဲ့ ဆရာ၊ မမတို့ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက် ညီအကိုမောင်နှမတွေ၊ အထူးသဖြင့် ခက်ခဲပင်ပန်းသော်လည်း တစ်ချက်မငြီးငြူဘဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းပေးတဲ့ 𝐅𝐕𝐓𝐅 အဖွဲ့သားတွေ၊ လှူဒါန်းမှု အဆင်ပြေ ချောမွေ့စေရန်နှင့် အမှန်တကယ်ဒုက္ခရောက်နေသူများလက်ထဲကို အလှူပစ္စည်း တိုက်ရိုက် ရောက်ရှိအောင် စေတနာဖြင့် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ရမည်းသင်းမြို့မှ ဒေါက်တာအောင်ကျော်သွင်၊ မသူသူငြိမ်းချမ်း တို့နဲ့ အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးကြသူများ အားလုံးကို ဒီနေရာလေးကနေ ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။ ဒီအလှူလေးဟာဆိုရင် ကျွန်တော်ကျွန်မတို့ရဲ့ 𝐅𝐀𝐌𝐄 ဆေးဝါးတွေကို ဝယ်ယူအားပေးလျက်ရှိကြတဲ့ မိဘပြည်သူတွေရဲ့ အထောက်အပံ့တွေကြောင့်သာ ဖြစ်မြောက်လာနိုင်တာမို့ မိဘပြည်သူတွေ အားလုံးကိုလည်း 𝐅𝐀𝐌𝐄 ဆေးဝါးမိသားစုကနေ အထူးပင် ကျေးဇူးတင်ရှိရပါကြောင်း ပြောကြားလိုပါတယ်။ နောက်ထပ်လည်း ငလျင်ဘေးသင့် ပြည်သူများရဲ့ ပြန်လည်ထူထောင်ရေးတွေမှာ 𝐅𝐀𝐌𝐄 ဆေးဝါးမိသားစုမှ ဆက်လက်ပြီး ပါဝင်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်။ သတ္တဝါအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးချမ်းသာကြပါစေ…