У нас вы можете посмотреть бесплатно ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဆို или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မတ်လ ၁၁ ရက်။ နိုင်ငံတော်အတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒေသနဲ့နိုင်ငံတော်အကျိုးကိုသာ ဦးတည်ပြီး ဖြစ်နိုင်တာတွေကိုသာ တောင်းဆိုသွားကြဖို့လိုအပ်တယ်လို့ အာဏာသိမ်းစစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ၁၀ရက်က ပြုလုပ်တဲ့ ၂၀၂၁ခုနှစ်မှ ၂၀၂၅ခုနှစ်အတွင်း နိုင်ငံတော်အစိုးရဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းမှုမရှိရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ဖို့ များစွာအခက်အခဲရှိနေဦးမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ ဖော်ဆောင်ကြရမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၈၉ကြိမ်၊ NCAလက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ၂၅ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့ ၂၂ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေနဲ့ ၁၃ကြိမ် စုစုပေါင်း ၁၄၉ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလိုဆွေးနွေးတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်တွေ၊ ဒေသနဲ့တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့အချက်တွေကို အကျေအလည်ဆွေးနွေးနိုင်ခဲ့သလို ဒီအချက်တွေကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးသွားရမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ၁၉၉၁ခုနှစ် အမျိုးသားညီလာခံက စတင်အခြေပြုရေးဆွဲတာဖြစ်တဲ့အတွက် အခုခေတ်စနစ်နဲ့အညိ ပြုပြင်ဖို့တွေရှိနိုင် ကြောင်း၊အခြေခံဥပဒေဟာ ခိုင်မာမှုရှိရင် ပိုမိုကောင်းမွန်တဲ့အတွက် ဥပဒေရေးဆွဲရာမှာ အရှည်မျှော်တွေးပြီး ဘက်ပေါင်းစုံကစဉ်းစားရေးဆွဲဖို့လိုသလို တခြားအဓိကကျတဲ့ ဥပဒေတွေ ရေးဆွဲရာမှာလည်း အဲဒီအချက်ဟာ အရေးပါတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။ မိမိတို့အစိုးရအဖွဲ့အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်ကာလအတွင်း အခက်အခဲအကြပ်အတည်းပေါင်းစွာကို ကြံ့ကြံ့ခံပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ခဲ့ကြတာဖြစ်သလို နောင်လာမဲ့အစိုးရအနေနဲ့ အခုလိုအခက်အခဲတွေ ကြုံတွေ့မှုမရှိစေရေး စနစ်တကျလွှဲပြောင်းပေးသွားကြဖို့လို ကြောင်း၊အခုအစိုးရလက်ထက်မှာဆောင်ရွက်ခဲ့တဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို လာမဲ့အစိုးရသစ်ကို လက်ဆင့်ကမ်းပေးရမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။