У нас вы можете посмотреть бесплатно တရုတ်နိုင်ငံက အစိုင်အခဲလောင်စာသုံး ဒုံးပျံ ထုတ်လုပ်ရေးစခန်းသစ် တည်ဆောက်မည် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
တရုတ်နိုင်ငံက အစိုင်အခဲလောင်စာသုံး ဒုံးပျံ ထုတ်လုပ်ရေးစခန်းသစ် တည်ဆောက်မည် ဆန်းတုန်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် တည်းဖြတ်/စုဝင့် တရုတ်နိုင်ငံ အရှေ့ပိုင်းဆန်းတုန်းပြည်နယ် ဟိုင်ရန် မြူနီစပယ် အစိုးရနှင့် တရုတ် ဒုံးပျံထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် China Rocket Co., တို့ပူးပေါင်းကာ ဧရိယာ ၁၆၃ ဟက်တာ အကျယ်ရှိ အစိုင်အခဲလောင်စာသုံး ဒုံးပျံ ထုတ်လုပ်ရေးစခန်းသစ်တည်ဆောက်ရန် သဘောတူ စာချုပ်အားလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ အဆိုပါ စခန်းတည်ဆောက်ပြီးစီးပါက Smart Dragon အမျိုးအစား သယ်ဆောင်ရေးဒုံးပျံများအပါအဝင် အစိုင်အခဲလောင်စာသုံး ဒုံးပျံ အစင်းပေါင်း ၂၀ ခန့်ကို နှစ်စဉ်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ ဒုံးပျံထုတ်လုပ်ရေးစခန်းသည် ဒုံးပျံများ တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းနှင့် ပြည်တွင်းနှင့်ပြည်ပ အာကာသ ကုမ္ပဏီများအတွက် ပင်လယ်ပြင်မှ ဒုံးပျံလွှတ်တင်ခြင်း စသည်တို့ကိုလည်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ပြီး ၎င်းမှာ ဟိုင်ရန်မြို့တွင် လက်ရှိတည်ဆောက်နေသည့် အာကာသပူးပေါင်းဆောင်ရွက်မှု စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ တရုတ်ယွမ်ငွေ ၂၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံကျော်) ရှိကြောင်း သိရသည်။ အာကာသပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွင် အာကာသ စက်မှုဥယျာဉ်၊ ပင်လယ်မှ ဒုံးပျံများလွှတ်တင်နိုင်သည့် ကိုယ်ပိုင်ဆိပ်ကမ်းတစ်ခုနှင့် အာကာသဆိုင်ရာလေ့လာရေးလုပ်ငန်းများအား ခရီးသွားများလေ့လာနိုင်မည့် အပန်းဖြေဥယျာဉ်တစ်ခုတို့ပါဝင်သည်။ လက်ရှိအချိန်တွင် ဟိုင်ရန်ဆိပ်ကမ်းရှိ ပင်လယ်ပြင်မှ ဒုံးပျံနှစ်စင်း အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua) #productionbase #solidrockets #haiyan #Xinhua #ဒုံးပျံထုတ်လုပ်ရေးစခန်း #အစိုင်အခဲလောင်စာသုံးဒုံးပျံ #ဟိုင်ရန် #ဆင်ဟွာ ....................... (Zawgyi version) တ႐ုတ္ႏိုင္ငံက အစိုင္အခဲေလာင္စာသုံး ဒုံးပ်ံ ထုတ္လုပ္ေရးစခန္းသစ္ တည္ေဆာက္မည္ ဆန္းတုန္း၊ ဒီဇင္ဘာ ၉ ရက္ (ဆင္ဟြာ) ဘာသာျပန္ ႏွင့္ တည္းျဖတ္/စုဝင့္ တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္းဆန္းတုန္းျပည္နယ္ ဟိုင္ရန္ ျမဴနီစပယ္ အစိုးရႏွင့္ တ႐ုတ္ ဒုံးပ်ံထုတ္လုပ္ေရးလုပ္ငန္းျဖစ္သည့္ China Rocket Co., တို႔ပူးေပါင္းကာ ဧရိယာ ၁၆၃ ဟက္တာ အက်ယ္ရွိ အစိုင္အခဲေလာင္စာသုံး ဒုံးပ်ံ ထုတ္လုပ္ေရးစခန္းသစ္တည္ေဆာက္ရန္ သေဘာတူ စာခ်ဳပ္အားလက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။ အဆိုပါ စခန္းတည္ေဆာက္ၿပီးစီးပါက Smart Dragon အမ်ိဳးအစား သယ္ေဆာင္ေရးဒုံးပ်ံမ်ားအပါအဝင္ အစိုင္အခဲေလာင္စာသုံး ဒုံးပ်ံ အစင္းေပါင္း ၂၀ ခန႔္ကို ႏွစ္စဥ္ထုတ္လုပ္ေပးႏိုင္မည္ျဖစ္ေၾကာင္း ကုမၸဏီက သတင္းထုတ္ျပန္သည္။ ဒုံးပ်ံထုတ္လုပ္ေရးစခန္းသည္ ဒုံးပ်ံမ်ား တပ္ဆင္ျခင္း၊ စမ္းသပ္ျခင္းႏွင့္ ျပည္တြင္းႏွင့္ျပည္ပ အာကာသ ကုမၸဏီမ်ားအတြက္ ပင္လယ္ျပင္မွ ဒုံးပ်ံလႊတ္တင္ျခင္း စသည္တို႔ကိုလည္းေဆာင္႐ြက္ေပးႏိုင္မည္ျဖစ္ ၿပီး ၎မွာ ဟိုင္ရန္ၿမိဳ႕တြင္ လက္ရွိတည္ေဆာက္ေနသည့္ အာကာသပူးေပါင္းေဆာင္႐ြက္မႈ စီမံကိန္း၏ အစိတ္အပိုင္းတစ္ခုလည္းျဖစ္သည္။ စီမံကိန္း၏ ရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုးမွာ တ႐ုတ္ယြမ္ေငြ ၂၃ ဘီလီယံ(အေမရိကန္ေဒၚလာ ၃.၅ ဘီလီယံေက်ာ္) ရွိေၾကာင္း သိရသည္။ အာကာသပူးေပါင္းေဆာင္႐ြက္မႈ စီမံကိန္းတြင္ အာကာသ စက္မႈဥယ်ာဥ္၊ ပင္လယ္မွ ဒုံးပ်ံမ်ားလႊတ္တင္ႏိုင္သည့္ ကိုယ္ပိုင္ဆိပ္ကမ္းတစ္ခုႏွင့္ အာကာသဆိုင္ရာေလ့လာေရးလုပ္ငန္းမ်ားအား ခရီးသြားမ်ားေလ့လာႏိုင္မည့္ အပန္းေျဖဥယ်ာဥ္တစ္ခုတို႔ပါဝင္သည္။ လက္ရွိအခ်ိန္တြင္ ဟိုင္ရန္ဆိပ္ကမ္းရွိ ပင္လယ္ျပင္မွ ဒုံးပ်ံႏွစ္စင္း ေအာင္ျမင္စြာလႊတ္တင္ႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။ (Xinhua) #productionbase #solidrockets #haiyan #Xinhua #ဒုံးပ်ံထုတ္လုပ္ေရးစခန္း #အစိုင္အခဲေလာင္စာသုံးဒုံးပ်ံ #ဟိုင္ရန္ #ဆင္ဟြာ