У нас вы можете посмотреть бесплатно ကျည်ဝယ်ဖို့အတွက် ရဲဘော်တွေ ပဲခွဲစက်ငှားပြီး ပဲခွဲကာ ကျည်ဖိုးရှာနေ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ကျည်ဝယ်ဖို့အတွက် ရဲဘော်တွေ ပဲခွဲစက်ငှားပြီး ပဲခွဲကာ ကျည်ဖိုးရှာနေ ပခုက္ကူ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၄။ မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် THU RAIN - TR တပ်ဖွဲ့အနေနဲ့ ရှေတန်းရဲဘော်တွေ ကျည်အခက်အခဲမဖြစ်အောင် နောက်တန်းကျန် ရဲဘော်တွေက ကျည်ဝယ်ဖို့အတွက် ပဲခွဲစက်ငှားပြီး ပဲခွဲကာ ကျည်ဖိုးရှာနေရတယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီက သိရပါတယ်။ ပခုက္ကူမြို့နယ်တဝိုက်မှာ စစ်ကောင်စီကို တော်လှန်နေတဲ့ THU RAIN - TR တပ်ဖွဲ့အနေနဲ့ အောက်တိုဘာလ ကတည်းကစကာ ပဲလုပ်ငန်းရှင်တဦးဆီက ပဲခွဲစက်ကိုငှားပြီး မြေပဲအပါအဝင် ပဲမျိုးစုံခွဲပြီး ငွေရှာနေရတယ်လို့ THU RAIN - TR တာဝန်ခံ ကိုသူရိန်က ပြောပါတယ်။ ပဲခွဲစက်ငှားရမ်းခကိုတော့ ၃ လလောက်ကြာမှ ပေးဆောင်ရမှာဖြစ်ပြီး ရဲဘော်တွေ ပဲခွဲခ တနေ့ကို ၈ သောင်းလောက်ရသလို တခါတလေ ၁ သိန်းလောက်လည်း ရတယ်လို့ သိရပါတယ်။ THU RAIN - TR တပ်ဖွဲ့ဟာ တော်လှန်ရေးကာလအစပိုင်းကတည်းက မကွေးတိုင်း ပတ်ခြာလည်ရွာတွေက လှူဒါန်းတဲ့ငွေအပြင် နိုင်ငံခြားက လှူဒါန်းတဲ့ငွေနဲ့ ရဲဘော်တွေရဲ့ ပိုင်ဆိုင်တဲ့ အိမ်ခြံတွေရောင်းပြီး ရပ်တည်နေတာလို့ ဆိုပါတယ်။ လက်ရှိ ပခုက္ကူနယ်မှာ စစ်ကောင်စီစစ်ကြောင်းမထိုးတာ ၁ နှစ်ကျော်ကြာပြီဖြစ်ကာ THU RAIN - TR တပ်ဖွဲ့အနေနဲ့ ယခင်က ဒရုန်းစစ်ဆင်ရေးတွေသာ အဓိကဖော်ဆောင်ရာကနေ ယခုအခါမှာတော့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတယ်လို့ သိရပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #ပခုက္ကူ #ကျည်အခက်အခဲ #ပဲခွဲ #ငွေရှာ #RAIN_TR