У нас вы можете посмотреть бесплатно ကောလင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းမှ စစ်ရှောင်တွေ ဆန်နှင့် စားစရာ အကူအညီလိုအပ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ကောလင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းမှ စစ်ရှောင်တွေ ဆန်နှင့် စားစရာ အကူအညီလိုအပ် ကောလင်း၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက စစ်ဘေးရှောင်တွေဟာ နေရပ်စွန့်ခွာလာတာ ၁ နှစ်ကျော်လာပြီဖြစ်သလို ယခုအခါ အစားအသောက်ပိုင်းမှာ အကူအညီတွေလိုအပ်နေပါတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေဟာ ကြုံရာကျပန်းအလုပ်မျိုးတွေ လုပ်ကိုင်ကြပေမယ့် အလုပ်အကိုင် ရှားပါးနေတာကြောင့် အများစုက အလုပ်မရှိဘဲ စားဝတ်နေရေး အခက်အခဲတွေရှိနေတာလို့ ပြည်သူမှ ပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီးက ပြောပါတယ်။ "မြို့ကိုစွန့်ခွာလာတာ ၁ နှစ်ကျော်ကြာလာပြီဆိုတော့ တချို့အလုပ်အကိုင်နဲ့ အရင်းအနှီးတွေပါလာတော့ အဆင်ပြေကြတယ်။ တချို့ကျတော့လည်း အဝတ်တထည်ကိုယ်တခုနဲ့ ထွက်လာကြရတာ ဘာမှမရှိတော့ တော်တော်လေးခက်ခဲကြတယ်။ အများစုကတော့ ကြုံရာကျပမ်းလုပ်ကြရတာပေါ့"။ ဖေဖော်ဝါရီ ၁၇ ရက်က ပြည်ပရောက် အလှူရှင် ၁ ဦး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကောလင်းအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင် အိမ်ထောင်စု ၁၃၀ အတွက် ကျပ် ၁၀ သိန်းဖိုး ဆန်နဲ့ငါးခြောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပြည်ပရောက်အလှူရှင်ရဲ့ အလှူငွေထဲက စစ်ရှောင်အိမ်ထောင်စု ၁ စုကို ကျပ် ၁ သောင်းနှုန်းနဲ့ အိမ်ထောင်စု ၁၀၀ အတွက် ပေးဝေခဲ့တာဖြစ်ပြီး ကျန်တဲ့အိမ်ထောင်စု ၃၀ အတွက်ကိုတော့ ပြည်သူမှ ပြည်သူသို့အဖွဲ့က ဖြည့်စွက်ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။ သတင်း - ဒိန်းဂျား၊ တည်းဖြတ် - ငြိမ်းဇော် #မြေလတ်အသံ #ကောလင်း #အရှေ့ခြမ်း #အနောက်ခြမ်း #စစ်ရှောင် #အကူအညီလိုအပ်