У нас вы можете посмотреть бесплатно စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံရတဲ့ သက်သေမှတ်တမ်း ထွက်ပေါ်လာ (ရုပ်/သံ) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံရတဲ့ သက်သေမှတ်တမ်း ထွက်ပေါ်လာ (ရုပ်/သံ) ဇော်မြတ်ခန့်၊ မေ ၁၀၊ ၂၀၂၄ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် ခလရ ၁၃၄ နဲ့ ၁၃၅ တပ်ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ရဲ့ Mi 17 ရဟတ်ယာဥ် ပစ်ချခံရပြီးတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး အတည်ပြုချက်အချို့ကို ဧရာဝတီက ရရှိထားပါတယ်။ မေလ ၆ ရက်နေ့က ဖားဆောင်းမြို့နယ် ခလရ ၁၃၄ ကို စစ်ကောင်စီက ရိက္ခာလာပို့တဲ့ အချိန် ပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် ဘော်လခဲက တပ်စခန်းကို ပျံသန်းရင်း လမ်းမှာ ပျက်ကျခဲ့တာလို့ ကရင်နီတပ်မတော် (KA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဘုန်းနိုင်က အတည်ပြုပြောဆိုပါတယ်။ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်မှာ စစ်ကောင်စီတပ်သား ၁၁ ဦးပါဝင်ပြီး ၈ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဖော်ထုတ်စုံစမ်းနေတဲ့ Myanmar Witness အဖွဲ့အနေနဲ့လည်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာကို တည်နေရာအတည်ပြုစစ်ဆေးခြင်းဆိုင်ရာပညာရပ်တွေနဲ့ ခြေရာခံနိုင်ခဲ့တယ်လို့ ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။ This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic. ----------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR