У нас вы можете посмотреть бесплатно Khit Thit Morning News | January 31, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂတရားရုံး ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာနှစ်နိုင်ငံကြား ရိုဟင်ဂျာအရေး အမှုကို အပြီးသတ်လျှောက်လှဲချက်တွေ ပြီးသွားတာကြောင့် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှု ရှိ၊ မရှိ ဆုံးဖြတ်ဖို့အချိန်ရောက်ရှိလာပါပြီ။ ICJ တရားသူကြီးတွေက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့လား၊ မကျူးလွန်ခဲ့လားဆိုတာကို ဆုံးဖြတ်ရမယ့် အရေးပါဆုံးစီရင်ချက်ကို စီရင်ဆုံးဖြတ်ရမယ့်အဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ပြန်လည်စစ်တင်လိုက်ပြီး စစ်တပ်ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိထားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသက ဟဲပါးကျေးရွာကို KIA ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်လိုက်ပြီး SNA နဲ့ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားကာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ အီရန်နိုင်ငံက အမေရိကန်နဲ့ တရားမျှတတဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေအောက်မှာတော့ မဆွေးနွေးနိုင်ဘူးလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး က ပြတ်ပြတ်သားသား ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။