У нас вы можете посмотреть бесплатно Typeမတူတဲ့ ချစ်သူနှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်ဖို့ ဘာတွေသိထားရမလဲ။ |Relationship Myanmar или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဒီနေ့ကတော့ Relationshipနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Typeမတူတဲ့ Partnerနှစ်ဦးက ပျော်ရွှင်ကောင်းမွန်တဲ့Relationshipကိုဘယ်လိုကောင်းမွန်အောင် တည်ဆောက်ရမလဲဆိုတဲ့မေးခွန်းလေးကိုပြောပြပေးသွားပါမယ်။ကျွန်တော်တို့သိထားဖို့လိုအပ်တာက ချစ်သူရည်းစားရွေးတဲ့အချိန်မှာတော်တော်များများကTypeတူတာမျိုးကိုရွေးချယ်တတ်ကြတယ်။ဒီအချက်ကိုကိုယ်တိုင်လည်းလုပ်ခဲ့ကောင်းလုပ်ခဲ့ဖူးလိမ့်မယ်။ တစ်ခုသိလာတာက ခြောက်လကျော်၊တစ်နှစ်ဝန်းကျင်လောက်မှာ Typeတူတဲ့လူတွေက typeမတူတော့ဘူးဆိုတာကို သတိထားမိလာလိမ့်မယ်။ဘာလို့လဲဆိုတော့ လူတွေကRelationshipစတဲ့အချိန်မှာ တူတဲ့အရာကိုကြိုက်တတ်ကြတယ်။အဲ့ဒါကိုလူတွေကသိတဲ့အတွက် မတူရင်တောင်မှတူအောင်လိုက်လုပ်တယ်။ဥပမာ သူကရှမ်းခေါက်ဆွဲစားရင် ကိုယ်ကလည်းရှမ်းခေါက်ဆွဲကိုမစားချင်ပေမဲ့ လိုက်စားလိုက်တယ်။သူRestaurantသွားရင်ကိုယ်ပါလိုက်ထိုင်ပေးလိုက်တာမျိုးစတဲ့အရာလေးတွေကိုတူအောင်လိုက်လုပ်နေကြလို့ပါ။ ခြောက်လကျော်တစ်နှစ်လောက်ကြာတဲ့အခါမှာတော်တော်များများဟန်ဆောင်မနေနိုင်တော့ဘဲပုံမှန်အတိုင်းပြန်နေလာတတ်ကြပါတယ်။အကယ်၍ Typeတူတယ်လို့ခံစားမိနေတဲ့ဆိုရင်လည်း တစ်ချို့နေရာတွေမှာမတူနိုင်ဘူးဆိုတာခံစားမိလာပါလိမ့်မယ်။ Type မတူတဲ့လူတွေရေရှည်လက်တွဲတော့မယ်ဆိုရင် နံပါတ်တစ်အနေနဲ့သိထားရမှာ ကိုယ်ရောသူရောလုပ်လို့ရမယ့် Common Groundရှာထားပါ။သူနဲ့ကိုယ်နဲ့လက်တွဲပြီးလုပ်လို့ရမယ့်ဟင်းအတူတူချက်စားတာလား၊တရားအတူတူထိုင်တာလား၊gymအတူတူဆော့တာလား။ဒါမျိုးလေးတွေကို ဖန်တီးထားဖို့လိုအပ်ပါတယ်။ ဒုတိယအချက်ကတော့ RelationshipတွေထဲမှာType တူတာက အင်မတန်ကိုမှရှားပါတယ်။ Relationshipထဲမှာစကားတစ်ခုရှိပါတယ်။ကိုယ်ကြိုက်တာတွေကို လုပ်ပိုင်ခွင့်ရှိတယ်။သို့သော်သူကြိုက်တာတွေကိုလည်းလုပ်ပေးရပါတယ်ဆိုတဲ့စကားပါ။ဒါလေးကိုမှတ်ထားပါ။အဲ့ဒါကြောင့် Relationship တစ်ခုမှာလူနှစ်ယောက်ပေါင်းစည်းထားတာဖြစ်တဲ့အတွက်ကြောင့် သူကြိုက်နိုင်တဲ့အရာတွေကိုလည်းကိုယ်ကဖန်တီးပေးရမှာ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ တတိယအချက်ကတော့ အငြင်းပွားမှုတွေကိုလျော့ချလို့ရမယ့်အချက်တစ်ချက်ပဲဖြစ်ပါတယ်။ မတူတာတွေကို လေးစားပြီးတော့ အားပေးပါဆိုတဲ့စကားပါ။တော်တော်များများကတော့ လေးစားတယ်အားတော့မပေးကြပါဘူး။ကိုယ့်ဘက်ကလေးစားရုံနဲ့မလုံလောက်ပါဘူး၊အားပေးစကားတွေပြောပေးဖို့လို့လည်းလိုအပ်ပါတယ်။ Life & Relationshipစတဲ့အကြောင်းအရာတွေကို ပိုပြီးလေ့လာချင်ရင် Life Coaching Session • Life Coaching Session မှန်ကန်တဲ့ဘဝလက်တွဲဖော်တစ်ယောက်ဆိုတာကိုပြောဖို့ကသိပ်ခက်ပါတယ်။ • မှန်ကန်တဲ့ဘဝလက်တွဲဖော်တစ်ယောက်ဆိုတာကိုပြော... လူတိုင်းနီးပါးနဲ့ ဆက်စပ်နေတဲ့ 6 Boxes.... • လူတိုင်းနီးပါးနဲ့ ဆက်စပ်နေတဲ့ 6 Boxes | Pe... Aung Htet Khant-Relationship Coach Channelကို Subscribeလုပ်ထားပေးဖို့ လိုအပ်ပါတယ်။ / @aunghtetkhant-relationship9101 Aung Htet Khant-Facebook Pageကိုလည်း Like & Follow လုပ်ထားပေးဖို့မျှော်လင့်ပါတယ်။ / aunghtetkhantcoach Relationship ပြဿနာတွေကို တစ်ဦးချင်းဆွေးနွေးနိုင်ဖို့အတွက် Facebook Messengerတွင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ / aunghtetkhantcoach #Aunghtetkhant #Relationshipcoach#Relationship