У нас вы можете посмотреть бесплатно နေပြည်တော်က နဂါးရုံဘုရားတထောင်ဉယျာဉ်တော် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နေပြည်တော် လယ်ဝေးမြို့နယ်၊ သာဝတ္ထိတိုက်နယ်ရှိ နဂါးရုံဘုရားတစ်ထောင်ဉယျာဉ်တော်တွင် အလှူရှင်များ၏ ထပ်မံလှူဒါန်းမှုများကြောင့် တစ်နှစ်ကျော်အတွင်း ဘုရားပေါင်း ၁၅၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ နဂါးရုံဆရာတော်က လွန်ခဲ့သည့် တနှစ်ကျော်က ပင်မဘုရားကို စတင်တည်ထားကိုးကွယ်ခဲ့ပြီးနောက်ပိုင်း ဒါယိကာ၊ ဒါယိကာမများကလည်း နဂါးရုံဘုရားများ ထပ်မံ တည်ထားလှူဒါန်းကြသည့်အတွက် ယခုလို များပြားလာခြင်းဖြစ်ကြောင်း ဘုရားကျောင်းဝန်းအတွင်း ဝေယျာဝစ္စလုပ်ကိုင်နေသူအချို့က ပြောသည်။ နဂါးရုံဘုရားများ စတင်တည်ထားစဉ်က ဘုရားတဆူလျှင် ကျပ် ၁၅ သိန်း စတင်သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပစ္စည်းဈေးနှုန်းမြင့်တက်လာမှုကြောင့် ၁၈ သိန်း၊ သိန်း ၂၀ မှသည် လက်ရှိ ၂၃ သိန်းအထိ ပြောင်းလဲသတ်မှတ်ခဲ့ရကြောင်း သိရသည်။ နဂါးရုံဘုရားတထောင်ဉယျာဉ်တော်အတွင်း အသစ်တည်ထားလက်စ ဘုရားများကိုလည်းတွေ့ရပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် အပါအဝင် စစ်ဘက်ဆိုင်ရာအရာရှိများ၊ အရပ်ဘက်ဝန်ကြီးဌာနမှ အရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သာမာန်ပြည်သူများ လှူဒါန်းထားသည့် နဂါးရုံဘုရား အမြောက်အများကို တွေ့မြင်နိုင်သည်။ အလားတူ နေပြည်တော် ပျဉ်းမနားအနီး မင်းဝင်တောင် စိန္တာမုနိကျောင်းတိုက်ဟာလည်း ယတြာဆန်ဆန် ညာတင်ကုတ်ရုပ်တုတွေနဲ့ လူသိများထင်ရှားခဲ့ပါတယ်။ ဒီရုပ်တုတွေကိုလှူဒါန်းခဲ့သူတွေအထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ အစိုးရအရာရှိကြီးဟောင်းတွေချည်း ဖြစ်ပါတယ်။ စိန္တာမုနိကျောင်းတိုက်အတွင်းမှာ ညာတင်ကုတ်ရုပ်တုတွေအပြင် ရာထူး အာဏာ မင်းစည်းစိမ်နဲ့ဥစ္စဓန ပေါကြွယ်ဝစေမယ်လို့ ယူဆရတဲ့ ယတြာအစီအမံများနဲ့ဖော်ဆောင်ထားတဲ့ ပုလ္လင်နဲ့ သလွန်တို့လည်း ရှိနေခဲ့တာပါ။ ဒီညာတင်ကုတ်ရုပ်တုတွေဟာ မြတ်စွာဘုရာရဲ့ မုဒြာ ၅၅ မျိုးမှာ မပါဝင်သလို ကြည်ညိုဖွယ်အသွင်မဆောင်တဲ့အတွက်ကြောင့် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် ဇူလိုင်လထဲမှာ ဗုဒ္ဓဆင်းတုတော်တွေနဲ့ အစားထိုးစေခဲ့ပါတယ်။