У нас вы можете посмотреть бесплатно ၂၀၂၅ ခုနှစ်နှင့် သူ၏ ရေဆူမှတ်များ (ရုပ်/သံ) или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဧရာဝတီ၊ မတ် ၁၁၊ ၂၀၂၅ လက်တွေ့မြေပြင်၌ ၂၀၂၅ ခုနှစ်ဆန်းတွင် တွေ့ရသည့် ပြည်မသို့ ဦးတည်လာနေသော ကချင်၊ ချင်း၊ ရခိုင်၊ ကရင်၊ ကရင်နီတို့၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပြည်မရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများသည် လက်ရှိကာလတွင် အကြိတ်အနယ် ဖြစ်နေသကဲ့သို့ အဆုံးအဖြတ် အဖြေမထွက်သေးရာ အငြင်းပွားဖွယ်ဟု ဆိုနိုင်သည်။ သို့သော် နယ်မြေသိမ်းတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများအဖြစ် ရေဆူမှတ်သို့ ပြောင်းလဲလာနိုင်သည်ကို ငြင်းပယ်၍ မရပေ။ တဖက်တွင်လည်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီယန္တရား၏ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု၊ ကိုယ်ကျိုးရှာမှု၊ လူထုစည်းကမ်း မလိုက်နာမှု၊ ပြည်သူလူထုပိုင် အိုးအိမ်နှင့်ပိုင်ဆိုင်မှုများကို အကြမ်းဖက်လုယက်မှု၊ သတ်ဖြတ်မှု စသည်တို့ကြောင့် စစ်တပ်နှင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားပြိုကျမှုကို စစ်တပ်အား အသက်ဆက်ပေးလိုသည့် နိုင်ငံကြီးများလည်း ကူညီ၍ မရနိုင်ပေ။ သူ့တရားသူ စီရင်ခြင်းသာဖြစ်၏။ သို့ဖြစ်ရာ တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေအနေရော စစ်တပ်၏ အခြေအနေပါ တဖြည်းဖြည်း အရှိန်တက်လာပြီး ရေဆူမှတ်သို့ ဦးတည်နေသည်ကို တားဆီး၍ မရနိုင်ပေ။ တော်လှန်ရေးတပ်ဖွဲ့များနှင့် လူထု၏အခြေအနေ ရေဆူမှတ်က အောင်ပွဲသို့ဦးတည်ပြီး စစ်တပ်နှင့် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား၏ ရေဆူမှတ်ကမူ ပျက်သုဉ်းခြင်းဖြစ်၏။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည်အနှံ့အပြား၌ ရေဆူမှတ်များသို့ ရောက်ရှိသည်ကို မြင်တွေ့ရပါက အံ့ဩဖွယ်မရှိပေ။ ရေဆူမှတ် မရောက်ခင် အချိန်ကာလတခုတွင်မူ အောက်ကလိအာ အသံများကို ကြားနေရပေဦးမည်သာဖြစ်သည်။ #မြန်မာ #ဧရာဝတီ #ရေဆူမှတ် #ပြည်မ #ကချင် #ချင်း --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR