У нас вы можете посмотреть бесплатно ဝက်နံရိုး ကော်ရည် ခေါက်ဆွဲ Starchy Gravy Noodle with Pork Ribs или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ပါဝင်ပစ္စည်းများ Ingredients ဝက်နံရိုး Pork ribs ဝက်အူစုံ Pork Intestines ခေါက်ဆွဲ Noodles ရှီတာကီမှို (ရေစိမ်ထားပါ) Shiitake mushrooms ငုံးဥ (ပြုတ်ထားပါ) Quail eggs ဘဲဥ (ခေါက်ထားပါ) Duck egg ဂျင်း ထောင်းထားပါ Ginger ငရုတ်ကောင်းမှုန့် Pepper Powder ခရုဆီ Oyster Sauce ကြက်သားမှုန့် Chicken powder ဟင်းခတ်မှုန့်, Seasoning powder ဆား Salt ပဲငံပြာရည် အကြည် Light Soy sauce ပဲငံပြာရည် အနောက် Dark Soy sauce ကော်မှုန့်ရည် Potato Starch/Corn Starch (Flour powder) တရုတ်နံနံပင် Chinese saffron ကန်စွန်းရွက် Water Spinach ပဲပင်ပေါက် Bean Sprouts ကြက်သွန်ဖြူကြော် Fried Garlic ငပိထောင်း သံပုရာရည် ရွှဲရွဲညစ်ပြီး တွဲဖက်သုံးဆောင်ရင် အလိုက်ဖက်ဆုံးပါပဲ။ ငရုတ်သီးစိမ်းနဲ့ပုဇွန်ခြောက်ကိုရေဆေးပြီးအနည်းငယ်မွှေးလာအောင်လှော်ပါ ငရုတ်ဆုံထဲကိုငရုတ်သီးစိမ်းကြက်သွန်ဖြူ ပုဇွန်ခြောက်ထည့်ထောင်းပါ ပြီးလျှင် သံပုရည်ရွှဲရွှဲညှစ်ထားပါ။ စိမ်းစားငပိ Fish paste ပုဇွန်ခြောက် Dried shrimp ငရုတ်သီးစိမ်း (လှော်) Chilli (Roast) သံပုရာသီး Lime သကြား Sugar ကြက်သွန်ဖြူ Garlic ... ချက်ပြုတ်ပြင်ဆင်ပုံ Prepare & How to cook ဝက်နံရိုးပြုတ် ဝက်နံရိုးကို ဆား၊ အသားမှုန့် နှယ်ပြီး ၁ည နှပ်ထားလိုက်ပါတယ်။ ရေထည့်၊ အနံပျောက်သွားအောင် ဂျင်း ကြက်သွန်ဖြူ ထည့်ပြီး ၁နာရီခန့်ကြာအောင် ပြုတ်ပါတယ်။ ခေါက်ဆွဲဖတ်ပြုတ် ခေါက်ဆွဲဖတ်ကို ရေဆူဆူမှာ ၅မိနစ်ထားပါတယ်။ ရေသွန်ပစ်ပြီး ပန်းကန်ထဲမှာ ထည့်ထားပါတယ်။ ကန်စွန်းရွက် ပဲပင်ပေါက် မှိုခြောက်ပြုတ် ကန်စွန်းရွက်ရေဆေးပြီး အနေတော်လှီးပြီး ရေနွေးဆူဆူမှာ ထည့်ပြီး ပြုတ်ပါတယ်။ ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဆူဆူမှာ ထည့်ပြီး ပြုတ်ပါတယ်။ မှို ခြောက်ကို ရေဆေးပြီး ပြုတ်ပါတယ်။ ပဲပင်ပေါက် ကန်စွန်းရွက်တို့ကိုရေနွေးဖျောပြီးရေအေးပြန်ဆေးပါ။ဇကာထဲထည့်ထားပါ။ ဇကာမှာ ပြုတ်ထားသော ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ မှိုခြောက်ကို ရေစစ်ပြီး ပန်းကန်ထဲမှာ ထည့်ထားပါတယ်။ ကော်ရည် ချက်နည်း (၁) ဒယ်အိုး ၁လုံးထဲမှာ ရေထည့် ပြီး ရေဆူလာရင် ကော်မှုန့် ဟင်းခတ်ဇွန်း ၃ဇွန်း အမောက် ထည့်ပါတယ်။ ပဲငံပြာရည် အကြည် အဖုံးပြည့် ၂ခွက် ထည့်ပါတယ်။ ပဲငံပြာရည် အနောက် အနည်းငယ်၊ ခရုဆီ အနည်းငယ်ထည့်ပါတယ်။ ယောင်းမဖြင့် မွေပေးပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ကြက်ဥ ၁လုံးကို ဖောက်ပြီး နှာနှာခေါက်ပါ။ ယောင်းမဖြင့် မွေနေတဲ့ အချိန်မှာ နှာနှာ ခေါက်ထားသော ကြက်ဥအရည်ကို ဇွန်းမှာ ခပ်ပြီး ဖြည်းဖြည်းချင်း ထည့်ပြီးမွေပါ။ ကြက်ဥအမျှင် အဖတ်လေးတွေ ဖြစ်လာပါလိမ့်မယ်။ ဝက်ပြုတ်ရည်ပါထည့်ပေးပါ။ ပွက်ပွက်ဆူလာလျှင်ရပါပြီ။ (၂) ဝက်နံရိုးကိုဆားသကြားပဲငံပြာရည်ထည့်ပြီးပြုတ်ပါ။ ဆူလာလျှင်ရှီတာကီမှိုကိုအရွယ်တော်ညှပ်ထားတာထည့်ပါ။ နာရီဝက်လောက်တည်ပြီးနံရိုးကိုပြန်ဆယ်ထားပါ။ ဒယ်အိုးထဲဆီအနည်းငယ်ထည့်ပါ။ ဂျင်းကြက်သွန်ဖြူ ထည့်မွှေပါ။ ဝက်နံရိုးထည့်ပါ။ ခရုဆီထည့်ပါ။ ကြက်သားမှုန့်ထည့်ပါ ပြီးလျှင်ဟင်းရည်အိုးထဲဝက်နံရိုးကိုထည့်ပြီးနူးလာအောင်ပြုတ်ပါ။ ဝက်နံရိုးနူးလာလျှင်ကော်မှုန့်ကိုကြက်သားမှုန့်အနည်းငယ်ထည့်အရည်ဖျော်ပြီးမွှေထည့်ပါ။အရည်အပျစ်အကျဲစိတ်ကြိုက်ပြင်ပါ။ ပွက်လျှင်ဘဲဥခေါက်ထားတာကိုအမျှင်ဖြစ်အောင်ဆွဲထည့်ပါ။ အရသာစိတ်ကြိုက်ပြင်ဆင်ပါ။ စားရန် ပြင်ဆင်ပုံ တရုတ်နံနံပင် ကိုလှီးထားပြီးငရုတ်ကောင်းမှုန့်အနည်းငယ်ဖွဖွနယ်ထားပါ။ ကြက်သွန်ဖြူ ကြော်မညှက်တညှက်ထောင်းထားပါ။ ပန်းကန်ထဲမှာ ခေါက်ဆွဲဖတ်ထည့်၊ ကန်စွန်းရွက်ပြုတ်ထည့် ပဲပင်ပေါက်ပြုတ်ထည့် မှိုခြောက်ပြုတ်ထည့် ငုံးဥထည့်ပြီး ဝက်နံရိုးထည့် ကော်ရည် ပူပူလောင်းထည့်ပါ ကြက်သွန်ဖြူ ဆီချက်ကြော် ထည့်ပြီး စားနိုင်ပါပြီ။ References and Credit Special thanks to All. https://m.facebook.com/story.php?stor... http://myomonyeeoo.blogspot.com/2010/... ခရုဆီ http://we.com.mm/detail/9519 ရှီတာကီမှို https://my.wikipedia.org/wiki/%E1%80%... တရုတ် နံနံပင် https://my.wikipedia.org/wiki/%E1%80%... https://my.wikipedia.org/wiki/%E1%80%... Google YouTube KineMaster Application And songs of.... YOU - Adrian Park