Русские видео

Сейчас в тренде

Иностранные видео


Скачать с ютуб တပ်ဖွဲ့ရိက္ခာဖူလုံဖို့ သီးနှံ ၁၄ မျိုးကျော် စိုက်ပျိုးထားတဲ့ ဆော PDF ရဲ့ သီးနှံစိုက်ခင်း в хорошем качестве

တပ်ဖွဲ့ရိက္ခာဖူလုံဖို့ သီးနှံ ၁၄ မျိုးကျော် စိုက်ပျိုးထားတဲ့ ဆော PDF ရဲ့ သီးနှံစိုက်ခင်း 3 месяца назад


Если кнопки скачивания не загрузились НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу страницы.
Спасибо за использование сервиса ClipSaver.ru



တပ်ဖွဲ့ရိက္ခာဖူလုံဖို့ သီးနှံ ၁၄ မျိုးကျော် စိုက်ပျိုးထားတဲ့ ဆော PDF ရဲ့ သီးနှံစိုက်ခင်း

တပ်ဖွဲ့ရိက္ခာဖူလုံဖို့ သီးနှံ ၁၄ မျိုးကျော် စိုက်ပျိုးထားတဲ့ ဆော PDF ရဲ့ သီးနှံစိုက်ခင်း ဆော၊ ဒီဇင်ဘာ ၁၆၊ ၂၀၂၄။ စိုက်ပျိုးနည်းပညာ သေချာမသိပေမယ့် တပ်ဖွဲ့ရိက္ခာလိုအပ်ချက်ကြောင့် PDF ရဲဘော်တွေ အခက်အခဲကြားက သီးနှံတွေစိုက်ပျိုးအောင်မြင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၁၊ ခွပ်ဒေါင်းတပ်ခွဲ ဆီက သိရပါတယ်။ ခွပ်ဒေါင်းတပ်ခွဲက အခုနှစ် နိုဝင်ဘာလအစောပိုင်းမှာ တပ်ဖွဲ့ရိက္ခာအထောက်အကူဖြစ်စေဖို့ စားသုံးသီးနှံ ၁၄ မျိုးလောက်ကို မြေ ၂ ဧကလောက်မှာ စတင်စိုက်ပျိုးခဲ့ကြတာပါ။ လက်ရှိစိုက်ခင်းကနေ အသီးအနှံ ၆ မျိုးလောက်ကို ခူးယူစားသုံးလို့ရနေပြီဖြစ်တဲ့အတွက် ရိက္ခာဖူလုံမှုရှိပြီး ကုန်ကျစရိတ်လည်း သက်သာသွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီစိုက်ပျိုးမြေက တပ်ဖွဲ့စခန်းအနီးက မြေလွတ်နေရာကို ပြန်လည်ပြုပြင်ကာ စိုက်ပျိုးထားပြီး စိုက်ခင်းအတွက်လိုအပ်တဲ့ရေကို ၁ မိုင်ခန့်ဝေးတဲ့ချောင်းက သယ်ယူကာရေလောင်းပေးရတယ်လို့ ဆိုပါတယ်။ စိုက်ခင်းအတွင်း အပင်တွေကို စိုက်ပျိုးတာ၊ အပင်အားဆေးဖြန်းတာ၊ ပိုမွှားကျတဲ့အခါမှာ ပိုးသတ်ဆေးဖြန်းတာ၊ ဓာတ်မြေသြဇာကျွေးတာတွေကိုလည်း ဒေသခံပြည်သူတွေရဲ့ နည်းပေးလမ်းညွှန်မှုနဲ့ ရဲဘော်တွေဝိုင်းဝန်းလုပ်ကိုင်ကြတယ်လို့ တပ်ခွဲ ၁၊ ရေး ၂ တာဝန်ခံ ကိုအာကြီး က ပြောပါတယ်။ အဲ့ဒီစိုက်ခင်း ၂ ဧက စိုက်ပျိုးရာမှာ မျိုးစေ့ဖိုး၊ ထွန်ယက်ခ၊ စိုက်ပျိုးရေးဆေးနဲ့ ဓာတ်မြေသြဇာဖိုး စုစုပေါင်း ကုန်ကျစရိတ် ၆ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့က ရဲဘော်ရဲမေတွေဟာ ဆောမြို့နယ်အတွင်းသာမကဘဲ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော် စတဲ့ဒေသအသီးသီးက ပါဝင်ပြီး စိုက်ပျိုးရေးလုပ်ငန်းနဲ့ အကျွမ်းတဝင်မရှိကြသူတွေ ဖြစ်ပါတယ်။ ခွပ်ဒေါင်းတပ်ခွဲ ရဲဘော်တွေအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ရာသီဥတုအခြေအနေနဲ့ မြေနေရာအပေါ်မူတည်ပြီး ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ သီးနှံတွေကို တိုးချဲ့စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။ သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - HP #မြေလတ်အသံ #ဆော #တပ်ဖွဲ့ရိက္ခာ #PDF #စိုက်ပျိုးရေး

Comments