У нас вы можете посмотреть бесплатно ဦးရာဇတ္ ခ်ီထားတဲ့ ဓာတ္ပံုထဲက ကေလးငယ္ႏွင့္ ေတြ႕ဆံုျခင္း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ZawGyi- "ပုဂၢိဳလ္ေရးနာက်ည္းခ်က္ေႀကာင့္ ဒီလိုျဖစ္သြားတယ္လို႔ပဲ ခံယူတာေပ့ါဗ်ာ” ************************************************************************************ ျမင္ေတြ႕ေနရတဲ့ပံုထဲမွ ကေလးငယ္ေလးကေတာ့ ဇူလိုင္လ ၁၉ ရက္ေန႔က ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္အတူ လုပ္ႀကံခံခဲ့ရတဲ့ အာဇာနည္ေခါင္းေဆာင္ႀကီး ဦးရာဇတ္ရဲ႕ သားပဲ ျဖစ္သည္။ အခုဆိုရင္ သူရဲ႕အသက္ဟာ (၇၇)ႏွစ္ရွိသလို အာဇာနည္ေခါင္းေဆာင္ႀကီးေတြ လုပ္ႀကံခံခဲ့ရတာလည္း အႏွစ္(၇၀)ျပည့္ခဲ့ပါၿပီ။ အသက္ ၇၇ ႏွစ္အရြယ္ရွိၿပီျဖစ္ေသာ ဦးတင္ျမင့္က အာဇာနည္ေန႔ေရာက္တုိင္း လုပ္ေလ့လုပ္ထ ရွိတာတစ္ခုကေတာ့ "အစိုးရကေနၿပီးေတာ့ အလံတင္ဖို႔ဆိုတာကို မေျပာဘူး။ မေျပာတဲ့အခါက်ေတာ့ အန္ကယ္တို႔ကေတာ့ ေျပာသည္ျဖစ္ေစ ၊ မေျပာသည္ျဖစ္ေစ အလံတစ္၀က္ကိုေတာ့ ထူတယ္"ဟု ေျပာသည္။ ဦးရာဇတ္ထမင္းထိုင္စားခဲ့ေသာထိုင္ခံုမွာ ျမန္မာႏိုင္ငံအလံကို ႏွစ္စဥ္လႊင့္ထူထားတာပါ။ဒီ ထမင္းစားပြဲဟာ အခုဆုိရင္ ႏွစ္ေပါင္း ၁၀၀ေက်ာ္ သက္တမ္းရွိၿပီလုိ႔လည္း ဦးတင္ျမင့္ရဲ႕ ေျပာျပခ်က္အရ သိရသည္။ ဦးရာဇတ္သည္ ၁၉၂၁ ခုႏွစ္က မႏၱေလးဗဟိုအမ်ိဳးသားအထက္တန္းေက်ာင္းႀကီးကို ဦးစီးဖြင့္လွစ္ခဲ့ၿပီး အထက္တန္းျပဆရာလည္း လုပ္ခဲ့သည္။ ၁၉၂၂ခုႏွစ္မွ၁၉၄၁ခုနွစ္ အထိ ဦးရာဇတ္ဟာ ဗဟိုအမ်ိဳးသားအထက္တန္းေက်ာင္း၏ ေက်ာင္းအုပ္ႀကီးအျဖစ္ တာ၀န္ယူခဲ့ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္တဲ့ၾကားျဖတ္အစိုးအဖြဲ႔မွာ ပညာေရးႏွင့္ အမ်ိဳးသားစီမံကိန္းဌာန၀န္ႀကီးအျဖစ္တာ၀န္ယူေနစဥ္အခ်ိန္မွာ လုပ္ႀကံခံခဲ့ရျခင္းျဖစ္သည္။ "ပုဂၢိဳလ္ေရးနာက်ည္းခ်က္ေႀကာင့္ ဒီလိုျဖစ္သြားတယ္လို႔ပဲ ခံယူတာေပ့ါဗ်ာ” ဟု ဦးရာဇာတ္၏ သားျဖစ္သူက ဆိုသည္။ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ၁၉ရက္ စေနေန႔ နံနက္၁၀နာရီ၃၇ မိနစ္တြင္ ဝန္ႀကီးမ်ား႐ံုး အစည္းအေဝးခန္းမ၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအ၀င္ သခင္ျမ၊ ဒီဒုတ္ဦးဘခ်ိဳ၊ မန္းဘခိုင္၊ မိုင္းပြန္ေစာ္ဘြားႀကီးစပ္စံထြန္း၊ ဦးဘ၀င္း၊ဦးအုန္းေမာင္၊ရဲေဘာ္ကိုေထြးႏွင့္ ဦးရာဇတ္တို႔ လုပ္ႀကံခံခဲ့ရျခင္း ျဖစ္သည္။ "ဒီ ေန႔ႀကီးရက္ႀကီးမွာ သြားတယ္ဆိုတာ မဟုတ္ပါဘူး။ ကြၽန္ေတ္ာက အၿမဲတမ္းဒီလူႀကီးေတြကို သတိရေနတယ္။ ဘုရား၀တ္ျပဳတိုင္းကို အားလံုးအတြက္ဆုေတာင္းေနပါတယ္" လို႔ ဦးတင္ျမင့္က ဆိုပါတယ္။ ဇူလိုင္လ ၁၉ ရက္ေန႔မွာေတာ့ အာဇာနည္ကုန္းသို႔ ႏွစ္တိုင္းမပ်က္ သူကေတာ့ ေရာက္ရွိေနဦးမွာပါပဲ။ အေလးျပဳ ဦးၫြတ္ေနဆဲဆိုတာကေတာ့ အေသအခ်ာပါပဲ။ ဇူလိုင္ ၁၉ ရက္ မနက္ ၇ နာရီခန္႔မွာေတာ့ အာဇာနည္ဗိမာန္သြားဖို႔ သူျပင္ဆင္ေနပါၿပီ။ ျပီးေတာ့ ႏွစ္စဥ္တက္ေရာက္ေနဆဲဆိုတာပါပဲ။ သတင္း၊႐ိုက္ကူး၊တည္းျဖတ္-စိုးသူရ Unicode- "ပုဂ္ဂိုလ်ရေးနာကျည်းချက်ကြောင့် ဒီလိုဖြစ်သွားတယ်လို့ပဲ ခံယူတာပေ့ါဗျာ” ************************************************************************************ မြင်တွေ့နေရတဲ့ပုံထဲမှ ကလေးငယ်လေးကတော့ ဇူလိုင်လ ၁၉ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ သားပဲ ဖြစ်သည်။ အခုဆိုရင် သူရဲ့အသက်ဟာ (၇၇)နှစ်ရှိသလို အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတာလည်း အနှစ်(၇၀)ပြည့်ခဲ့ပါပြီ။ အသက် ရ၇ နှစ်အရွယ်ရှိပြီဖြစ်သော ဦးတင်မြင့်က အာဇာနည်နေ့ရောက်တိုင်း လုပ်လေ့လုပ်ထ ရှိတာတစ်ခုကတော့ "အစိုးရကနေပြီးတော့ အလံတင်ဖို့ဆိုတာကို မပြောဘူး။ မပြောတဲ့အခါကျတော့ အန်ကယ်တို့ကတော့ ပြောသည်ဖြစ်စေ ၊ မပြောသည်ဖြစ်စေ အလံတစ်ဝက်ကိုတော့ ထူတယ်"ဟု ပြောသည်။ ဦးရာဇတ်ထမင်းထိုင်စားခဲ့သောထိုင်ခုံမှာ မြန်မာနိုင်ငံအလံကို နှစ်စဉ်လွှင့်ထူထားတာပါ။ဒီ ထမင်းစားပွဲဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ကျော် သက်တမ်းရှိပြီလို့လည်း ဦးတင်မြင့်ရဲ့ ပြောပြချက်အရ သိရသည်။ ဦးရာဇတ်သည် ၁၉၂၁ ခုနှစ်က မန္တလေးဗဟိုအမျိုးသားအထက်တန်းကျောင်းကြီးကို ဦးစီးဖွင့်လှစ်ခဲ့ပြီး အထက်တန်းပြဆရာလည်း လုပ်ခဲ့သည်။ ၁၉၂၂ခုနှစ်မှ၁၉၄၁ခုနှစ် အထိ ဦးရာဇတ်ဟာ ဗဟိုအမျိုးသားအထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ကြားဖြတ်အစိုးအဖွဲ့မှာ ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီးအဖြစ်တာဝန်ယူနေစဉ်အချိန်မှာ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ "ပုဂ္ဂိုလ်ရေးနာကျည်းချက်ကြောင့် ဒီလိုဖြစ်သွားတယ်လို့ပဲ ခံယူတာပေ့ါဗျာ” ဟု ဦးရာဇာတ်၏ သားဖြစ်သူက ဆိုသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ၁၉ရက် စနေနေ့ နံနက်၁၀နာရီ၃၇ မိနစ်တွင် ဝန်ကြီးများရုံး အစည်းအဝေးခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် သခင်မြ၊ ဒီဒုတ်ဦးဘချို၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ ဦးဘဝင်း၊ဦးအုန်းမောင်၊ရဲဘော်ကိုထွေးနှင့် ဦးရာဇတ်တို့ လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။ "ဒီ နေ့ကြီးရက်ကြီးမှာ သွားတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တေ်ာက အမြဲတမ်းဒီလူကြီးတွေကို သတိရနေတယ်။ ဘုရားဝတ်ပြုတိုင်းကို အားလုံးအတွက်ဆုတောင်းနေပါတယ်" လို့ ဦးတင်မြင့်က ဆိုပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ အာဇာနည်ကုန်းသို့ နှစ်တိုင်းမပျက် သူကတော့ ရောက်ရှိနေဦးမှာပါပဲ။ အလေးပြု ဦးညွတ်နေဆဲဆိုတာကတော့ အသေအချာပါပဲ။ ဇူလိုင် ၁၉ ရက် မနက် ရ နာရီခန့်မှာတော့ အာဇာနည်ဗိမာန်သွားဖို့ သူပြင်ဆင်နေပါပြီ။ ပြီးတော့ နှစ်စဉ်တက်ရောက်နေဆဲဆိုတာပါပဲ။ သတင်း၊ရိုက်ကူး၊တည်းဖြတ်-စိုးသူရ