У нас вы можете посмотреть бесплатно မြောက်ဦးဆေးရုံ ဗုံးကြဲအပြီး စစ်အုပ်စုရဲ့လူမျိုးရေးလှုံ့ဆော်လမ်းလွှဲနေ | People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မြောက်ဦးဆေးရုံ ဗုံးကြဲအပြီး စစ်အုပ်စုရဲ့လူမျိုးရေးလှုံ့ဆော်လမ်းလွှဲနေမှုအပေါ် တော်လှန်ရေးအင်အားစုတွေ သတိပေး ဒီဇင်ဘာ-၁၇၊ ၂၀၂၅။ People’s Spring စစ်တပ်က မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို ဗုံးကြဲပြီးနောက်ပိုင်း လူမျိုးရေးမုန်းတီးလှုံ့ဆော်လမ်းလွှဲနေတာကို သတိပြုကြရမယ်လို့ လူပုဂ္ဂိုလ်တချို့နဲ့ အဖွဲ့အစည်း ၄၅ဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီက မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ဦးမင်းကိုနိုင်အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲအစည်း ၄၅ဖွဲ့ပါဝင်တဲ့ တော်လှန်သွေးချင်းများ သန္နိဌာန်ပြုချက်ကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိင်းရေးအင်အားစု (GSCB)က ဒီဇင်ဘာ ၁၆ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်မှုဟာ အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ အဲဒီ တော်လှန်ရေးအင်အားစုတွေက ဖော်ပြပါတယ်။ “ဖက်ဆစ်တပ်ဟာ သူတို့ရဲ့လူမဆန် ရက်စက်ရိုင်းစိုင်းတဲ့ စစ်ရာဇဝတ်မှုကို အာရုံလွှဲချင်တယ်၊ တော်လှန်ရေးကို စိတ်ဝမ်းခွဲချင်တယ်။ ဒါကို ဖော်ထုတ်တုန့်ပြန်ကြတာပဲ”လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို ကမ္ဘာက အရေးယူတဲ့အထိ အားလုံးအားစိုက်ကြရဦးမှာ ဖြစ်တယ်လို့လည်း သူက အသိပေးပါတယ်။ စစ်ကောင်စီဟာ ဒီဇင်ဘာ ၁၀ရက် ညပိုင်းမှာ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့တာကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ(၃၃)ဦးထက်မနည်းသေဆုံးပြီး ၇၇ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလို ဗုံးကြဲအပြီး နောက်တနေ့ညမှာလည်း စစ်ကောင်စီဟာ ကျောက်ဖြူမြို့နယ်က ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို ထပ်မံဗုံးကြဲခဲ့လို့ စစ်ရှောင်တွေအပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒီလို အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ မြောက်ဦးဆေးရုံ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ရေးပစ်မှတ်ကို သတင်းအတိအကျရလို့ တိုက်ခိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်တဝန်းလုံးအပါအဝင် မြန်မာပြည်အနှံ့အပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 / subscribe 𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA