У нас вы можете посмотреть бесплатно Tasty Trip_ နမ့်စန်မြို့နဲ့နောင်ဖာကန်ဆီသို့ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
#TastyTrip #နမ့်စန်မြို့နဲ့နောင်ဖာကန်ဆီသို့ နမ့်စန်မြို့ဟာ လွိုင်လင်ခရိုင်ထဲမှာ တည်ရှိပြီး ရှမ်းပြည်နယ်အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးမြို့တစ်မြို့ ဖြစ်ပါတယ်။ တောင်ကြီးမြို့ကနေ မိုင် ၇၀ ကျော်သာသာဝေးပြီး တောင်ကြီး - တာချီလိတ်ကားလမ်းအတိုင်း ၃ နာရီ လောက် ကားမောင်းသွားရင်ပဲ ရောက်ရှိနိုင်ပါတယ်။ တောင်ကြီးမြို့ကနေ ထွက်လာမယ်ဆိုရင် ဟိုပုံးမြို့… မိုင်းပွန်မြို့ … လွိုင်လင်မြို့ဆိုတဲ့ မြို့ ၃ မြို့နဲ့ တောင်သုံးတောင်ကို ကွေ့ကွေ့ကောက်ကောက် တောင်တက်လမ်းတွေနဲ့ ဖြတ်ကျော်ရမှာပါ..။ နောင်ဖာကန်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်ထဲမှာပဲ တည်ရှိပြီး နမ့်စန်မြို့ကနေ ကျိုင်းတုံတာချီလိတ်လမ်းအတိုင်း ၁ နာရီခွဲလောက် ကားဆက်မောင်းသွားရပါတယ်။ အင်းလေးကန်လိုပဲ တောင်ပေါ်မှာရှိနေတဲ့ ရေကန်ကြီးတစ်ခုဖြစ်ပြီး ရေပျော်ငှက်တွေ သဘာဝအတိုင်းကျက်စားလေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အေးချမ်းတိတ်ဆိတ်ပြီး ရေတွေဟာလည်း ကြည်လင်လွန်းလှပါတယ်။ ကန်လယ်ကကျွန်းကို သွားဖို့အတွက် သစ်သားတံတားရှည်တစ်ခုကိုလည်း ထိုးထားလို့ ရှမ်းပြည်နယ်က ဉီးပိန်တံတားလို့ တင်စားခေါ်ဝေါ်ကြတယ်လို့ ဆိုပါတယ်။ (နမ့်စန်မြို့ကိုရောက်တဲ့အချိန်မှာ Tasty Trip အဖွဲ့ဟာ Golden Fish Lake Hotel မှာ တည်းခိုခဲ့ကြပါတယ်။ ဘန်ဂလိုအိမ်လေးတွေဖြစ်ပြီးတော့ အခန်းတွေကလည်း ကျယ်တယ်။ ရေပူရေအေးလည်း ရတယ်။ 09 976 328803 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်။) Tasty Trip အစီအစဉ်ထုတ်လွှင့်သည့်အချိန်များ ********************************************** အပတ်စဉ် တနင်္လာနေ့ ည ၈ နာရီ (အပိုင်းသစ်) အင်္ဂါနေ့ ညနေ ၆ နာရီ၊ ဗုဒ္ဓဟူးနေ့လယ် ၁ နာရီခွဲ၊ စနေနေ့မနက် ၈ နာရီ (REPLAY) #MizzimaTV #GoldenFishLakeHotel #နမ့်စန်