У нас вы можете посмотреть бесплатно မရမ်းကုန်းမှာ ကုန်မာဆိုင် မီးလောင်ပြီး အမျိုးသမီးနှစ်ဦးသေဆုံး | People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မရမ်းကုန်းမှာ ကုန်မာဆိုင် မီးလောင်ပြီး အမျိုးသမီးနှစ်ဦးသေဆုံး ဖေဖော်ဝါရီ -၁၅ ၊၂၀၂၆ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ဒီနေ့ (ဖေဖော်ဝါရီ ၁၅ရက်) မနက်အစောပိုင်း ၃ နာရီခွဲဝန်းကျင်က ကုန်မာဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပြီး အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်း နဲ့ ဒေသခံတွေဆီကသိရပါတယ်။ မရမ်းကုန်းမြို့နယ်၊ အမှတ်( ၂) ရပ်ကွက် ၊ အောက်ဗဟိုလမ်းပေါ်မှာရှိတဲ့ ကုန်မာဆိုင် မီးလောင်တာဖြစ်ပြီး အဲဒီဖြစ်စဉ်မှာ ဆိုင်မှာရှိနေတဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တာပါ။ သေဆုံးသူနှစ်ဦးရဲ့ အမည် ၊အသက်အရွယ် စတဲ့ အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ မီးလောင်မှုကို နာရီဝက်ကြာ ငြှိမ်းသတ်ခဲ့ရပြီး ပတ်ဝန်းကျင်က အိမ်တွေကူးစက်လောင်ကျွမ်းတာမရှိဘူးလို့သိရပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရဲ့မီးလောင်မှု ဖြစ်စဉ် သတင်းဖော်ပြချက်မှာတော့ လူသေဆုံးတာကို ထည့်သွင်းအသိပေးထားတာမရှိပါဘူး။ ပွင့်လင်းရာသီရောက်လာပြီဖြစ်တာကြောင့် လူနေထူထပ်တဲ့ ရန်ကုန်မြို့မှာ မီးလောင်ကျွမ်းမှုတွေခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။ ရန်ကုန်မှာာ ဖေဖော်ဝါရီ ၁၃ ၊ ၁၄ နှစ်ရက်အတွင်း မီးလောင်မှု ဆယ်ကြိမ်ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA