У нас вы можете посмотреть бесплатно ဆေးရုံကိုပါကစ္စတန်ကလေကြောင်းကနေတိုက်ခိုက်လို့လူရာနဲ့ချီသေဆုံးကြောင်း အာဖဂန်စွပ်စွဲ | People's Spring или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဆေးရုံကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်လို့ လူရာနဲ့ချီ သေဆုံးကြောင်း အာဖဂန်စွပ်စွဲ ဆေးရုံတစ်ခုကို ပါကစ္စတန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်က စွပ်စွဲခဲ့ပါတယ်။ ကဘူးလ်မြို့တော်မှာရှိတဲ့ ဆေးရုံဟာ မတ်လ ၁၆ ရက် ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန် အစိုးရရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က လူမှုကွန်ရက် မီဒီယာ Xကနေ ကြေညာခဲ့ပါတယ်။ ပါကစ္စတန် အစိုးရနဲ့ အာဖဂန် တာလီဘန်တွေဟာ လက်ရှိမှာ စစ်ခင်းတိုက်ခိုက်နေကြပြီး ပါကစ္စတန်ဟာ ကဘူးလ် အပါအဝင် အာဖဂန်ရဲ့ အစိတ်အပိုင်းတချို့မှာ လေကြောင်းစစ်ဆင်ရေးတွေ ဆင်နွှဲနေပါတယ်။ ပါကစ္စတန်ကတော့ ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ လုံးဝမရှိကြောင်း၊ ကဘူးလ်နဲ့ နန်ဂါဟာမှာ ရှိနေတဲ့ တာလီဘန် စစ်ရေးပစ်မှတ်တွေကိုပဲ တိတိကျကျ ချေမှုန်းခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။ အာဖဂန် တာလီဘန် အစိုးရကတော့ လူနာပေါင်း ၂၀၀၀ လောက် ရှိနေတဲ့ ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ ပါကစ္စတန်ရဲ့ လုပ်ရပ်လို့ တပ်အပ် စွပ်စွဲခဲ့ပါတယ်။ မတ်လ ၁၆ ရက်နေ့ ညပိုင်းထိ အခြေအနေအရ ဆေးရုံမှာ မီးစွဲလောင်နေဆဲဖြစ်ပြီး အနည်းဆုံး ရုပ်အလောင်း ၃၀ လောက်ကို ထမ်းစင်တွေနဲ့ သယ်ထုတ်နေတာကို မြင်ခဲ့ရကြောင်း BBCရဲ့ ဒေသခံ သတင်းထောက်က ပြောပါတယ်။ အာဖဂန် ကျန်းမာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ရှာရာဖတ် ဇာမန် အမက်ခ်ဟေးလ်က ပါကစ္စတန် အနေနဲ့ ဆေးရုံကို မှားယွင်းတိုက်ခိုက်မိတယ်လို့ အကြောင်းပြချက် ပေးလို့လည်း မရကြောင်း၊ ဆေးရုံနားမှာ ဘာစစ်စခန်းမှ ရှိမနေခဲ့ကြောင်း ပြောကြားသွားပါတယ်။ တာလီဘန် အာဏာပိုင်တွေက လေကြောင်းတိုက်ခိုက်မှုကြောင့် အသေအပျောက်ဟာ ၄၀၀ ကျော်ထိ များပြားတယ်လို့ ပြောပေမယ့် အဲဒီအရေအတွက်ကို သီးခြား အတည်မပြုနိုင်ပါဘူး။ ဆေးရုံတက်နေခဲ့တဲ့ လူနာတွေရဲ့ မိသားစုတွေဟာ ပျက်စီးနေတဲ့ အဆောက်အအုံတွေနားမှာ စုဝေးရင်း သတင်းစုံစမ်းဖို့ ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ပါကစ္စတန်နဲ့ အာဖဂန်တို့ရဲ့ ပဋိပက္ခဟာ နယ်စပ်နားမှာ အပြန်အလှန် တိုက်ခိုက်နေကြရာကနေ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ စစ်ပွဲတစ်ခုအသွင် ကျယ်ပြန့်လာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အာဖဂန် ထောက်ပံ့ရေး မစ်ရှင် (UNAMA)က အဲဒီစစ်ပွဲကြောင့် အာဖဂန်မှာ အနည်းဆုံး ၇၅ ဦးသေပြီး ၁၉၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကြေညာထားပါတယ်။ အာဖဂန် တာလီဘန် အစိုးရဟာ ပါကစ္စတန်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ပါကစ္စတန် တာလီဘန်တွေ အပါအဝင် စစ်သွေးကြွ အင်အားစုတွေကို ခိုလှုံခွင့် ပေးထားကြောင်း ပါကစ္စတန်က စွပ်စွဲထားပါတယ်။ ဒါပေမဲ့ အာဖဂန် တာလီဘန်တွေကတော့ ဘယ်ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ခိုလှုံခွင့်နဲ့ တခြားအကူအညီတွေ ပေးမထားကြောင်း တုံ့ပြန်ထားပါတယ်။ ကိုးကား: BBC 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA