У нас вы можете посмотреть бесплатно “ဘဝကို စိတ်ကဦးဆောင်သည်” Dr.Phio Thiha. или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
✨️ “ဘဝကို စိတ်က ဦးဆောင်သည်” တဲ့။ မနာလိုစိတ်တွေ၊ သိမ်ငယ်စိတ်တွေ များနေသလား။ အဲဒီစိတ်ကပဲ တပါးသူကိုရော၊ ကိုယ့်ဘဝကိုပါ ရုပ်ဆိုးအကျည်းတန်စေပါလိမ့်မယ်။ ✨️ ဘယ်သူ့ဘဝမှာမဆို ဘယ်ကို ရွေးရမယ် မသိတဲ့ လမ်းဆုံလမ်းခွ အခြေအနေတွေ၊ ဦးနှောက်နဲ့ နှလုံးသား အားပြိုင်ရတာတွေ၊ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်ရတာတွေ တချိန်မဟုတ်တချိန် ရှိကြမှာပါပဲ။ နှစ်ဖက်စလုံးမှာ ဘယ်ဘက်ကိုရွေးရွေး နာကျင်ရတာတွေ၊ ထိခိုက်ရတာတွေလည်း ရှိမယ်။ ✨️ ဘယ်လိုပဲဖြစ်ဖြစ် “ဒီရွေးချယ်မှုကနေ ငါ ဘာစိတ်ကလေး ပြန်ရမှာလဲ” ဆိုတဲ့ မေးခွန်းနဲ့ စစ်ချကြည့်လိုက်ရင်တော့... အတိုင်းအတာတစ်ခုထိ ရှင်းလင်းသွားမယ်..အဖြေရသွားပါလိမ့်မယ်။ ✨️ နောင်တကင်းတဲ့သူ ဆိုတာလည်း လောကမှာ အတော်လေး ရှားပါလိမ့်မယ်။ မပြောသင့်ဘဲ ပြောမိခဲ့တဲ့ စကားတွေ၊ မပို့သင့်ဘဲ ပို့မိခဲ့တဲ့ စာတွေ၊ မလုပ်သင့်ဘဲ လုပ်ခဲ့မိတဲ့ ရွေးချယ်မှုတွေ အများကြီးပေါ့။ ✨️ ကျွန်တော့်မှာလည်း ရှိတာပါပဲ။ ပြန်စဉ်းစားကြည့်တဲ့အခါ ဘာကြောင့် မှားသွားသလဲ မေးရင် စိတ်ခံစားချက်ရဲ့ သားကောင် ဖြစ်ခဲ့လ်ို့ပါပဲ။ ✨️ ဒါ့ကြောင့်...ကိုယ့်မှာ စိတ်ကောင်းလေးတွေ ခဏခဏ ဖြစ်နေအောင် ကြိုးစားမယ်။ မကောင်းတဲ့ စိတ်တွေ ဖြစ်လာတဲ့အခါ သတိထားမိအောင် လေ့ကျင့်မယ်။ ဖြစ်လာတိုင်းမှာ ဒီစိတ်ရဲ့ သားကောင် အဖြစ်မခံဘဲ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းမယ်။ ဆင်ခြင်မယ်။ ဒီနည်းလမ်းလေးတွေကပဲ ကိုယ့်ရဲ့အဆင့်အတန်းကို မနှိမ့်မိအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်...တဲ့။ ✨️ Credit Writer : Dr.Phio Thiha. ✨️ Audio by Ei Mon Oo🥕🐇. #AudioBooksLibraryByEiMonOo #EiMonOo #drphiothiha #စိတ်ခွန်အားဖြည့်စာပေ #audiobook #myanmaraudiobook