У нас вы можете посмотреть бесплатно မဆလာ ကြက်တောင်ပံ မွှေးကြော် Masala Fried Chicken WIng или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အရမ်းကို မွှေးပြီး စားကောင်းတဲ့ မဆလာ ကြက်တောင်ပံကြော်လေးပါခင်ဗျာ... အိန္ဒိယစတိုင် နနွင်းရောင် ဝါဝါလေးနဲ့ ကြက်ကြော်မွှေးမွှေးလေးကို ကြိုက်တဲ့ သူငယ်ချင်းတွေ အခုကြက်ကြော်အရသာကို ကြိုက်မှာသေချာပါတယ်၊ ပထမဆုံး အရသာနှပ်ရန်အတွက် ဇလုံတခုထဲမှာ ရေဆေးပြီးရေစစ်ထားတဲ့ ကြက်တောင်ပံကို ထည့်ပေးပါ၊ ကြက်တောင်ပံထဲ ကို ခြစ်ထား ဒါမှမဟုတ်ထောင်းထားတဲ့ ကြက်သွန်ဖြူနဲ့ ချင်း(ဂျင်း) ကို ထည့်ပေးပါ၊ ပြီးရင် သံပရာသီး ၁ လုံးညှစ်ထည့်ပေးပါ၊ သံပုရာသီးအစား အချိုမပါတဲ့ ဒိန်ချဉ်၁ ဇွန်းလောက်ထည့်ပေးလည်းရပါတယ်၊ ပျဉ်းတော်သိမ်ရွက် ၃ ခက်လောက် ချွေထည့်ပေးပါ၊ အရသာအတွက် ဆား အနည်းငယ်၊ အချိုမှုန့် အနည်းငယ် ( မစားရင် မထည့်လည်းရပါတယ်) နနွင်းမှုန့်အနည်းငယ်၊ ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်၊ မပါမဖြစ်က အသားမဆလာ သို့မဟုတ် မိမိစိတ်ကြိုက်မဆလာ ထည့်ပြီး ၁ နာရီလောက် သို့မဟုတ် ရေခဲသေတ္တာထဲမှာ ညလုံးပေါက်နှပ်ထားပေးပါ၊ ကြော်ခါနီးကျမှ အရသာနှပ်ထားတဲ့ ကြက်သားထဲကို အကြော်မှုန့် ၂ ဇွန်းလောက်ထည့်နယ်ပေးပါ၊ အကြော်မှုန့်တွေက ကြက်သားပေါ်မှာ ခပ်ပါးပါးလေး ကပ်သွားတယ်ဆိုရင်ရပြီဖြစ်ပါတယ်၊ ဒယ်အိုးထဲမှာ ဆီများများထည့်ပြီး မီးအားနည်းနည်းနဲ့ ၁၀ မိနစ်လောက်ကြော်ပေးပါ၊ ကြက်သားတွေအရောင်ပြောင်းလာပြီဆိုရင် မွှေးပြီး စားကောင်းတဲ့ ကြက်တောင်ပံကြော်လေးရပြီဖြစ်ပါတယ်၊ Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။