У нас вы можете посмотреть бесплатно D (3) - "သံသရာစက်ရပ်၊ ဓမ္မစက်လည်ပြီး ဝိမုတ္တိစက်လည်နိုင်ကြပါစေ" တရားတော် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
☀️ ယနေ့ တင်ဆက်မည့် တရားတော်ကို မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်တော်မူသလို "နားကြီးကြီးနဲ့ နာယူကြပါရန်" WTC ပရိသတ် အပေါင်းအား အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ ☀️ ဉာဏ်ဖြစ်ပြီးသူများ နှစ်ထောင်းအားရကြပါလိမ့်မည်။ ☀️ဉာဏ်ဖြစ်လွယ်သူများ တစ်ကြိမ်နာကြားရုံနှင့် ထူးခြားသော အသိဉာဏ် ရရှိကြပါလိမ့်မည်။ ☀️ အချို့သောဝေနေယျများ အနေနှင့် အကြိမ်ကြိမ်နာကြားရန် လိုအပ်ပါလိမ့်မည်။ ☀️ ချက်ချင်းဉာဏ်မပေါက်လည်း အားမလျှော့စေချင်ပါ။ လိုအပ်မည်ထင်ပါက အခြေခံတရားများကို ပြန်လည်လေ့လာပြီး ဝိဘဇ္ဇပြုလုပ်ရန် အကြံပြုအပ်ပါသည်။ ☀️ ပညတ် ပရမတ် အယူများ ဆက်စပ် သိနိုင်လျှင် မနောငြိမ်းနှင့် ဉာဏ်ငြိမ်း ခွဲခြားသိရှိနိုင်ပြီး ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ်သမ္မာဒိဋ္ဌိ၊ ဖိုလ်သမ္မာဒိဋ္ဌိ အဆင့်ဆင့် သိမြင်နိုင်ပြီး သံသရာစက်ရပ်၍ ဓမ္မစက်လည်စေခြင်းသို့ ရောက်ရှိနိုင်ပါမည်။ ☀️ ထိုမှတဖန် ဝိမုတ္တိစက်လည်သည် အထိ အပမာဒေန သမ္မာဒေထဖြင့် အဆင့်ဆင့် ဉာဏ်အမြင်ပွင့်လင်းနိုင်ကြပါစေ။ ☀️ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု။ မှတ်ချက်။ ✅ (တရားဆွေးနွေးပွဲတွင် အသံဖမ်း အားနည်းမှုကို သည်းခံပေးပါရန် ပန်ကြားအပ်ပါသည်။) ✅ (အထက်တွင် "နားကြီးကြီးနဲ့နာယူကြပါရန်" ဟု မိုးကုတ်ဆရာတော်ဘုရားကြီး၏ စကားတော်၏ ဆိုလိုရင်းမှာ - "သစ္စာသိမြင် ကျွတ်တမ်းဝင် နိဗ္ဗာန်မျက်မှောက် ပြုရန်အတွက် ပရမတ်သဘောတရားများကို ရှင်းလင်းဟောပြောရန် ပညတ် ဝေါဟာရများကိုသာ အသုံးပြုရပါသဖြင့် ပညတ် 'နား' နှင့် နားမထောင်ကြပဲ ပရမတ်သဘော ယူ၍ 'နားကြီးကြီး' ဖြင့်နားထောင်ကြပါ" - ဟု ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။)