У нас вы можете посмотреть бесплатно Khit Thit Afternoon News | January 22, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကရင်ပြည်နယ်မှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ BGF အမည်ပြောင်း KNA တပ်ခေါင်းဆောင် စောချစ်သူ ဦးဆောင်တဲ့ တပ်တွေနဲ့ စစ်တပ်အကြား ဆက်ဆံရေးပြေလည်သွားပြီး ထမင်းလက်ဆုံစားတဲ့ အဆင့်အထိ ရောက်ရှိသွားသလို ၊ KNA ရဲ့ ကျားဖြန့် လုပ်ငန်းတွေ ပြန်လည်စတင်မှုကိုလည်း စစ်တပ်က အနှောင့်အယှက်မပေးတော့ပဲ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ -ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က တုံးတံတား မှာ တာဝန်ကျနေတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခလရ ၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၇ ဦးဟာ KNU တပ်တွေဆီကို တစ်ရက်တည်းမှာပဲ ထွက်ပြေးလာ ကြပြီး အလင်းဝင်ရောက်လာကြတယ်လို့ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းမြို့နယ်က အကြမ်းဖက် စစ်တပ် တပ်စွဲထားရာ မြသိန်းတန်စေတီ နဲ့ မင်းကွန်းရဲစခန်းတို့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ ဘန်ကာ ၁ ခုကိုပါ တခါတည်း ရှင်းလင်း နိုင်ခဲ့တယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အမေရိကန် သမ္မတ ထရန့်က ဂရင်းလန်းကျွန်းနဲ့ပတ်သက်လို့ သဘောတူညီမှု မူဘောင်ရပြီးတဲ့နောက် ဥရောပအပေါ် အခွန်တိုးမြှင့်မယ့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ပြီး ၊ ဂရင်းလန်းကျွန်းကို အမေရိကန်က အင်အားသုံး သိမ်းယူမှာမဟုတ်ဘူးလို့ သမ္မတထရန့်ကို ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။