У нас вы можете посмотреть бесплатно နျူဓာတ်ပေါင်းဖို၊ ထားဝယ်ဆိပ်ကမ်းနဲ့ ကရင်မလင်မှာ ပြောတဲ့ ကြွက်မင်းဇာတ်လမ်း - BBC News မြန်မာ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအနှံ့ စစ်မျက်နှာပြင် ပတ်ချာလည်နဲ့ စစ်ရေး ဖိစီးခံနေရ ချိန်မှာပဲ၊ မြန်မာစစ်တပ် အတွက် စစ်ရေးပိုင်း ဆိုင်ရာ ကျောထောက်နောက်ခံ အဖြစ် နှစ်ရှည်လများ မှီခို အားပြုနေရတဲ့ ရုရှားနဲ့ကြား ဆက်ဆံရေးကို ပိုပြီး တိုးမြှင့်လာပါတယ်။ တကယ်တော့ ... ၂၀၂၁ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှု နောက်ပိုင်း စစ်ခေါင်းဆောင်ဟာ ရုရှားကို ၃ကြိမ်ထက် မနည်း သွားထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် ၄ ကြိမ်မြောက် ကတော့ စစ်တပ် အကြီးအကဲ အဖြစ်သာမက တိုင်းပြည်ရဲ့ အကြီးအကဲ တစ်ယောက် အနေနဲ့ ဖိတ်ကြားခံခဲ့ရပြီး၊ နိုင်ငံတော် အဆင့် ဂုဏ်ပြု ကြိုဆိုခံရတဲ့ အကြောင်း စစ်ကောင်စီ မီဒီယာတွေက မီးမောင်းထိုး ပြောကြပါတယ်။ နိုင်ငံတကာ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ကိုယ်စီ ချမှတ်ခံထားရတဲ့ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံဟာ ဒီ ခရီးစဥ် အတွင်းမှာပဲ စီးပွားရေး ဆိုင်ရာ သဘောတူညီချက် တချို့ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ရုရှားက မြန်မာနိုင်ငံထဲမှာ နျုကလီယာ ဓာတ်ပေါင်းဖို အငယ်စားတစ်ခု ဆောက်ပေးမယ် ဆိုတဲ့ သဘောတူမှု စာချုပ် လက်မှတ်ထိုးပါတယ်။ ဒီ ခရီးစဥ်ဟာ စစ်ခေါင်းဆောင် ကြုံတွေ့နေရတဲ့ စစ်ရေး၊ နိုင်ငံရေး ဖိအားတွေကို တကယ်တမ်း လျော့နည်းစေနိုင်လား .... အကောင်အထည် မဖော်နိုင်ပဲ နှစ်ရှည်လများ ကြန့်ကြာနေတဲ့ ရှိလက်စ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူး စီးပွားရေးဇုံ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှု တချို့ ပြုလုပ်မယ်လို့ ဆိုတဲ့ ရုရှားဘက်ကရော မြန်မာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဗျူဟာမြောက် ရည်မှန်းချက်တွေ ရှိနေလဲ .... စစ်ခေါင်းဆောင်ရဲ့ အခု ခြေလှမ်းတွေ အပေါ် တရုတ်ဘက်ကရော ဘယ်လို သဘောထားနိုင်မလဲ စတဲ့ လေးနက်တဲ့ အကြောင်းအရာတွေကို အခုတစ်ပတ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်၊ ဗျာဒိတ်ရ ကြွက်မင်း ဇာတ်တော် ကရင်မလင်မှာ ပြောခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ အပြုအမူ အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ကောက်ချက်မျိုးတွေ ချနိုင်သလဲ ဆိုတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကိုလည်း နားဆင်ရဖို့ ရှိပါတယ်။ ဒီတစ်ပတ် ပါဝင်ဆွေးနွေးကြသူတွေကတော့ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေကို ယူခဲ့ပြီး၊ မြန်မာ့အရေး နှစ်ရှည်လများ အနီးကပ် စောင့်ကြည့်နေခဲ့တဲ့ ဒေးဗစ် မက်သီဆန်နဲ့ ကမ္ဘာ အနှံ့ အရေးကြီး ကိစ္စချင်းရာတွေ အပေါ် စောင့်ကြည့်ပြီး စုံစမ်းမှုတွေကို နက်နက်ရှိုင်းရှိုင်းနဲ့ အသေးစိတ်တွေ ပြုလုပ်တဲ့ BBC Monitoring လို့ ခေါ်တဲ့ ဘီဘီစီ စောင့်ကြည့်ရေး ဌာနက ရုရှားနဲ့ ယူကရိန်း အရေး ကျွမ်းကျင်သူ ဗစ်တာလီ ရှက်ဗ်ချင်ကိုတို့ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ကိုဝေဖြိုးစီစဥ် တင်ဆက်ထားတာကို မတ်လ ၁၅ ရက်၊ စနေည မြန်မာစံတော်ချိန် ည ၈ နာရီ အချိန်မှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ည ၈ နာရီ ခွဲ အချိန် ဘီဘီစီမြန်မာပိုင်းရဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့်သွားမှာမို့ စောင့်မျှော် ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း