У нас вы можете посмотреть бесплатно ပဲမလိုင်ဆနွင်းမကင်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ပဲမလိုင်ဆနွင်းမကင်း ဒီပဲမလိုင်ဆနွင်းမကင်းလေးကတော့ ပဲမလိုင်ဆိုတဲ့အတိုင်း မလိုင်ခဲဆိမ့်ဆိမ့်လေးကိုစားနေရသလို အရမ်းစားကောင်းပါတယ်။ ဒီနည်းလေးကတော့ အိစံရဲ့ ကိုယ်ပိုင် recipe လေးပေါ့နော်။ ဒါလေးဖြစ်လာမလာ မသေချာပဲစမ်းသပ်ကြည့်လိုက်တာ။ မထင်မှတ်ထားအောင်ကို ကောင်းပါတယ်။ အိစံကျွေးတဲ့သူအားလုံးကလဲ တော်တော်ကောင်းတယ်ဆိုပြီးပြောကြတယ်။ ပဲမလိုင်ဆနွင်းမကင်းကို လုပ်စားတဲ့သူတိုင်း သေချာတယ် မကြိုက်ဖူးဆိုတဲ့သူမရှိလောက်ဘူး။ နောက်တခုပြောစရာရှိတာကလေ ပဲစိမ်းမှုန့်နဲ့လုပ်ထားပေမယ့် ပဲအနံ့လုံးဝမနံတာပါပဲ။ မွှေးကြိုင်ပြီး ဆိမ့်ဆိမ့်လေးနဲ့ အလွန်စားကောင်းတဲ့ ပဲမလိုင်ဆနွင်းမကင်းလေးလုပ်ကြည့်ဖို့အတွက် ဒီ Video လေးကို ကြည့်ကြည့်နော်။ ပါဝင်သောပစ္စည်းများ ၁။ မွှေး ပဲစိမ်းမှုန့် - ၁ ထုပ် (၁၅၀ ဂရမ်) ၂။ ရွှေကြည်မှုန့် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း ၃။ သကြား - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း (အချိုကြိုက်လျှင်ပိုထည့်ပါ။) ၄။ နို့ဆီ - ၁ ဗူး ၅။ နို့စိမ်း - ၁ ဗူး ၆။ အုန်းနို့ - ၄၀၀ ml ၇။ ဆား - လက်ဖက်ရည်ဇွန်း တဝက် ၈။ ထောပတ် - ၁ ခွက် (သို့) ထမင်းစားဇွန်း ၁၆ ဇွန်း ၉။ ဘိန်းစေ့ - ထမင်းစားဇွန်း ၂ ဇွန်းစာ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml) (ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)