У нас вы можете посмотреть бесплатно iPhone ကို သုံးသင့်တဲ့ အဓိက အချက် (၇) ချက် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
iPhone ကို သုံးသင့်တဲ့ အဓိကအချက် ၇ ချက် This is the reasons why you should use iPhone. ၁) iPhone ဟာအခြားဖုန်းတွေထက် မြန်ဆန်ပြီး ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိခြင်း iPhone ဟာ အခြားဖုန်းတွေနှင့် နှိုင်းယှဉ်ရင် မြန်ဆန်ပြီး ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရင်ရှိတဲ့အတွက်၊ iPhone သုံးပြီးသွားတဲ့သူတစ်ယောက်ဟာ နောက်ထပ်ဖုံးအသစ်တစ်လုံးလဲမယ်ဆိုရင် iPhone ပဲဖြစ်မယ်ဆိုတာ သေချာပေါက်ပြောရဲပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရင်က Android Crazy တစ်ယောက်ဖြစ်ခဲ့ပါတယ်။ iPhone ကို 6s မှစပြီး သုံးဖူးတာပါ။ Android ဖုန်းတစ်လုံး စသုံးကာစမှာ ဖုန်းရဲ့ စွမ်းဆောင်ရည်ဟာ မြန်တယ်၊ သုံးလို့ကောင်းတယ်လို့ ခံစားရပေမယ့်၊ နောက်ပိုင်းမှာ Android ဖုန်းဟာ တဖြည်းဖြည်းနှင့် စွမ်းဆောင်ရည်ကျ ဆင်းလားပြီး၊ သုံးရတာစိတ်ကျေနပ်မှု မဖြစ်တော့ပါဘူး။ iPhone ကတော့ အတော်အသုံးခံပြီး စွမ်းဆောင်ရင် တော်တော်နဲ့ မကျပါဘူး။ လက်တွေ့အနေနှင့် ကျွန်တော် iPhone 6s ကို ၄ နှစ်ကျော်သုံးခဲ့တယ်။ နောက်ဆုံးအချိန်ထိ စွမ်းဆောင်ရည်မကျဘူး။ ဒါကြောင့်လည်း iPhone မော်ဒယ်အဟောင်းတစ်လုံးကို မသုံးချင်လို့ ပြန်ရောင်းရင်လည်း သင့်တင့်တဲ့ စျေးနှုံးပြန်ရတယ်။ ကျွန်တော့်ရဲ့ iPhone 6s ကို ပြန်ရောင်းလိုက်တာ $150 ရခဲ့ပါတယ်။ ဒါတောင်နည်းနည်းပါးပါး ပွန်းရာ၊ ချစ်ရာလေးတွေပါလို့ပါ။ အခုဆိုရင် နောက်ဆုံးပေါ် iPhone တွေမှာပါတဲ့ A12 Bionic Chip လိုခေါ်တဲ့ CPU အမျိုးအစားဟာ Samsung နောက်ဆုံးပေါ်ဖုန်းတွေမှာပါတဲ့ CPU စွမ်းဆောင်ရင် မြင့်မားတယ်။ ဒါကတော့ Ranking website ဖြစ်တဲ့ AnTuTu ကထွက်ပေါ်လာတဲ့ ဇယားဖြစ်ပြီး အဲ့ထဲမှာ iOS က Ranking အမြင့်ဆုံးဖြစ်နေတာကို တွေ့ရမှာပါ။ iPhone အနေနှင့် အခုလို Ranking အမြင့်ဆုံးဖြစ်တာ သူရဲ့စွမ်းဆောင်ရည်ကြောင့်မ အထူးအဆန်းတော့မဟုတ်ပါဘူး။ https://en.wikipedia.org/wiki/AnTuTu_... ၂) အသုံးပြုရ လွယ်ကူခြင်း iOS Interface ဟာ ကလေးရော၊ လူကြီးပါ အလွယ်တကူအသုံးပြုနိုင်တဲ့ ပုံစံမျိုးပါ။ iPhone ရဲ့ iOS Version တွေ ဘယ်လိုပဲ ပြောင်းသွားပေမယ့်၊ iPhone ကို အသုံးပြုရတဲ့ ပုံစံက ပြောင်းမသွားပါဘူး။ Lock ဖွင့်လိုက်တာနှင့် Apps တွေကို တွေ့မယ် ကိုယ်သုံးချင်တဲ့ App ကို ဖွင့်သုံးရုံပဲ ဖြစ်တယ်။ ၃) iOS အသစ်ထွက်တိုင်း iPhone အတွက် အဆင့်မြှင့်တင်နိုင်ခြင်း iPhone တွေအတွက် Operating System ဖြစ်တဲ့ iOS version အသစ်ထွက်တိုင်း တကမ္ဘာလုံး၊ တချိန်တည်းမှာပဲ Download ဆွဲပြီး၊ Upgrade လုပ်နိုင်ပါတယ်။ ၄) iPhone ထဲမှာသိမ်းထားတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှုရှိခြင်း Internet ထဲမှာ Smartphone တွေကိုတိုက်ခိုက်ဖို့ ဖန်တီးထားတဲ့ malware တွေ၊ virus တွေရဲ့ ၉၇ ရာခိုင်နှုံးဟာ Android Phone တွေကို တိုက်ခိုက်ဖို့ရည်ရွယ်တယ်၊ နောက်ပြီး iPhone မှာအသုံးပြုဖို့ App တွေကိုဖန်တီးတဲ့ခါမှာ iOS ထဲမှာရှိတဲ့ sandbox က ဖန်တီးလိုက်တဲ့ App ရဲ့ ကုဒ်တွေထဲမှာ iOS နှင့် အခြား App တွေကိုပျက်စီးရာ၊ ပျက်စီးကြောင်းလုပ်တဲ့ လုပ်ဆောင်ချက်တွေပါ၊ မပါ စစ်ဆေးပေးတယ်။ iMessage နှင့် FaceTime မှာ အပြန်အလှန်ပို့တဲ့ စာတွေ၊ ပုံတွေကို ကြားဖြတ်မယူနိုင်အောင်၊ မဖတ်နိုင်အောင် အလွန်လုံခြုံစိတ်ချရတဲ့ encryption ကို အသုံးပြုထားတယ်။ TouchID နှင့် FaceID တွေကို iPhone ထဲမှာပါတဲ့ Secure Enclave လို့ခေါ်တဲ့ Hardware ထဲမှာ သင်္ချာပုံစံနှင့် သိမ်းဆည်းထားပါတယ်။ ဖုန်းထဲမှာပဲ သိမ်းဆည်းထားတာဖြစ်ပြီး၊ လက်ဗွေနှင့် Scan ဖတ်ထားတဲ့မျက်နှာကို ပုံအနေနှင့် မသိမ်းဆည်းထားသလို၊ iCloud ထဲသော်လည်းကောင်း၊ Internet ထဲက Server တစ်ခုခုထဲသော် လည်းကောင်း သိမ်းဆည်းထားခြင်းမရှိပါဘူး။ စသည်ဖြင့် iPhone ထဲမှာပါတဲ့ App တွေမှာလည်း လုံခြုံစိတ်ချရတဲ့ encryption တွေအသုံးပြုထားသလို App Store ထဲမှာကို လာမယ့် App တွေကိုလည်း iOS ထဲက sandbox နှင့် စစ်ဆေးပြီးလက်ခံတာဖြစ်တဲ့အတွက် လုံခြုံစိတ်ချရမှုမှာတော့ Android ထက် အားသာချက်တွေရှိပါတယ်။ ၅) Apple Pay နှင့် ငွေပေးချေမှုများကို အလွယ်တကူလုပ်နိုင်ခြင်း နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ အသုံးပြုနိုင် ၆) Apple ecosystem ထဲမှာ အခြား Devices များနှင့်အတူအသုံးပြုနိုင်ခြင်း iPhone အသုံးပြုနေတဲ့သူဟာ Tablet ဝယ်မယ်ဆိုရင် iPad ပဲဝယ်လိမ့်မယ်၊ Smartwatch ဝယ်မယ်ဆိုရင် Apple Watch ပဲဝယ်လိမ်မယ်၊ Laptop ဝယ်ရင် Macbook ပဲဝယ်လိမ့်မယ်လို့ ရဲရဲကြီးပြောရဲတယ်။ Apple ပစ္စည်းတွေချည်းရှိတဲ့ ဝန်းကျင် (သို့မဟုတ်) Apple ecosystem ထဲမှာ Device တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီးအလုပ်လုပ်ရတာ အရမ်းအဆင်ပြေတယ်။ ဥပမာ၊ iPhone ထဲမှာ ထည့်ထားတဲ့ Wireless Password ကို iPad ထဲမှာ ထည့်စရာမလိုတော့ပဲ တန်းသုံးလို့ရတယ်။ ဖုန်း Call တစ်ခုဝင်လာရင် Macbook ကနေဖုန်းပြောလို့ရတယ်။ AirDrop ကနေ iPhone ကဖိုင်ကို Macbook ထဲပို့ချင်လား၊ iPad ထဲ့ပို့ချင်လား ပို့လို့ရတယ်။ စသည်ဖြင့် Device တစ်ခုနှင့်တစ်ခုချိတ်ဆက် အလုပ်လုပ်တဲ့အခါ အရမ်းလွယ်ပြီး အခြား Application တွေထည့်စရာမလိုတဲ့အတွက် အချိန်ကုန်သက်သာတယ်။ ၇) iPhone Settings, Music, Video, Photo, Location စတာတွေကို အလွယ်တကူ Share နိုင်ခြင်း တစ်မိသားစုလုံး iPhone (သို့) iPad အသုံးပြုတယ်ဆိုရင် Settings ကို Share လို့ရတယ်။ ဥပမာ၊ Screen Time အသုံးပြုမှုကို တနေ့ ၃ နာရီပဲသတ်မှတ်ထားပြီး၊ အိမ်ကလူတွေအားလုံးရဲ့ Device တွေထဲမှာ ထည့်ထားလို့ရတယ်။ နောက်ပြီး အိမ်မှာရှိတဲ့ သားသမီးတွေက iTune ထဲက Movie တစ်ခုကို ငှားကြည့်မယ်ဆိုရင် အလွယ်တကူငှားလို့မရပဲ အုပ်ထိန်းသူကို မေးပြီးမှငှားလို့ရတယ်။