У нас вы можете посмотреть бесплатно ချန်ဂင်တို့စခန်း (၂၄၆)- Jang-Geum’s Camp Episode (246) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
စစ်တပ်ရဲ့သဘောထားမှန်ကို အာဏာမသိမ်းခင်ကတည်းက သိထားပြီးတဲ့ကိုယ်တို့ကတော့ အတင်းအဓမ္မအာဏာသိမ်းပြီး မတရားသဖြင့် အုပ်ချုပ်တဲ့ အစိုးရဝန်ထမ်းယန္တရားကြီးထဲမှာ ဘယ်နေရာကမှ မပါဝင်ချင်တဲ့အတွက် ပြတ်ပြတ်သားသား လမ်းခွဲရပ်တည်လာခဲ့တာ သုံးနှစ်သုံးမိုးတောင် ရှိပါပြီ။ ဒါပေမယ့်လည်း ငါတို့မှာ မိသားစုနဲ့၊ မိအိုဖအိုနဲ့၊ မှီခိုသူ ဆွေမျိုးသားချင်းတွေနဲ့၊ အစရှိသဖြင့် ငဲ့ကွက်ခြင်းများစွာနဲ့ လွတ်အောင်မရှောင်နိုင်သူများကို အခုအခါမှာ အတင်းအဓမ္မ စစ်သားစုဆောင်းဖို့ အိမ်တံခါးလာခေါက်နေပါပြီ။ ရန်ကုန်မှာလည်း ဆွဲတယ်။ မန္တလေးမှာလည်း ဆွဲတယ်။ ဘယ်နေရာမှာမဆို ဆွဲတယ်။ “ဥပဒေအရ မည်သို့ပင် ဆိုစေကာမူ…” ဆိုပြီး ရရင် ရသလိုဆွဲတယ်။ အစကတည်းက အခြေခံဥပဒေကိုဆန့်ကျင်ပြီး မုသားတစ်သိန်းနဲ့ အာဏာသိမ်းထားတဲ့သူတွေဆီက နောက်ထပ် မုသားတစ်ခွန်းနှစ်ခွန်း ထပ်လိမ်တော့ရော ဘာထူးသွားမှာမို့လို့လံ။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့လူတစ်ယောက်ဆီက “ဒါလောက်တော့ မလုပ်လောက်ပါဘူး။” လို့ ယုံကြည်နေစရာ ဘာအကြောင်းရှိလံ။ အခုတောင်မှ ရပ်ကွက်ရုံး နာမည်စာရင်းပေါက်နေသူတွေကသာ ပူပူပင်ပင်ရှိတာ။ ကိုယ့်သားသမီး နိုင်ငံခြားပို့ထားပြီးသားလူတွေက “ငါတို့နဲ့ မဆိုင်တော့ဘူး။” ဆို ဒူးလေးကိုနှန့်လို့။ “မင်းတို့ကောင်တွေ ငါ့လောက်မှ မလည်ပဲကိုး။ အ တဲ့သူ ခံကြကွာ။” ဆို ဘုရားစာလေးတွေထိုင်ရှဲပြီး မျောက်ပွဲကြည့်သလို ကြည့်နေကြတာ အများကြီးပဲ။ တနိုင်ငံလုံး စစ်မီးလောင်နေလည်း ကိုယ်နဲ့မဆိုင်သလို နေစိမ့်တဲ့သူတွေ နည်းသလား များသလား သိချင်ရင် ကိုယ့်ရဲ့တစ်နေ့တာ ဆုံတွေ့ရသမျှလူတွေကို ရေတွက်ကြည့်ပြီး အဲ့ဒီအထဲမှာ နေနိုင်သူကြီး ဘယ်နှစ်ယောက်ပါသလဲ random sampling ယူကြည့်လိုက်။