У нас вы можете посмотреть бесплатно ယောနိသောမနသိကာရ или скачать в максимальном доступном качестве, которое было загружено на ютуб. Для скачивания выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ယောနိသောမနသိကာရ ....................... စာသံပေသံပါနေတော့ ကျွန်တော်တို့နဲ့ သိပ်အလှမ်းဝေးနေတယ် ဘုန်းကြီးကျောင်းဗီရိုထဲက လက်သုံးလုံးလောက်ထူတဲ့ ကျမ်းထဲမှာ ဆရာတော်တွေသာ ကျက်မှတ်သင်ယူရတဲ့ စကားလုံးအဖြစ် မှတ်ယူခဲ့တာမျိုးပေါ့ မြန်မာလို အဓိပ္ပာယ်ဖွင့်ကြည့်မှ ဘဝထဲကို ဆွဲသွင်းလို့ရသွားတယ် နှလုံးသွင်းမှန်ကန်ရမယ်တဲ့ သူနဲ့တွဲနေတာက သဒ္ဒါပါ ယုံကြည်မှုပေါ့ ကောင်းစေခြင်သည့်သဘောနှင့် ပြောဆိုခဲ့သည်ဆိုပါစို့ လက်ခံဖို့ဆိုတာ ဒီလူကငါ့ကို ကောင်းစေလို၍ ပြောခြင်းဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု သဒ္ဒါက ပဓာနအနေနဲ့ လိုအပ်တယ် အဲ့ဒီကနေတစ်ဆင့်တက်ပြီးမှ နှလုံးသွင်းမှန်ကန်မှုဆိုတာ ဖြစ်ပေါ်လာတာပါ ကိုယ့်ရဲ့အပြုအမူအယူအဆတွေကို သူကဒီလိုမြင်နေတယ် မှားနေရင်လည်း ဝန်ခံပြုပြင်လိုက်မယ် မှန်နေရင်လည်း ဒီအကြောင်းဒီအချက်ကြောင့် ဒီလိုယူဆရပါတယ်လို့ ဆွေးနွေးတိုင်ပင်မယ် ဒါကိုမှ ယောနိသောမနသိကာရ နှလုံးသွင်းမှန်ကန်တယ်လို့ ခေါ်ထိုက်တာပါ ဘာပြောပြော ခေါင်းငုံ့ခံတာမျိုးက စကားနဲရန်စဲသဘောမျှသာပါ ကိုယ့်အတွက်သူ့အတွက် ဘာမှအကျိုးဖြစ်ထွန်းလိမ့်မယ်မထင်ဘူး ရှေးကလူရွှင်တော်ကြီးတွေ ပျက်လုံးထုတ်သလိုပေါ့ ခန္တီ စ မနိုင်လို့ သည်းခံရခြင်းသည်၄င်းတဲ့ အဲ့ဒီလိုပဲဖြစ်ပါလိမ့်မယ် ကိုယ့်ရဲ့ပြောဆိုစကားကို ကျေနပ်နှစ်သက်စွာ လက်မခံနိုင်သူတွေလည်း လောကမှာရှိတတ်ပါတယ် ဒါကသဘာဝပါ အမိနဲ့သားမှာတောင် အမေပြောသမျှသားက အလုံးစုံနားထောင်တတ်တာမျိုးမှ မဟုတ်တာ ဖြတ်သန်းရတဲ့ ခေတ်အချိန်အခါ ပတ်ဝန်းကျင် ကွဲပြားမှုကြောင့် အတွေးအခေါ်အယူအဆထပ်တူကျဖို့ မဖြစ်နိုင်ဘူးလေ ဒီလိုဖြစ်လာရင်တော့ ဥပေက္ခာနဲ့ ကျေနပ်နှစ်သိမ့်နိုင်ဖို့ လိုအပ်တယ် အများပြောနေကြလို သူဘာဖြစ်ဖြစ်ပစ်ထားလိုက်တော့မယ် ပြုမရပြင်မရရပြောမရဆိုမရ ဘယ်သွားသွားဘာလုပ်လုပ် သူ့အကြောင်းနဲ့သူရှိပါစေတော့ဆိုတာ မြတ်ဗုဒ္ဓဟောကြားတဲ့ မှန်ကန်တဲ့ ဥပေက္ခာမဟုတ်ပါဘူး မြတ်ဗုဒ္ဓရဲ့ ဥပေက္ခာဆိုတာ သူအတွက်ကောင်းစေချင်သည့် စိတ်ရင်းစေတနာမပျက် သူအတွက်လိုအပ်လာရင် ကိုယ်ကပြုမြဲအတိုင်းပြုလုပ်ပေးရပါမယ် ကိုယ့်သဘောကို ကျေနပ်နှစ်သက်စွာ နှလုံးမသွင်းနိုင်သည်ထားပါစေအုံး ဒါကသူ့အကြောင်း သူ့ကိစ္စသာဖြစ်တယ်လို့ နှလုံးသွင်းဖို့ပါ ဆရာဝန်ကလူနာကို ပြန်ကောင်းလာအောင် ပြုလုပ်ပေးလို့မရပါဘူး လူနာကိုယ်တိုင်က ဆရာဝန်လမ်းညွှန်တဲ့အတိုင် ပြုမှုနေထိုင်ပြီး ညွှန်းဆိုတဲ့ဆေးကိုစားပါမှ ရောဂါပြောက်ကင်းမှာပါ ဆရာသမားက တပည့်ကို လူတော်လူကောင်းဖြစ်လာစေဖို့ ပြုလုပ်ပေးလို့ မရပါဘူး တပည့်ကိုယ်တိုင်က ဆရာညွှန်ပြတဲ့အတိုင်း လေ့လာသင်ယူပါမှဖြစ်မှာပါ အမိအဖကလည်း သားသမီးကို အသိပညာတတ်အောင် ပြုလုပ်ပေးလို့မရနိုင်ပါဘူး ကျောင်းကောင်းကောင်းထား ဂိုက်ကောင်းကောင်းခေါ်ပြီး သင်စေဖို့သာ လုပ်နိုင်ပါတယ် သားသမီးကိုယ်တိုင်က တကယ်လေ့လာသင်ယူမှ တတ်မြောက်နိုင်တာမျိုးပါ မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သလိုမျိုးပေါ့ အတ္တဟိအတ္တနောနာထောတဲ့ မိမိရဲ့ကောင်းခြင်းဆိုးခြင်းဟာ ပဓာနအားဖြင့် မိမိနဲ့သာအသက်ဆိုင်ဆုံးပါ အပြင်လောကက အထောက်အပံ့ရယ်သာပါ မည်သူမှမည်သူ့ဘဝကိုမှ ကောင်းစေခြင်၍ဖြစ်စေ မကောင်းစေခြင်၍ဖြစ်စေ စိုမိုးလို့ ချယ်လှယ်လို့ မရစကောင်းပါဘူး အထောက်အပံ့အားဖြင့် လမ်းညွှန်ပြသခြင်းသာ ပြုလုပ်ပေးနိုင်ပါတယ်........ သန်းထွန်းလေး ☆ အင်းတဲရွာ https://www.facebook.com/ThanTunLayANKGold...