У нас вы можете посмотреть бесплатно ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာရှိခဲ့တဲ့ မြန်မာလူမျိုးစု - Kola (Kula) или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ကမ္ဘာဒီယားမှာ မြန်မာစာနဲ့ရေးသားထားတဲ့ ကမ္ပည်းစာတွေမြင်ရတော့ ကျွန်တော်စိတ်ထဲ့ အံ့အောမိသွားတယ်ဗျ။ ဘာလိုသမိုင်းတွေရှိလို့ ကမ္ဘာဒီးယားလိုနိုင်ငံမျိုးမှာ ဒီလိုတွေရှိနေတာလဲဆိုတာ သိချင်စိတ်တွေ ပြင်းပြလာတဲ့အတွက် ကျွန်တော်ဟာ အခုလိုပဲ စပ်စုမိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်မှာ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ မြန်မာတိုင်းရင်းသားအဆက်နွယ်တွေ အခြေအချနေထိုင်ခဲ့တယ်ဆိုတာ ပုံပြင်တစ်ခုတော့ မဟုတ်ပါဘူး။ ယခုတိုင် ကမ္ဘောဒီးယားနိုင်ငံ ပိုင်လင်းဒေသမှာ မြန်မာအငွေ့အသက်ပါတဲ့ ဘုရားကျောင်းကန်တွေ၊ မြန်မာစာနဲ့ရေးသားထားတဲ့ ကမ္ပည်းစာတွေက အထင်းအရှားပြသနေတာပဲဖြစ်ပါတယ်။ ၁၈၁၄ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံတွင်းဒေသတွေဖြစ်တဲ့ တုံလေရိုပို ( Tonle Ropou ) ၊ ဆီယမ်ရိ ( ပ် ) ( Siem Reap ) ၊ ပတ္တပေါင် ( Battambang ) စတဲ့ဒေသတွေကို ထိုင်းနိုင်ငံကသိမ်းပိုက်ခဲ့ပါတယ် ။ အဲဒီနောက် ဆယ်နှစ်အကြာ ၁၈၂၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ ရခိုင်နဲ့ တနင်္သာရီဒေသတွေကို အင်္ဂလိပ်တို့က သိမ်းပိုက်ခဲ့ပါတယ် ။ အင်္ဂလိပ်လက်အောက်ကို တစ်စိတ်တစ်ဒေသကျရောက်သွားတဲ့ မြန်မာနိုင်ငံက ဗမာ ၊ တောင်သူ ၊ ပအို့ ၊ ပဲခူးသားများနဲ့ ရှမ်းတို့ဟာ အုပ်စုတွေဖွဲ့ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေနဲ့ ကူးသန်းရောင်းဝယ်မှုတွေ စတင်ပြုလုပ်ကြတယ်လို့သိရပါတယ် ။ နောက်ပိုင်းမှာ မြန်မာတို့ရဲ့ကုန်သွယ်မှုဟာ တစစနဲ့တိုးတက်လာပြီး ထိုင်းနိုင်ငံကတဆင့် အဲဒီချိန်က ထိုင်းလက်အောက်ကျရောက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံ ပိုင်းလင်း ၊ ဆီရမ်ရိ ( ပ် ) ၊ ပတ္တပေါင် စတဲ့ဒေသတွေအထိအောင် ကျယ်ပြန့်လာခဲ့ပါတယ်တဲ့ ။ ကူသန်းရောင်းဝယ်မှုတွေဖြစ်ထွန်းလာတဲ့အခါ အဲဒီဒေသဟာ သူတို့အတွက် ရေကြည်ရာမျက်နုရာြဖစ်လာပြီး တစစနဲ့ခြေချနေထိုင်မှုတွေလည်း ကျယ်ပြန့်လာပါတယ် ။ ဒီချန်နယ်လေးမှာ စိတ်ဝင်စားစရာေကာင်းတဲ့ ခရီးသွား - Myanmar Travel အကြောင်းအရာ လေးတွေကိုတင်ပေးသွားမှာမို့ Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။