У нас вы можете посмотреть бесплатно ကပစတွေ မရှိတော့ရင် စစ်တပ်ဆိုတာ မရှိတော့ဘူး или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
“ကပစတွေ မရှိတော့ရင် စစ်တပ်ဆိုတာ မရှိတော့ဘူး” - ကျောင်းသားလက်ရုံးတပ်တော် ……… စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော် ကြာမြင့်လာခဲ့ပြီးနောက် ကျောင်းသား လူငယ် ၂၂ ဦး ဖြင့် စတင်ခဲ့သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF) သည် အင်အားထောင်ချီရှိလာပြီး စစ်ဒေသ ၃ ခု တွင် တိုက်ပွဲများ ဖော်ဆောင်နေပြီဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော်-AA ထံတွင် စစ်ပညာသင်ကြားခဲ့ပြီးနောက် ပူးပေါင်းစစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ပြီး အမ်းမြို့နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို တိုက်ခိုက် သိမ်းပိုက်သည့် စစ်ပွဲများတွင်လည်း ကျောင်းသားလက်ရုံးတပ်တော်(SAF)က ပါဝင်ခဲ့သည်။ ယခု အခါတွင် ကျောင်းသားလက်ရုံးတပ်တော် (SAF)၏ တပ်များသည် အာရက္ခတပ်တော်-AA ခြေကုပ်ယူထားသည့် ရခိုင်ဒေသမှ ၎င်းတို့၏ စစ်ဒေသများဖြစ်သည့် အာရက္ခ စစ်ဒေသ၊ မြေလတ် စစ်ဒေသ နှင့် အညာ စစ်ဒေသများတွင် တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် ဦးတည်လာပြီဖြစ်သည်။ အာရက္ခ စစ်ဒေသဖြစ်သည့် ရခိုင်ပြည်နယ်ရှိ မြို့သိမ်းတိုက်ပွဲများ၊ စစ်တပ်၏ လက်နက်စက်ရုံများ တည်ရှိရာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြေလတ်စစ်ဒေသတွင်ရင်ဆိုင်ရသည့်တိုက်ပွဲများ၊ စစ်ကိုင်းနှင့် မကွေးတိုင်းတည်ရှိရာ အညာဒေသ စစ်ဒေသတွင် ရင်ဆိုင်ရသည့် အခက်အခဲများကို ကျောင်းသားလက်ရုံးတပ်တော် (SAF)၏ စစ်ဦးစီးချုပ် ကိုမင်းလတ်ဥက္ကာ ကို Myanarm Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း - ကိုချို