У нас вы можете посмотреть бесплатно Khit Thit Morning News | January 28, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို စစ်ကူသွားတဲ့ မိတ္တီလာ တပ်မ ၉၉ က ဒုတိယဗိုလ်မှူးကြီး မြင့်သိန်းထွန်း မိုင်းဆွဲခံရပြီးသေဆုံးကာ ရက်လည်တရားနာအတွက် ရာထူးအမည်မထည့်ဘဲ ဖိတ်စာဝေခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းထားတဲ့ကာလတစ်လျှောက်လုံး အလုပ်မရှိခဲ့တဲ့ သင်္ကန်းဝတ် သုစိတ္တနဲ့ အမျိုးသားရေးအစွန်းရောက် ဝင်းကိုကိုလတ်အပါအဝင် မဘသနဲ့ အမျိုးသားရေးအစွန်းရောက်တွေဟာ ICJ နဲ့ ဂမ်ဘီယာအကြောင်းပြကာ ရန်ကုန်မြို့လယ်ခေါင် လမ်းပေါ် ပြန်ထွက်လာကြတာကို တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ ထွေ/အုပ်ရုံးနဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ အိန္ဒိယနဲ့ ဥရောပသမဂ္ဂ (EU) တို့ဟာ နှစ်ပေါင်း ၂၀ နီးပါးဆွေးနွေးလာခဲ့တဲ့ သမိုင်းဝင်ကုန်သွယ်ရေး သဘောတူညီချက်ကို နောက်ဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး၊ ကုန်ပစ္စည်းအများစုအပေါ် အခွန်တွေကို အကြီးအကျယ်လျှော့ချသွားမယ်လို့ ကြေညာလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။