У нас вы можете посмотреть бесплатно နေ့စဉ်ခွန်အား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ခရစ်တော်ထံ အပြစ်ဝန်ခံခြင်း https://myanmar-odb.org/2025/04/24/co... / myanmar.odb / ourdailybreadmyanmar ယနေ့ဖတ်ရန်ကျမ်းချက် - သုတ္တံကျမ်း ၂၈:၉-၁၃ https://odb-ministries.org/bible/mm/r... ထင်ဟပ်ဖော်ပြချက် ခရစ်တော်ထံ အပြစ်ဝန်ခံခြင်း သုတ္တံကျမ်း၏နောက်တွင် ဒေသနာကျမ်းလိုက်ပါလာပြီး ထိုကျမ်းနှစ်စောင်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပုံ ထင်ရသည်။ သုတ္တံကျမ်းက ဘဝရှင်သန်မှုအတွက် အကြံဉာဏ်များပေးထားပြီး၊ ထိုအကြံဉာဏ်အတိုင်း အသက်ရှင်ပါက ကောင်းသောအကျိုးရရှိမည်ဟု လက်ခံသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဒေသနာကျမ်းတွင် “အဓမ္မလူပြုသောအမှုကြောင့် ခံထိုက်သည့်အတိုင်း ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ ဖြောင့်မတ်သောသူပြုသောအမှုကြောင့် ခံထိုက်သည့်အတိုင်း အဓမ္မလူ အအချို့တို့သည် အကျိုးကို ခံရကြ၏ ”(၈း၁၄)ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ သို့သော် သုတ္တံကျမ်းနှင့် ဒေသနာကျမ်းတို့သည် ဆန့်ကျင်ဘက် ဖြစ်မနေပါ။ ဤကျမ်းနှစ်စောင်သည် ပညာနှင့်ဆိုင်သော ကျမ်းများဖြစ်ပြီး အထွေထွေ အမှန်တရားများကို ဖော်ပြနေပါသည်။ ဥပမာ- ရှင်ပေတရုက “ယောကျ်ားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတား မရှိစေခြင်းငှာ ... သတိနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကို ပြုသင့်သည့် အတိုင်း သူ့ကို စောင်မပြုစုကြလော့”(ရှင်ပေတရုဩဝါဒစာ ပထမစောင် ၃း၇)ဟု အကြံပေးလမ်းညွှန်ရာ၌ သူသည် သုတ္တံကျမ်း ၂၈း၉ မှ “ပညတ်တရားကို မစောင့်ထိန်းသောသူ၏ဆုတောင်းပတ္ထနာကို ဘုရားသခင် စက်ဆုပ်ရွံရှာတော်မူလိမ့်မည်(ခေတ်သုံး)”ဟူသည့်အချက်ကို အတည်ပြုပေးသည်။ ထိုနည်းတူ သုတ္တံကျမ်း ၂၈း၁၃ မှ “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကို ခံရလိမ့်မည်”ဟူသည့် အချက်ကိုလည်း တမန်တော်ဝတ္ထု၌ တွေ့ရသည်။ အာနာနိနှင့် ရှဖိရေတို့ သည် အပြစ်ကို ကွယ်ဝှက်ထားခြင်းကြောင့် ၎င်းတို့၏အသက်ကို ပေးဆပ်ခဲ့ရသည်။ ဒေသနာကျမ်းရေးသူက “ဘုရားသခင်ကို ကြောက်ရွံသောသူတို့သည် ရှေ့တော်၌ ကြောက်ရွံသောကြောင့် ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏”ဟု မှတ်ချက်ပြုခဲ့ပေသည်(၈း၁၂)။ စာရေးသူ - တင်မ်ဂပ်စ်ထက်ဖ်ဆန်