У нас вы можете посмотреть бесплатно #အရှုခံမှန်မှ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ဤကဲ့သို့ ဝေဒနာ၏ အစ ၊ အလယ် ၊ အဆုံးကို ရှုမှတ်သိရှိထားသော သဲအင်းဂူယောဂီသည် အပါယ်လေးဘုံသို့ မလားနိုင်တော့ပါ ။ ရုပ်နာမ်တစ်ထပ်တည်း ချုပ်ပျောက်သော သဘောဖြစ်သည့် ဝေဒနာချုပ်သည်အထိ သည်းခံ ဇွဲတင်း၍ အားထုတ်ခြင်းဖြင့် တဒင်္ဂမဂ်ကို ရသည်ဟု ဆရာတော်ဘုရားကြီးက အထင်အရှားအာမခံ အမိန့်ရှိတော်မူပါသည် ။ ဤအဆင့်သို့အားထုတ်ဖူးသောယောဂီသည် အကြီးမားဆုံးသော အခက်အခဲတစ်ခုကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်သောကြောင့် ငါသည် အပါယ်မလားတော့ဟု ဝမ်းသာစွာဂုဏ်ယူနိုင်ပါပြီ ။ ထို့အပြင် ငါသည် ယခုဘဝမှာပင် အရိယာ ဧကန်ဖြစ်လိမ့်မည်ဟု ယုံကြည်စိတ်ချနိုင်ပါပြီ ။ သို့ဖြစ်ပါ၍ သင့်တော်ရာ သဲအင်းဂူတိုက်ခွဲ ကမ္မဋ္ဌာန်း (ဋ္ဌာနချုပ်) ကျောင်းတွင်၄င်း ၊ ဆက်လက်၍ ကျင့်ကြံ အားထုတ်သွားပါလျှင် တဒင်္ဂမဂ်များစွာစုပြီး မဟာမဂ်ကြီးဆိုက်ကာ အရိယာဖြစ်ပါလိမ့်မည်ဖြစ်ကြောင်း မေတ္တာ စေတနာနှင့်တိုက်တွန်းလိုက်ရပေသည် ။