У нас вы можете посмотреть бесплатно Mahar Thamaya Thote | Payeik Kyi 11 Thote | မဟာသမယသုတ် | ပရိတ်ကြီး၁၁သုတ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
#မဟာသမယသုတ်နှင့်ပရိတ်ကြီး၁၁သုတ် #မဟာသမယသုတ်နတ်ချစ်ဂါထာတော် #အန္တရာယ်ကင်းပရိတ်တရားတော် မဟာသမယသုတ်ပါဠိတော်(နတ်ချစ်ဂါထာတော်)၊ ပရိတ်ကြီး၁၁သုတ်ပါဠိတော် အရှင်ဣန္ဒကာလင်္ကာရာဘိဝံသ 00:00:26 * မဟာသမယသုတ်ပါဠိတော် 00:29:31 * ပရိတ်ကြီး (၁၁) သုတ် 00:29:35 * ပရိတ်တော်နိဒါန်း (နတ်ပင့်) 00:31:31 * မင်္ဂလသုတ် 00:34:00 * ရတနသုတ် 00:39:08 * မေတ္တသုတ် 00:41:03 * ခန္ဓသုတ် 00:42:16 * မောရသုတ် 00:43:00 * ၀ဋ္ဋသုတ် 00:43:56 * ဓဇဂ္ဂသုတ် 00:49:19 * အာဋာနာဋိယသုတ် 00:54:19 * အင်္ဂုလိမာလသုတ် 00:55:00 * ဗောဇ္ဈင်္ဂသုတ် 00:56:46 * ပုဗ္ဗဏှသုတ် မဟာသမယသုတ်ပါဠိတရားတော် 🪔🪔🪔မဟာသမယ အခါတော်နေ့ပွဲ🪔🪔🪔 ဗုဒ္ဓဘုရားရှင်သည် နယုန်လပြည့်နေ့၌ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မဟာသမယ သုတ်တော်ကို ဟောတော်မူခဲ့သည်။ ထိုသို့ ဟောတော်မူသည်ကို အစွဲပြု၍ နယုန်လပြည့်နေ့တွင် မဟာသမယ အခါတော်နေ့ပွဲကို ဆင်ယင်ကျင်းပကြသည်။ မဟာသမယ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသည်။ မဟာသမယသုတ်တော်ကို ဘုရားရှင်သည် ကပ္ပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးတွင် သီတင်းသုံး နေထိုင်လျက် ဟောတော်မူသည်။ ထိုအချိန်တွင် သာသနာ့ဘောင်သို့ ဝင်လာကြသော သာကီဝင်မင်းသား ရဟန္တာ ၅၀ဝ-တို့သည်လည်း အတူရှိနေသည်။ ဘုရားရှင်နှင့် ထိုရဟန္တာများကို ဖူးမြော်လိုကြသဖြင့် နတ်၊ ဗြဟ္မာ၊ အသုရာ၊ နဂါး၊ ဂဠုန် တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် အုပ်စုလိုက် စုရုံးရောက်ရှိ လာကြသည်။ ထိုကဲ့သို့ လူနတ်ဗြဟ္မာ စသည်တို့ စုရုံးရောက်လာကြသော အခါကာလကို မဟာသမယ-ဟု ခေါ်သည်။ ထိုသို့ နတ်ဗြဟ္မာစုံညီ ရောက်ရှိလာကြသည်ကို ဘုရားရှင်က နှစ်လိုစွာဖြင့် နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြားတော်မူသော စကားတော်များကို မဟာသမယသုတ်-ဟုခေါ်သည်။ ဤမဟာသမယသုတ်တွင် နတ်ဗြဟ္မာအသီးသီးတို့သည် မိမိတို့၏ အမည်နာမများ ပါရှိသဖြင့် အလွန်ကျေနပ်ကြသည်။ ထိုသုတ်တော်ကို အကြိမ်ကြိမ် နာကြားလိုကြသည်။ မဟာသမယသုတ်သည် နတ်ဗြဟ္မာများ အလွန်ချစ်မြတ်နိုးသော သုတ်တော်ဖြစ်သည်။ ထို့ကြောင့် ဤမဟာသမယသုတ်ကို အစဉ်အမြဲ ရွတ်ဖတ်နေပါက နတ်များ၏ ချစ်ခင်မှုကို ရရှိနိုင်ကြသည်။ အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်ဆိုဖတ်ကြားသင့်ကြောင်း အဋ္ဌကထာဆရာက ပြဆိုထားပေသည်။ ဤကား နယုန်လ၏ လေးစားမြတ်နိုးဖွယ် ထူးခြားသော အကြောင်းအချက်များပင် ဖြစ်ပေသည်။ အရှင်ဣန္ဒကာလင်္ကာရာဘိဝံသ မဟာသမယသုတ်ပါဠိတော် ပရိတ်ကြီး (၁၁) သုတ် ပရိတ်တော်နိဒါန်း (နတ်ပင့်) မင်္ဂလသုတ် ရတနသုတ် မေတ္တသုတ် ခန္ဓသုတ် မောရသုတ် ၀ဋ္ဋသုတ် ဓဇဂ္ဂသုတ် အာဋာနာဋိယသုတ် အင်္ဂုလိမာလသုတ် ဗောဇ္ဈင်္ဂသုတ် ပုဗ္ဗဏှသုတ် ပရိတ်ကြီး(၁၁)သုတ် ကို ရွတ်ဖတ်ပူဇော်ရခြင်း၏ အကျိုးအာနိသင်များ ၁ ။ မင်္ဂလသုတ် = လိုက်နာကျင့်သုံးပါလျှင် ရန်သူတို့အပေါ် မိမိက အောင်နိုင်ခြင်း၊ အရပ်ဒေသတိုင်း၌ ချမ်းသာစွာ နေရခြင်း။ ၂ ။ ရတနသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ရောဂါဘေး၊ ဘီလူးဘေး၊ ငတ်မွတ်ခေါင်းပါးဘေးတို့မှ ကင်းလွတ်နိုင်ခြင်း။ ၃ ။ မေတ္တသုတ် = ရွတ်ဖတ်လိုက်နာခြင်းဖြင့် ဘီလူး၊ သရဲစသော မကောင်းဆိုးဝါးတို့က ကြောက်မက်ဖွယ် အာရုံကို မပြနိုင်ခြင်း၊ ချမ်းသာစွာအိပ်ရ၊ နိုးရခြင်း စသောအကျိုး ၁၁ ပါး ရရှိနိုင်ခြင်း။ ၄ ။ ခန္ဓသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် သတ္တဝါ အားလုံးတို့၏ ပြင်းထန်သော အဆိပ်နှင့်ဘေးရန် အမျိုးမျိုးတို့ကို ပပျေက်စေနိုင်ခြင်း။ ၅ ။ မောရသုတ် = ရွတ်ဖတ််သရဇ္ဈာယ်ခြင်းဖြင့် မင်းဘေး စသော ဘေးရန် အပေါင်းတို့မှ လွတ်ကင်းနိုင်ခြင်း။ ၆ ။ ဝဋ္ဋသုတ် = ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မီးမလောင်နိုင်ခြင်း၊ မီးဘေးမှ ကင်းလွတ်နိုင်ခြင်း။ ၇ ။ ဓဇဂ္ဂသုတ် = စိတ်ထဲတွင် ဆင်ခြင်အောက်မေ့ရုံမျှဖြင့် ကောင်း ကင်၌ မြေပြင်အလား ရပ်တည်နိုင်ခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်း မှ ကင်းလွတ်နိုင်ခြင်း။ ၈ ။ အာဋာနာဋိယသုတ်= ပွာများရွတ်ဖတ်ခြင်းဖြင့် နတ်ကြမ်း၊ ဘီလူးကြမ်း တို့က မညှင်းဆဲ မနှိပ်စက်နိုင်ခြင်း။ ၉ ။ အင်္ဂုလိမာလသုတ် =ရွတ်ဖတ််သရဇ္ဈာယ်ခြင်းဖြင့် ကိုယ်ဝန်ဆောင် မိခင်များ လွယ်ကူစွာ သားဖွားနိုင်ခြင်း၊ မိခင်ရော ကလေးပါ ကျန်းမာချမ်းသာခြင်း။ ၁၀။ ဗောဇ္ဈင်သုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် နာမကျန်းဖြစ်၍ ဆင်းရဲဒုက္ခရောက်သူကို ဆင်းရဲ လွတ်ကင်းစေခြင်း၊ မာရ်စစ်သည်ကို နှိမ်နင်းချေဖျက်နိုင်ခြင်း၊ သံသရာမှ လွတ်မြောက်နိုင်ခြင်း၊ ဇာတိ၊ ဇရာ၊ မရဏဘေးတို့မှလွတ်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ခြင်း။ ၁၁။ ပုဗ္ဗဏှသုတ် =ပွားများရွတ်ဖတ်ပါက မကောင်းသော အတိတ်နိမိတ်များ၊ မကောင်းသော အမင်္ဂလာ ဟူသမျှ ငှက်ဆိုးသံ၊ ပါပဂြိုလ်၊ မကောင်းသော အိပ်မက်ဆိုးများ ပျောက်ကင်းနိုင်ခြင်း အစရှိသော အကျိုးအာနိသင်များကို အသီးသီး ရရှိနိုင်ပါသည်။ သာသနာ့ရောင်ခြည် 👍 Likes & 💖 Subscribes Tharthana Yaungchi တရားရှုမှတ်သင်ကြားခြင်း၏ ဆုလာဒ်သည် ဤဘဝတွင် သင့်ကိုယ်သင်ပေးနိုင်သည့် အကြီးမားဆုံးသော ဆုလာဒ်ဖြစ်သည်။ တရားရှုမှတ်ခြင်းသည် သင်၏သဘာဝအမှန်တရားများကို ရှာဖွေရန်ခရီးကို တာဝန်ယူ အာမခံထား နိုင်သည့် တစ်ခုတည်းသော အကြောင်းတရားဖြစ်သည်။ ထိုသို့လုပ်ခြင်းအားဖြင့် ကောင်းသော ရှင်သန်ခြင်းနှင့် ကောင်း သောသေဆုံးခြင်းကို လိုလားသောသင်၏တည်ငြိမ်မှုနှင့် ယုံကြည်မှုတို့ကိုတွေ့မြင်လာမည်။ တရားရှုမှတ်ခြင်းသည် ဉာဏ်အလင်းရရှိစေသည့် လမ်းဖြစ်သည်။