У нас вы можете посмотреть бесплатно Solo Hike to Mt.Ryugadake 竜ヶ岳(1485m)⛰️ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Solo Hike to Mt. Ryugadake竜ヶ岳(1485m) ဖူဂျီတောင်ကိုအနီးကပ်နဲ့အလှဆုံးမြင်ရတဲ့ Mt. Ryugadake竜ヶ岳ကိုတက်ကြမယ်။ 🚌အရင်ဆုံးKawaguchikoဘူတာကိုသွားခဲ့ပါတယ်။တိုကျိုကနေရထားနဲ့လည်းသွားလို့ရသလို၊ရှင်းဂျူခုကနေအဝေးပြေးဘတ်စ်ကားနဲ့လည်းသွားလို့ရပါတယ်။ကျွန်တော်ကတော့ဘတ်စ်ကားနဲ့သွားခဲ့တာပါ။ဘတ်စ်ကားခကယန်း၂၂၀၀၊အွန်လိုင်းကဝယ်ရင်ယန်း၂၀၀၀၊မနက်၇နာရီ၅မိနစ်ဘတ်စ်ကားနဲ့သွားတာ၊၈နာရီ၄၀မိနစ်မှာKawaguchiko ဘူတာကိုရောက်ပါတယ်။ ဘတ်စ်ကားလက်မှတ်ဖြတ်တာကိုဒီမှာကြည့်ပါ။ https://www.facebook.com/share/p/161L... 🚍Kawaguchikoကနေ တောင်တက်မယ့်နေရာLake Mototsuကိုဘတ်စ်ကားနဲ့ပြန်သွားရပါတယ်။ဘတ်စ်ကားလက်မှတ်က1Day Pass Ticket ရှိပါတယ်။တစ်ကြောင်းတည်းသွားရင်၁၄၈၀ယန်းကျမှာမို့လို့ 1Day Pass Ticketဝယ်တာပိုတန်ပါတယ်။Credit Card, Pay Pay တွေနဲ့ရှင်းလို့ရပါတယ်။ ဘတ်စ်ကားစီးမယ့်နေရာက S4 နဲ့ No.1ကBlue lineဆိုပြီး၂နေရာရှိပါတယ်။အစောဆုံးဘတ်စ်ကားကS4မှာစီးရမှာကိုသတိမထားမိပဲ No.1Blue lineမှာပဲထင်နေလို့စောင့်နေတာအစောဆုံးဘတ်စ်ကားနဲ့မမှီပဲ၉နာရီ၃၅မိနစ်ကားနဲ့မှစီးဖြစ်တယ်။နာရီဝက်လောက်အချိန်ပုပ်သွားပါတယ်။ 河口湖・西湖・本栖湖周遊クーポン (1 Day Pass) https://www.fujikyubus.co.jp/shuyu 🏃♂️⛰️၁၀နာရီ၃၅မိနစ်မှာ本栖湖ဘတ်စ်ကားဂိတ်မှာဆင်းပြီးတော့တောင်တက်လမ်းအထိကိုလမ်းနည်းနည်းလျှောက်ရပါတယ်။လမ်းညွှန်တွေတော့ရှိပါတယ်။၁၀နာရီ၄၅မိနစ်မှာတောင်စတက်တယ်။ အတက်က石仏ルートကနေတက်ခဲ့ပါတယ်။တောင် စတက်တော့တောင်တက်လမ်းမှာလူသိပ်မရှိတော့တစ်ယောက်တည်းဆိုခပ်လန့်လန့်တော့ဖြစ်ခဲ့ပေမယ့်တောင်ဆင်းတဲ့သူတွေ၊နောက်ကတက်လာတဲ့ကျောင်းသားအဖွဲ့ရှိလို့စိတ်တော့နည်းနည်းအေးသွားရတယ်။အတက်ကတော့အစပိုင်းတော်တော်လေးတက်ရပါတယ်။ရာသီဥတုကလည်းအရမ်းပူတယ်။စီစဥ်ထားတာထက်နည်းနည်းနောက်ကျနေသလို၊အပြန်ဘတ်စ်ကားလက်မှတ်ဝယ်ထားတော့မမှီမှာလည်းစိုးတာနဲ့နည်းနည်းမြန်မြန်တော့တက်ဖြစ်သွားတယ်။၁၁နာရီ၃၅မိနစ်မှာတော့View Pointရောက်ပါတယ်။နောက်ထပ်နာရီဝက်လောက်ဆက်တက်ရင်တောင်ထိပ်ရောက်ပါပြီ။ ⛰️၁၂နာရီ၈မိနစ်မှာတောင်ထိပ်ရောက်ပါတယ်။ပုံမှန်၂နာရီလောက်ကြာတယ်ပြောပေမယ့်တစ်နာရီခွဲလောက်ပဲကြာတယ်။တက်တာမြန်တဲ့သူဆိုဒီထက်ပိုမြန်မယ်။တောင်တက်တဲ့နေ့ကရာသီဥတုကတိမ်တွေဖြစ်နေတော့ဖူဂျီတောင်ကိုမမြင်ရဘူး။တောင်ထိပ်မှာတော့လင်မယားနှစ်ယောက်နဲ့ခွေးလေးရယ်၊တက္ကသိုလ်ကျောင်းသားအဖွဲ့ရယ်၊ဂျပန်မိသားစုနဲ့နိုင်ငံသားခြားပါတဲ့အဖွဲ့ ရယ်၃ဖွဲ့တော့တွေ့တယ်။ရောက်ရောက်ချင်းဗိုက်ဆာတာနဲ့မုန့်ဟင်းခါးလုပ်ပါတယ်။မီးဖိုကတော့ဂတ်စ်မဟုတ်တော့ရေနွေးဆူဖို့နည်နည်းကြာတယ်။နေ့လယ်စာမုန့်ဟင်းခါးစားသောက်ပြီးတော့တောင်ထိပ်ပတ်ကြည့်၊တစ်နာရီလောက်အကြာမှာတော့တောင်အောက်ကိုဆင်းခဲ့ပါတယ်။ 🏃♂️⛰️အဆင်းကတော့ 湖畔ルートကနေဆင်းခဲ့တာပါ။ဒီဘက်ကတော့ရှုခင်းမမြင်ရဘူး။နေရိပ်တော့နေရိပ်ကနေတက်ချင်ရင်ဒီလမ်းကနေတက်သင့်ပါတယ်။ရောက်ခါနီးမှာပဲ 週遊歩道ဆိုတာတွေ့လည်းအချိန်လည်းရတာနဲ့သွားကြည့်လိုက်တာလမ်းမှားသွားတယ်။လမ်းကကျဉ်းပြီးအမှတ်အသားလည်းသိပ်မရှိဘူး။တောင်အောက်ရောက်ခါနီးဆိုတော့တော့ထဲလမ်းပျောက်တာမျိုးတော့မဟုတ်ဘူး။၂နာရီမှာတောင်အောက်ပြန်ရောက်ပါတယ်။ 🏃♂️အဲ့ကဘတ်စ်ကားစီးမယ့်နေရာအထိမိနစ်မိနစ်၂၀ကျော်လောက်လမ်းလျှောက်ရသေးတယ်။ ၂နာရီခွဲမှာဘတ်စ်ကားဂိတ်ရောက်တယ်။၂နာရီ၄၆မှာတော့Kawaguchikoဘူတာဘက်ကိုလာခဲ့ပါတယ်။ 🏢အချိန်ရသေးတာနဲ့ 富士山世界遺産センターကိုဝင်ခဲ့ပါတယ်။北館ဖူဂျီတောင်အကြောင်းတွေ၊ဓာတ်ပုံတွေ၊南館ဖူဂျီတောင်ပုံစံလုပ်ထားတာနဲ့တစ်နာရီကို၄ကြိမ်၁၅မိနစ်ခြားတစ်ခါပြပါတယ်။တစ်ခါပြရင်၈မိနစ်ပါ။ကြုံလို့ရှိရင်တော့ဝင်ကြည့်ကြည့်ပါ။ 🏃♂️အဲ့ကနေKawaguchikoဘူတာအထိကိုတော့လမ်းလျှောက်လာခဲ့ပါတယ်။နည်းနည်းတော့ဝေးပေမယ့်အိမ်တွေကြားထဲလာခဲ့တော့ကိုယ့်မြို့လေးနဲ့တောင်ခပ်ဆင်ဆင်တူပါတယ်။နယ်မြို့လေးကတော့ဘာမှသိပ်မရှိဘူး။ 🚌ညနေ၅နာရီ၄၇မိနစ်ကားနဲ့တိုကျိုကိုပြန်လာခဲ့ပါတယ်။ကားပေါ်ရောက်မှဖူဂျီတောင်ကိုမြင်ရတယ်။ 🍺ည၈ခွဲကျော်မှာအီခဲကိုရောက်တော့ဗိုက်လည်းဆာနေတာနဲ့ 日高屋မှာစားသောက်တယ်။တောင်တက်ပြီးအပြန်သောက်ရတဲ့ဘီယာကတော့ရှယ်ပါပဲ။ပြီးတော့ဘတ်စ်ကားစီးပြီးအိမ်ပြန်လာခဲ့ပါတယ်။ ⛰️ဒီတစ်ခါတောင်တက်တာကတော့သိပ်မခက်လို့အရမ်းမပင်ပန်းဘူး။ဖူဂျီတောင်မမြင်ခဲ့ရတာတစ်ခုပါပဲ။ကိုယ်တက်ချင်တဲ့တောင်တစ်တောင်တော့တက်ဖြစ်သွားပါတယ်။ ဒီတစ်ခါပုံတွေတော့သိပ်မရိုက်ထားမိဘူး။Videoလည်းတင်ပေးမှာမို့လို့အားပေးကြပါဦးနော်။ #nomadicsai