У нас вы можете посмотреть бесплатно You raise me up... to more than I can be..... или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
You raise me up….. to more than I can be… You raise me up သီချင်းကို ၂၂ နှစ်ပြည့်ပွဲမှာ သုံးရတဲ့ တကယ့်အကြောင်းရင်းက ကလေးတွေအတွက် မဟုတ်ဘဲ မိဘ/အုပ်ထိန်းသူတွေ နဲ့ ဆရာ/ဆရာမတွေကို ဂုဏ်ပြုချင်တာပါ... အဲ့ဒါကြောင့်မို့လို့ မိသားစု ဓာတ်ပုံတွေကို နောက်ခံ LED မှာ သုံးဖို့ ဓာတ်ပုံတွေတောင်းတဲ့အခါ ကလေးတွေရဲ့ မိသားစုတွေနဲ့အတူတူ ငယ်ငယ်တုန်းက ရိုက်ထားတဲ့ပုံလေးတွေရယ် အခုလက်ရှိပုံလေးတွေ ၂ ခု တောင်းခဲ့ပါတယ်... ကလေးတွေကိုမွေးစကနေ အခုလက်ရှိအချိန်ထိ မိဘ/အုပ်ထိန်းသူတွေက ကြိုးစားရုန်းကန် ပျိုးထောင်ပေးခဲ့တယ်ဆိုတာကို ဂုဏ်ပြုပေးချင်တဲ့ စိတ်နဲ့ပါ.... ဒီသီချင်းကို ကျောင်းက G12 ကလေး ၃ ယောက်က Cover ပြန်လည်သီဆိုနိုင်ဖို့ အတူတကွ ဖန်တီးခဲ့ပါတယ်... မတူညီတဲ့ နေရာဒေသ ၃ နေရာကလာတဲ့ ကလေး ၃ ယောက်ပါ.... ကလေးတွေရဲ့ နာမည်ကိုတော့ Privacy အရ မဖော်ပြတော့ပါဘူး... ကချင်လေးရယ်.. ကရင်လေးရယ်.. ဧရာဝတီသားလေးရယ်ပေါ့.... စာလုပ်လိုက် ခဏနားတဲ့ အချိန်တွေ ပြေးပြီး notes တွေ ရေးလိုက် သီချင်းပြေးတိုက်လိုက်နဲ့... ကလေးတွေ အများကြီး ပင်ပန်းခဲ့ကြပါတယ်.... အစကတော့ ဗီဒီယိုရိုက်ဖို့ စိတ်ကူးမရှိပါဘူး ကလေးတွေ သီချင်းတိုက်နေတဲ့ ဗီဒီယိုကို media သမား သူငယ်ချင်းတစ်ယောက်ကို ပြလိုက်တော့ သူငယ်ချင်းက ဗီဒီယိုရိုက်ပေးပါလားတဲ့... သူယူပါမယ်တဲ့.. ကလေးတွေလည်း မုန့်ဖိုးရတာပေါ့တဲ့... အဲ့ဒါနဲ့ ဗဟန်းကျောင်းခွဲရဲ့ အပေါ်ဆုံးထပ်ကနေ မြင်နေရတဲ့ ရွှေတိဂုံဘုရားနောက်ခံမြင်ကွင်းနဲ့ ဗီဒီယိုရိုက်ဖို့ စီစဉ်ပါတယ်... အခု ဗီဒီယိုက ဗဟန်းကျောင်းခွဲရဲ့ အပေါ်ဆုံးထပ်မှာ ရိုက်ထားတာပါ.... ရိုက်ဖို့လုပ်ပြီး ရိုက်ပြီးတော့မှ ကလေးတွေရဲ့ ဗီဒီယိုကို တန်ဖိုးထားပြီး မပေးနိုင်တော့တာ တခြားသူမဟုတ်ဘဲ ကိုယ် ကိုယ်တိုင်ဖြစ်နေပါတယ်.... (တချို့အရာတွေက ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရဘူးမလား...အထူးသဖြင့် ကလေးတွေရဲ့ ကျောင်းအပေါ်ထားတဲ့ သံယောဇဉ်နဲ့ မေတ္တာကို တန်ဖိုးမဖြတ်ချင်လို့ပါ.....) ဒါပေမယ့် ကလေးတွေ ကြိုးစားဖန်တီးထားတဲ့ အမှတ်တရလေးမို့လို့ ကျောင်းနဲ့ ပတ်သက်တဲ့ အချက်တွေပါထည့်ပြီး ကျောင်း account တွေ အားလုံးမှာ တင်ပေးလိုက်ပါတယ်.... အမှတ်တရတိုင်းအတွက် ကျေးဇူးတင်ပါတယ် ကလေးတို့... ညချမ်းအချိန်အခါမှာ ကလေး ၃ ယောက်ရဲ့ အေးချမ်းတဲ့ ဖျော်ဖြေမှုကို ခံစားရင်း ခေတ္တခဏ အမောတွေပြေပျောက်ပြီး အေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ရပါတယ်... ဖေဖေ မေမေ ဘိုးဘိုး ဘွားဘွား မိဘ/အုပ်ထိန်းသူများ နဲ့ ဆရာ ဆရာမများ.... You raise them up… to more than they can be ပါနော်.... You raise me up သီချင်းလေးနဲ့ ပညာအောင်မြေကျောင်းမှ မိဘ/အုပ်ထိန်းသူများ ဆရာ/ဆရာမများအားလုံးကို ဂုဏ်ပြုလိုက်ရပါတယ်... ပညာအောင်မြေ ( တာမွေ ရုံးချုပ်) အမှတ် ၄၇၆ - A ၊ ဒဂုံလွင် လမ်း နှင့် မြလေးရုံလမ်း ထောင့်၊ မေတ္တာညွန့် ရပ်ကွက် ၊ တာမွေ မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး။ ပညာအောင်မြေ ( ဗဟန်း ကျောင်းခွဲ ) အမှတ် ၁၁၄ ၊ ရေတာရှည်လမ်း ဟောင်း၊ ရေတာရှည် ရပ်ကွက်၊ ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး။ 0925222990 , 09252229991,09252229992,09252229993