У нас вы можете посмотреть бесплатно ထေရီမတို့ရွာနှင့် ဆရာလေး ဥပ္ပလဝဏ္ဏာထေရီ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
ရန်ကုန်မြို့ရဲ့ ၁၈ မိုင်အကွာမှာ အမျိုးသမီးတွေချည်းပဲ စုပေါင်းပြီး သာသနာပြုနေတဲ့ ရွာလေးတရွာရှိပါတယ်။ အဲ့ဒီရွာလေးရဲ့ အမည်ကတော့ ဗောဓိဆာယာတောရလို့ခေါ်တဲ့ ထေရီမတို့ရွာဖြစ်ပါတယ်။ ဗောဓိဆိုတာ ဘုရားဖြစ်ပြီး ဆာယာကတော့ အရိပ်ဖြစ်တာကြောင့် ဘုရားရဲ့ အရိပ်အောက်မှာ ခိုလှုံပြီး သာသနာပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရွာလေးကို သီလရှင် ဆရာလေး ဥပ္ပလဝဏ္ဏာထေရီ က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေစုပြီး သာသနာပြုဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာပါ။ ထေရီမတို့ ရွာအကြောင်းကို ပြောပြရမယ်ဆိုရင်တော့ ဆရာလေး ဒေါ်ဥပ္ပလဝဏ္ဏာထေရီရဲ့ အကြောင်းမပါဘဲ မပြည့်စုံနိုင်ပါဘူး။ ဆရာလေး ဒေါ်ဥပ္ပလဝဏ္ဏာထေရီဟာ လူ့ဘဝမှာ B.Sc ၊ M.Sc၊ Ph.D ပါရဂူဘွဲ့တွေကိုရရှိခဲ့ပြီး ဗုဒ္ဓဓမ္မစာပေတွေနဲ့ပတ်သက်လို့လည်း သီတဂူ ဗုဒ္ဓပါဒက ဒီပလိုမာ၊ လယ်တီကမ္မဌာနာစရိယစတဲ့ ဘွဲ့တံဆိပ်တော်တွေအပါအဝင် ဘွဲ့တံဆိပ်အများအပြား ရရှိခဲ့သူဖြစ်ပါတယ်။ ဗုဒ္ဓဓမ္မဆိုင်ရာ ပရိယတ္တိ၊ ပဋိပတ္တိပညာရပ်တွေကိုလေ့လာဆည်းပူးပြီး သာသနာ့ဝန်ကို လူဝတ်နဲ့ပဲ ထမ်းဆောင်နေရင်း သဒ္ဒမ္မဇောတိက ဓဇ ၊ မဟာ သဒ္ဒမ္မဇောတိက ဓဇ စတဲ့ ဘွဲ့တွေကိုလည်း ရရှိဆွတ်ခူးခဲ့ပြန်ပါတယ်။ ဆရာလေးဟာ အဘိဓမ္မာ၊ ပဌာန်း၊ ပဋိစ္စသမုပ္ပါဒ် သင်တန်းတွေ၊ လယ်တီမူ အနာဂါမ်ဆရာသက်ကြီးနည်းနဲ့ ဝိပဿနာသင်တန်း၊ ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း၊ သာသနာပြုစွမ်းရည်မြင့်သင်တန်းတွေမှာလည်းပို့ချခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် အရောက်မှာတော့ ဆရာလေး ဥပ္ပလဝဏ္ဏာထေရီအဖြစ် သာသနာ့ဘောင်ထဲဝင်ရောက်ပြီး ထေရီမတို့ရွာကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ထေရီမတို့ရွာအကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်တော့ ဒီရွာလေးမှာ သီတင်းသုံးနေကြတဲ့ သီလရှင်တွေဟာ အနယ်နယ်အရပ်ရပ်က ပုံစံမျိုးစုံနဲ့ သာသနာပြုဖို့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ ထေရီမတို့ရွာတည်နေရာကတော့ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၈ မိုင်မှာဖြစ်ပြီး ရပ်ဝေးရပ်နီးက သာသနာ့အနွယ်ဝင်တွေ သာသနာပြုကိစ္စရပ်တွေအတွက် သွားရောက်ခိုလှုံလို့ အကောင်းဆုံးနေရာတခုလည်းဖြစ်ပါတယ်။ တရားထိုင်တာကစပြီး စင်္ကြန်လျှောက်တာအဆုံးအထိ မနက် ၃ နာရီကနေ ညအထိ တရားဘာဝနာ အလုပ်တွေကို ဖိဖိစီးစီးလုပ်နေတဲ့ သီလရှင်တွေရဲ့ ရွာလေးတရွာပဲဖြစ်ပါတယ် ခင်ဗျား။