У нас вы можете посмотреть бесплатно ရွှေကြည် ဆနွင်းမကင်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မွှေး ရွှေကြည်မူန့်ကိုသုံးပီး ရွှေကြည်ဆနွင်းမကင်းလုပ်ပါတယ်၊ ရွှေကြည်မူန့် အမျိုးအစား တံဆိပ် အမျိုးမျိုးအပေါင်္မူတည်ပီး ရေ အချိုး လိုတိုးပိုလျော့ ပြုလုပ်ရပါမယ်။ ရွှေကြည်ကို ညိုနေအောင်လှော်လိုက်ရင် ပိုမွှေးပေမဲ့.. စေးကပ်မူ့ နည်းသွားပီး လှီးတဲ့အခါ ဖွယ်ထွက်နိုင်ပါတယ်။ မာမာလေးကြိုက်ရင် အုန်းနို့ကို ၃၀၀ မီလီလီတာ သုံးပါ၊ ဒူးရင်းရွှေချီ ဆနွင်းမကင်း ယူအက်စ် မှာ ရွှေကြည်လုပ်တဲ့အခါ semolina ကုလားလိုတော့ Sooji လို့ အထုပ်မှာ ထင်ထင်ရှားရှား ရေးထားလေ့ ရှိပါတယ်၊ အဲဒီထဲကို ဂျုံစေ့ရဲ့ အပြင်ဘက် အကျဆုံး အလွှာဖြစ်တဲ့ Wheat germ ကို ရောသုံးပါတယ်၊ Wheat germ မှာ အဟာရဓာတ် ၊ အဆီ၊ အိုမီဂါ ၃ တို့ပါ၀င်ပီး၊ မွှေးပီး ဆိမ့်တဲ့ အနံ့အရသာ ရှိပါတယ်။ ပါ၀င်ပစ္စည်းများ 1. Sooji ( fine) ၁၆၀ ဂရမ် ( ၁ ဆယ်သားခန့်) 2. Wheat germ ၂၀ ဂရမ် 3. သကြား ၁၆၀ ဂရမ် 4. ဆား အနည်းငယ် 5. ကြက်ဥ ၁ လုံး 6. အုန်းနို့ ၃၀၀ မီလီလီတာ 7. ထောပတ် ၈၀ ဂရမ် 8. ဒူးရင်းသီး အသား ၁ စားပွဲဇွန်းမောက်မောက် 9. ဘိန်းစေ့ ၁ လက်ဘက်ရည်ဇွန်း 10. ပစ်စတာချို ၁၀ စေ့ခန့် အခွံနွှာ လေးစိတ်ကွဲထောင်းထား ပြုလုပ်နည်း 1. ဆူဂျီနဲ့ ဂျုံဖွဲကို မီးအေးအေးနဲ့ မွှေးလာရုံလေး လှော်ပါတယ်၊ ( မီးပျင်းရင် ရွှေကြည် အရောင်ညိုတဲ့အထိ လှော်လိုက်ရင် ဂျုံမှာ ပါတဲ့ ကော်ဓာတ်က ခြောက်သွားလို့ ရွှေကြည် ဆနွင်းမကင်းကို လှီးတဲ့အခါ အတုန်းလိုက် လှီးမရဘဲ ဖွာကြဲထွက်ကုန်တတ်ပါတယ်။) 2. ဂျုံဖွဲရဲ့ အနံ့လေးက မွှေးလာချိန်မှာ ထောပတ်ကို ထည့်မွှေပါတယ်၊ ကြက်ဥ နဲ့ အုန်းနို့ ကို သမအောင်ရောမွှေပေးပီးမှ ရွှေကြည်ထဲ ထည့်မွှေပေးပါတယ် ( ကြက်ဥ က အပူနဲ့တွေ့တဲ့အခါ တန်းပီး ခဲမသွားအောင်လို့ အုန်းနို့နဲ့ အရင်ရောမွှေပါတယ်ရှင့်)။ ဒူးရင်းသီး အသားထည့်မွှေပေးပါတယ်၊ 3. မီးအေးအေးနဲ့ ရေခမ်း ဆီပြန်လာတဲ့အထိ မွှေပေးပီး၊ မုန့်သားနပ်တဲ့အခါ မုန့် ဗန်းထဲ ပြောင်းထည့်ပါတယ်၊ မျက်မှာပြင်ညီအောင်ညှိပီး ပစ်စတာချီရို နဲ့ ဘိန်းစေ့ ဖြူးထည့်ပါတယ်။ 4. ဖန် အာဗင်ထဲမှာ ၅၀၀ F /၁၈၀ C နဲ့ ၁၀ မိနစ် ဖုတ်ပေးလိုက်တယ်၊ 5. အေးသွားတဲ့အခါ နှစ်သက်သလို အတုန်းလေးတွေ လှီးပီး သုံးဆောင်နိုင်ပါဘီ။ ကိုယ်အသုံးပြုတဲ့ ရွှေချီမှုန့် အမျိုးအစားအပေါ်မူတည်ပီး ရေလိုအပ်ချက် ကွဲပြားနိုင်တာမို့..အုန်းနို့၊ နွားနို့၊ တို့ အပိုဆောင်ထားပီး လိုအပ်သလို ထပ်ထည့်ရနိုင်ပါတယ်။