У нас вы можете посмотреть бесплатно Khit Thit Evening News | March 29, 2026 или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ မတ် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မိသားစုနှင့် အလွန်နီးစပ်သူဖြစ်တဲ့ ခရိုနီစီးပွားရေးသမား ထွန်းမင်းလတ်ဟာ စစ်တပ်အတွက် Let 410 လေယာဉ်တွေ ဝယ်ယူတင်သွင်းခွင့် ရရှိထားတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်း မြစ်တွေဆီ ကနေ သိရပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ ဆီခွဲတမ်းတွေ ပုံမှန်မရရှိတော့တာနှင့် ဆီလိုသ လောက် ဝယ်ယူလို့မရတဲ့ အခက်အခဲတွေကြောင့် ပြင်ပမှောင်ခို စျေးကွက် အကြီး အကျယ် ဖြစ်ထွန်းလာပြီး စျေးနှုန်းတွေမှာလည်း စံချိန်တင် မြင့်တက်နေတယ်လို့ စျေးကွက်ထဲကနေ စုံစမ်းသိရပါတယ်။ မန္တလေးတိုင်း တောင်သာမြို့နယ် မြင်းခြံ-ညောင်ဦး လမ်းပိုင်းမှာ ရိက္ခာယဥ်တန်းကို ကင်းယူပေးဖို့ ထွက်လာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ တာကြောင့် စစ် တပ်ဘက်က စစ်သား ၁၂ ယောက် သေဆုံးခဲ့ တယ်လို့ Brethren Guerrilla Force အဖွဲ့ရဲ့ တာဝန်ခံ ဇနက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ ဂျပန်နိုင်ငံမှာ အခြေစိုက်ပြီး တိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်နေတဲ့ USS Tripoli စစ်သင်္ဘောနဲ့အတူ မရိန်းတပ်သား ၂,၅၀၀ ခန့် ဒေသတွင်းကို ရောက်ရှိလာတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။