У нас вы можете посмотреть бесплатно မန္တလေးက ၁၁ ထပ်မြင့် Sky Villa Condo ပြိုကျကျွံဝင်၊ မြေပေါ် ၇ ထပ်သာကျန်၊ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
လူအများအပြား ပိတ်မိနေကာ ကူညီကယ်ဆယ်ရေး လိုအပ်နေ၊ တေဇ/MFP၊ မတ် -၂၈ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိတဲ့ Sky Villa Condo ပြိုကျကျွံဝင်သွားပြီး မြေပေါ်မှာ ၇ ထပ်သာ ကျန်ရစ်တော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကွန်ဒို ၁၁ ထပ်မှာ ၄ ထပ်လောက်က မြေထဲကျွံဝင်သွားတာ ဖြစ်ပြီး လူအများအပြား ပိတ်မိနေကာ ကူညီ ကယ်ဆယ်ရေး လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၂၈ရက် မွန်းလွဲ ၁၂နာရီ ၄၀ ဝန်းကျင်အချိန် ပြင်းအားမြင့် ငလျင် လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းမှာ ငလျင် ဒဏ် ခံစားခဲ့ရပါတယ်။ ငလျင်ကြောင့် မန္တလေးမြို့အနှံ့ အဆောက်အအုံ အများအပြား ပြိုကျပြီး တချို့ မီးလောင်နေကာ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “အဆောက်အဦးပြိုတာ၊ မီးလောင်တာတွေက မြို့အနှံ့ပဲ။ နောက်ဆက်တွဲ ငလျင်အသေးလေးတွေလည်း လှုပ်နေလို့ လူတွေလည်း ကြောက်နေကြတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေတွေ မသိရသေးပါဘူး။ အမေရိကန်ဘူမိလေ့လာရေးအသင်း(USGS) ရဲ့ အဆိုအရ ဒီကနေ့ ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်က ပြင်းအား ၇ဒဿမ၇ ရစ်ချ်တာစကေးရှိကာ ၁၂မိနစ်အကြာမှာ ထပ်မံလှုပ်ခတ်တဲ့ ဒုတိယအကြိမ် ငလျင်က ပြင်းအား ၆ဒဿမ၄ ရစ်ချ်တာစကေး ရှိပြီး မြန်မာ၊ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ် ၊ အိန္နိယ ၊ လာအို ၊ တရုတ်နိုင်ငံတွေကို သက်ရောက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။ MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။ #Mandalay_Free_Press_MFP (Mandalay Free Press – MFP သည် လွတ်လပ်၍ အမှီအခို ကင်းသော သတင်းဌာနဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်း သတင်းများကို အထူးပြုတင်ဆက်လျှက် ရှိပါသည်။) Mandalay Free Press – MFP မှ တင်ဆက်သောသတင်းများကို ဖတ်ရှုနိုင်ရန် အောက်ဖော်ပြပါ Channel များကို Follow (သို့မဟုတ်) Subscribe လုပ်ထားနိုင်ပါသည်။ Facebook: / mandalayfreepress YouTube: / @mandalayfreepressmfp #MFP #MandalayFreePress #မန္တလေး #တော်လှန်သော #သပိတ် #မိခင်