У нас вы можете посмотреть бесплатно မြန်မာ့တတိယအကြီးဆုံး သစ်ဆွေးမြေပေါာက ဧရာဝတီဒူးရင်းသီးလူသိနည်းပေမယ့် တိုးချဲ့စိုက်ပျိုးလာ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
အာရှဒေသရဲ့ King of Fruit လို့သတ်မှတ်ထားတဲ့ ဒူးရင်းသီးဟာ မြန်မာလူမျိုးတွေလည်း နှစ်ခြိုက်စွာ စား သုံးကြတဲ့ သီးနှံဖြစ်ပါတယ်။ မြန်မာ့တောင်ပိုင်းဒေသဖြစ်တဲ့ မွန်၊ ကရင်၊ တနင်္သာရီဒေသကထွက်ရှိလာ တဲ့ ဒူးရင်းသီးတွေကို တစ်နိုင်ငံလုံးစားသုံးလာရာကနေ အသားထူပြီးအရည်အသွေးကောင်းတဲ့ ထိုင်းနိုင်ငံ ကဒူးရင်းမျိုးတွေတင်သွင်းစိုက်ပျိုးလာကြပါတယ်။ ဒူးရင်းသီးဟာ ပေါာဆန်းမွှေးလိုပဲ ပြည်တွင်းဈေး ကွက်ခိုင်မာတဲ့သီးနှံဖြစ်လို့ အခြားဥယျာဥ်ခြံသီးနှံတွေထက်စာရင် ဒူးရင်းသီးနှံကို တိုးချဲ့စိုက်ပျိုးလာကြ ပါတယ်။ ဒါကြောင့် မွန်၊ ကရင်၊ တနင်္သာရီအပြင် ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီဒေသတွေမှာလည်း တိုးချဲ့စိုက် ပျိုးလာကြပြီး အထွက်နှုန်းနဲ့အရည်အသွေးကောင်းမွန်စွာထွက်ရှိလာကြပြီဖြစ်ပါတယ်။ မွန်၊ ကရင်၊ တန င်္သာရီအပြင်တိုးချဲ့စိုက်ပျိုးလာတဲ့ ရန်ကုန်တိုင်းမှာ ဒူးရင်းစိုက်ဧက ခြောက်ထောင်ခန့်၊ ပဲခူးတိုင်းမှာ ဧက ခုနှစ်ထောင်ခန့်ရှိပြီး ဧရာဝတီတိုင်းမှာတော့ ဧက ၈၀၀ခန့်သာ ရှိပါသေးတယ်။ အရင်က ထက်စာရင် စိုက် ဧကတက်လာတဲ့ ဧရာဝတီတိုင်းဟာ အခင်းသစ် တည်နိုင်တဲ့ စိုက်ပျိုးမြေနဲ့ စိုက်ပျိုးရေရရှိမှုဟာ ရန်ကုန် တိုင်းထက်အခွင့်လမ်းပိုများလို့ ဧရာဝတီတိုင်းရဲ့ ဒူးရင်းစိုက်ဧကဟာ ရန်ကုန်တိုင်းထက် ပိုများလာ မှာဖြစ် တယ်လို့ ဒူးရင်းစိုက်ပျိုးသူတွေက သုံးသပ်ထား ပါတယ်။ ဒီရုပ်သံသတင်းမှာ ဧရာဝတီတိုင်း ဒူးရင်း စိုက် ပျိုးထုတ်လုပ်မှုရဲ့ ရှေ့ဆောင်ဒေသဖြစ်တဲ့ အင်ပင် မြို့နယ်ထဲက မြန်မာ့တတိယ အကြီးဆုံး သစ်ဆွေး မြေပေါာက သက်တမ်းရင့် ဒူးရင်းပင်တွေအကြောင်း သိနိုင်မှာဖြစ်သလို အခုနောက်ပိုင်းချဲ့ထွင်လာတဲ့ ဒူးရင်းအပင်သစ်တွေအကြောင်းကိုလည်း ဒူးရင်းခြံရှင် အင်တာဗျူးတွေနဲ့အတူ တီးခေါက်မိနိုင်မှာဖြစ်ပါ တယ်။