У нас вы можете посмотреть бесплатно မန္တလေးရက်စဥ်သမိုင်း-ဒေါက်တာသန်းထွန်း или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
" နယ်လှဲ့ရာဇဝင်" ဒေါက်တာသန်းထွန်း ၏ " နယ်လှဲ့ရာဇဝင်" စာအုပ်မှာဆိုရင် " မန္တလေးသမိုင်း" အပါဝင် " ကျောက်ဆည်နယ်" နှင့် "ကျိုင်းတုံရာဇဝင်" ဆိုပြီး သမိုင်းရေးသားချက်များပါဝင်ပါတယ်။ "ဒီစာအုပ် ဖက်ကောင်းရမယ်လို့ အာမ မခံ" ဟု ကြေညာပြီး ရေးခဲ့တဲ့ "နယ်လှဲ့ရာဇဝင်" စာအုပ်ဖြစ်သည်။ "မန္တလေးသမိုင်း" ရေးနေစဥ် တွေ့ကရာရေးရင် ဘာလုပ်မယ် ညာလုပ်မယ်ဟု စာပို့၍ ခြိမ်းခြောက်ခံရသော မန္တလေးသမိုင်းရေးသားဖော်ပြချက် များဖြစ်သည်။ ကျနော်ဖက်ပြမှာကတော့ ဒေါက်တာသန်းထွန်းက အကြောင်းအရာ ၉ ပိုင်း ခွဲပြီးဖော်ထုတ်ရေးသားခဲ့တဲ့ "မန္တလေးသမိုင်း" ရေးသားချက်များဖြစ်သည်။ သမိုင်းရေးသားချက်များဖြစ်တာကြောင့် အပြည့်အစုံဖက်ရင် နားထောင်ရတာ ရှည်သွားမှာပါ။ ဒါကြောင့် အကျဥ်းချုပ်ပြီး ကျနော် ဖက်ပြပေးမှာ ဖြစ်ပါတယ်။ ပိုမိုသိရှိလို့ပါက "နယ်လှဲ့ရာဇဝင် ပ+ဒု+တ" ပေါင်းချုပ်ကို ဖက်ရှုပေးဖို့ တိုက်တွန်းပါတယ်။ စာအုပ်၏ နောက်ကျောဖုံးမှာတော့ အောက်ပါအတိုင်း ရေးထားပါတယ်။ "ဤစာအုပ်သည် မြန်မာလူမျိုး အကြောင်း နှင့် မြန်မာပြည် သမိုင်းစဥ်ကို ဆွေးနွေးသွားပေလိမ့်မည်။ ဤစာအုပ်ကိုဖက်ပြီးလျှင် သင့်၌ရှိရင်းစွဲ သမိုင်းရေးရာ အချက်အလက်တို့သည် ပိုမို ခိုင်မာသွားဖွယ်ရှိရာ၏။ သို့မဟုတ် လုံးဝ ပြောင်းလဲသွားဖွယ်ရာ အကြောင်းလည်း ရှိပေသည်။ " နားဆင်ပေးခဲ့လို့ အားလုံးကိုကျေးဇူးတင်ပါသည်။ ကြိုက်နှစ်သက်ပါက ပြန်လည် ဝေမျှပေးဖို့ တောင်းဆိုပါသည်။ နောက်ခံတီးလုံးကတော့ "မန္တလေးမြို့ဘွဲ့ယိုးဒယား "ဝေဇယန္တာ" သီချင်းပဲဖြစ်တယ်။ ပတ္တလား တီးခတ်သူကတော့ ဦးရည်နွယ်ဖြစ်သည်။