У нас вы можете посмотреть бесплатно Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်မှာတောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုယုံကြည်မှု အမြင့်မားဆုံးမှာရှိနေပြီး ၊ PDF တွေဟာလည်း ဒုတိယလူထုယုံ ကြည်မှု အမြင့်မားဆုံးရရှိနေသလိုတစ်ဖက်က အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကတော့ လူထုယုံကြည်မှု အနိမ့်ဆုံးရောက်ရှိနေတယ်လို့ Blue Shirt အဖွဲရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ -မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဗမာလူမျိုးတွေ ကိုယ်တိုင် ပြန်လည်ဆန့်ကျင် တိုက်ခိုက်မှုကြော့င့်ပဲ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ် ပျက်စီး အခက်အခဲ အကျပ်အတည်းဖြစ်နေတဲ့ အတွက် တော်လှန်ရေးလုပ်ဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ စစ်အာဏာရှင် တိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီ ရာမညမွန်တပ်တော်ရဲ့ နိုင်ငံရေး/စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ဇေယျက ပြောလိုက်ပါတယ်။ မန္တလေးတိုင်းက ညောင်ဦးမြိုနယ်မှာ စီးပွားရေး လုပ်ငန်းရှင် ဒေါ်ခင်မကြီးကို အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ပြန်ပေးဆွဲဓားပြတိုက်မှု ဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။