У нас вы можете посмотреть бесплатно *မုဒိမ်းမှု သတင်း ရှယ်သူကို တပ်ရင်းမှုး ရန်ရှင်းအောင် ခြိမ်းခြောက်* или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
မုဒိမ်းမှု သတင်း ရှယ်သူကို တပ်ရင်းမှုး ရန်ရှင်းအောင် ခြိမ်းခြောက် ယင်းမာပင်ဒေသ အခြေစိုက် PDF တပ်ရင်း ၂၀ တပ်ရင်းမှူး ရန်ရှင်းအောင်က ဖေ့စ်ဘွတ်မှာ မုဒိမ်းမှုသတင်း ရှယ်သူတဦးကို ဒီဆိုရှယ်မီဒီယာကနေ ခြိမ်းခြောက် ပြောဆိုတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နေပါတယ်။ ကနေ့မတ်လ ၉ ရက်နေ့မှာ အဲဒီ သတင်း ရှယ်သူဟာ မုဒိမ်းကျင့်ခံရသူ မူဆလင် အမျိုးသမီးရဲဘော်ရဲ့ ဆွေမျိုးသာားချင်း တဦးဖြစ်တယ်လို့လည်း တချို့က ပြောပါတယ်။ ခုအခါမှာတော့ အဲဒီ ခြိမ်းခြောက်တဲ့ ရန်ရှင်းအောင်ရဲ့ ပို့စ်နဲ့ မုဒိမ်းသတင်း ရှယ်သူရဲ့ အကောင့်ကိုလည်း အွန်လိုင်းမှာ မတွေ့ရတော့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ရန်ရှင်းအောင်ကို ဖေ့စ်ဘွတ်ကနေ မေးထားပေမယ့် ပြန်လည် ဖြေကြားတာမျိုး မရှိသေးပါဘူး။ NUG အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ကတော့ သံသယ တရားခံကို ဖမ်းဆီး စစ်ဆေးမေးမြန်းနေတယ်ဆိုပြီး ပြောဆိုထားတာပါ။ မုဒိမ်းမှုကျူးလွန်ခဲ့တာနဲ့ ဆက်စပ်တဲ့ ရိုက်နှက် ညှဥ်းပမ်းမှူကို ရန်ရှင်းအောင်က ကျူးလွန်ခဲ့တာကြောင့် ဒီအမှုမှာပါဝင်သူတွေကို NUG က စစ်ဆေးနေပြီလို့ ပြောဆိုထားမှုအပေါ် မေးခွန်းထုတ်နေကြပါတယ်။ စစ်ဆေးခံတဦးက ခုလိုမျိုး အင်တာနက်သုံးခွင့်နဲ့ ခြိမ်းခြောက်ခွင့် ရှိသလားဆိုပြီးတော့လည်း ထောက်ပြကြပါတယ်။ ဝန်ကြီးချုပ်ရုံးက ကြည်ပြာရဲ့ အဂတိမှုနဲ့ ပတ်သက်ပြီး စစ်ဆေးရာမှာ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီး ၃ လကြာမှ အမှုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တဲ့အပြင် BNRA ခေါင်းဆောင် ဗိုလ်နဂါး ကို NUG က အင်အားသုံး တိုက်ခိုက်ချိန်မှာမှ အချိန်ကိုက် ထုတ်ပြန်တဲ့အတွက်လည်း ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဗိုလ်နဂါး ကိစ္စကို လူတွေ အာရုံစိုက်နေကြချိန်လို့ ယူဆပြီး ကြည်ပြာ အမှုကို ထုတ်ပြန်လိုက်ပေမယ့် NUG ရဲ့ ဆုံးဖြတ်ချက်ဟာ မတရားရာ ရောက်တယ်၊ လူတွေသတိမထားမိအောင် အချိန်ကိုက်ထုတ်ပြန်တယ်ဆိုပြီး အများက ပြင်းပြင်း ထန်ထန် ထပ်ပြီး ဝေဖန်ခဲ့ကြပါတယ်။ NUG ရုံး တာဝန်ခံတဦးဖြစ်တဲ့ ကြည်ပြာအပေါ် လျှော့ပေါ့ အပြစ်ပေးခဲ့တာကြောင့်လည်း NUG အစိုးရ အမည်ခံထားတဲ့ အဖွဲ့အပေါ် တော်တော်များများက လက်မခံနိုင်ဖြစ်လာသလို ခုလို လက်နက်ကိုင်တွေ ကျူးလွန်တဲ့ အမှုနဲ့ ပတ်သက်ပြီးတော့လည်း NUG ရဲ့ ကိုင်တွယ်မှုဟာ လစ်ဟာမှုတွေ ရှိတယ်ဆိုတာကို အများက ထောက်ပြကြပါတယ်။ BNRA ဗိုလ်နဂါးအဖွဲ့နဲ့ NUG အကြား ပဋိပက္ခကို မိတ်ဖက် ပဋိပက္ခအသွင်နဲ့ ဖြေရှင်းကြဖို့ NUG မဟုတ်တဲ့ ဒေသခံ လက်နက်ကိုင် အဖွဲ့တွေက ကြားဝင် ဖြန်ဖြေကြပေမယ့် NUG ကတော့ ဗိုလ်နဂါးအပေါ် ပြစ်မှုမျိုးစုံတပ်ပြီး မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့ပါတယ်။ ဒါပေမယ့် NUG လက်အောက်ခံ တပ်တွေကလည်း ဗိုလ်နဂါးကို စွပ်စွဲခဲ့သလို လူထုဆန့်ကျင်ရေး ပြစ်မှုတွေ ကျူးလွန်ကြတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာ အတော်လေး ကြာနေပါပြီ။ ဒါကြောင့် အခု မုဒိမ်းမှု၊ ညှဥ်းပမ်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး NUG အနေနဲ့ ဘယ်လို ဆုံးဖြတ်မလဲဆိုတာကို အားလုံးက သတိထား စောင့်ကြည့်နေပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ ဝန်ကြီးတာဝန်ယူထားသူ ဦးရည်မွန်မှာ အဓိက တာဝန်ရှိကြောင်းလည်း ထောက်ပြကြပါတယ်။ NUG ထောက်ခံသူတွေကတော့ တော်လှန်ရေးထိခိုက်မှာစိုးလို့ စစ်အာဏာရှင်စနစ်ကို ဆုံးခန်းတိုင် တိုက်ဖျက်ပြီးမှ NUG ကို ဝေဖန်ကြပါလို့ အမြဲ ကာကွယ် ပြောကြားလေ့ရှိပါတယ်။ #ဖမ်းဆီး #nug #အမျိုးသားညီညွတ်ရေးအစိုးရ #အမေရိကန် #ဒေါ်နယ်လ်ထရမ့် #aungsway #aungswaymedia #aungswaydailynews #အောင်ဆွေ #ကြည်ပြာ #မုဒိမ်းကျင့် #ရန်ရှင်းအောင် #စစ်ကိုင်းတိုင်း #pdf #ဖမ်းဆီးနှိပ်ဆက် #nugဖမ်းဆီးနှိပ်ဆက် #ရည်မွန် #ကာကွယ်ရေးဝန်ကြီး