У нас вы можете посмотреть бесплатно JICM အစည်းအဝေးကျင်းပဖို့ အစိုးရနဲ့ အပစ်ရပ် ဆယ်ဖွဲ့တွေ့ဆုံ или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
နိုဝင်ဘာ-၂၀၊ ၂၀၁၉ NCAအကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး (JICM)ခေါ်ယူနိုင်ရေးအတွက် အပစ်ရပ်ဆယ်ဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ဒီနေ့တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့မနက်ပိုင်းက ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့တာပါ။ JICMအစည်းဝေး အချိန်မီကျင်းပနိုင်ဖို့ အားလုံးကြိုးပမ်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ RCSSအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး စိုင်းငင်းကပြောပါတယ်။ JICMအစည်းအဝေးက အစိုးရ၊ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေနဲ့ အပစ်ရပ်ဆယ်ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်လေ့ရှိတဲ့ အစည်းဝေးတစ်ခုလည်းဖြစ်ပါတယ်။ JICMအစည်းအဝေး ကျင်းပနိုင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်ကျင်းပပြီး ၂၁ရာစု ပင်လုံစတုထ္တအစည်းအဝေးကို ချီတက်နိုင်ဖို့ လမ်းပွင့်သွားမှာလို့လည်း ဗိုလ်မှူးကြီး စိုင်းငင်းကပြောပါတယ်။ အပစ်ရပ်ဆယ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို ဒီဇင်ဘာလဆန်းမှာ ကျင်းပဖို့ရှိပြီး အဲဒီ့အစည်းအဝေးပြီးပါက JICMအစည်းအဝေးကျင်းပနိုင်ဖို့ အစိုးရဘက်က အဆိုပြုထားတယ်လို့လည်း သိရပါတယ်။ ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော် Subscribe to our channel at https://bit.ly/2CVSP6d Check out our website: http://www.7daydaily.com/ Connect with us at our social media handles: Facebook: / 7dayonlinetv Twitter: / 7day_tv