У нас вы можете посмотреть бесплатно မကွေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် တောင်းပန် နေရတဲ့ အောင်လံပြည်သူ့စစ် - DVB Digital First или скачать в максимальном доступном качестве, видео которое было загружено на ютуб. Для загрузки выберите вариант из формы ниже:
Если кнопки скачивания не
загрузились
НАЖМИТЕ ЗДЕСЬ или обновите страницу
Если возникают проблемы со скачиванием видео, пожалуйста напишите в поддержку по адресу внизу
страницы.
Спасибо за использование сервиса ClipSaver.ru
#dvbtvnews #digitalfirst အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က မွေးထုတ်ပေး လိုက်တဲ့ ပြည်သူ့စစ်အဖွဲ့တွေထဲမှာ ခေါင်းကြော မာဆုံးနဲ့ငွေရရင်ဘာမဆိုလုပ်တဲ့ အောင်လံပြည် သူ့စစ်အဖွဲ့ကိုတော့ မကွေးတိုင်းဝန်ကြီးချုပ်တောင် ကြောက်လန့်ပြီးတောင်းပန်နေရတယ်လို့ သိရပါတယ်။ အောင်လံမြို့နယ်သာမက ထိစပ်တဲ့ ပြ ည်၊ပေါက်ခေါင်း၊ရေတာရှည်မြို့နယ်က လူတွေ ကိုပါ နေ့စဥ် ပြန်ပေးဆွဲသလို ဖမ်းပြီး ငွေသိန်းနဲ့ ချီကာ ပြန်ရွေးခိုင်းတာကြောင့် ဖမ်းတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ ဝန်ကြီးချုပ်က ညွန်ကြားပေမယ့် နားမထောင်ဘူး ဒေသခံတယောက်က ပြောပါတယ်။ "အောင်လံပြည်သူ့စစ်အဖွဲ့က အတော်ရိုင်းတာ ခေါင်းကြောမာတယ် ဘယ်သူကိုမှ ဂရုမစိုက်တာ တော်ရုံလူမပြောနဲ့ ဝန်ကြီးချုပ်ပြောတာတောင်နားမထောင်ဘူး ငွေရရင် လူပါသတ်တာ သတင်းတွေထွက်လာရင် စစ်တပ်က ပြန်ကြား ရေးမှာ သူတို့လူရှိတော့ သတင်းအမှားဆိုပြီးထု တ်ပြန်ရော "လို့ ပြောပါတယ်။ အောင်လံပြည်သူ့စစ်အဖွဲ့ကို အခုနှစ် ဖေဖော်ဝါ ရီလ ၁၉ ရက်နေ့က အမှတ် ၇၁ ခြေလျင်တပ်ရင်းမှာ ဖွဲ့စည်းခဲ့ပြီး ဦးဆောင်သူတွေကတော့ ဒုဗိုလ်မှုးကြီးမျိုးကျော်အောင်၊ဗိုလ်မှုးကောင်း ထက်ဇော်၊မြို့နယ် အုပ်ချုပ်ရေးမှုးဦးကျော်နိုင်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအ ရင်းအမြစ်က ကိုပြောပါတယ်။ "ကိုယ်မြို့ကသူတွေရော တခြားမြို့နယ်ကလူကို ပါ ဖမ်းတာ ဖမ်းပြီးရင် ငွေနဲ့ရွေးခိုင်းတယ် မရွေး တဲ့သူဆို စစ်ထဲပို့လိုက်ရော ဥပမာ ငွေသိန်း ၁၀၀ ရရင် ဒုဗိုလ်မှုးကြီးမျိုးကျော်အောင်အဖွဲ့က ၆၀ ယူတယ် ပြည်သူ့စစ်အဖွဲ့က ၄၀ ယူတယ် နေ့စဥ် ဖြစ်နေတဲ့ကိစွ "လို့ ပြောပါတယ်။ ဒီဇင်ဘာလအတွင်း ပြည်၊ပေါက်ခေါင်း၊ရေတာရှည်မြိုနယ်က ဖမ်းဆီးခံရတဲ့သူတွေကို ပြန်လွှတ် ပေးဖို့ ပဲခူးတိုင်းအစိုးရအဖွဲ့ကနေ မကွေးတိုင်းအစိုး ရအဖွဲ့ကို အကူအညီတောင်းခဲ့ရာ ပြန်လွှတ်မပေး ဘဲ စစ်မှုထမ်းအပါတ်စဥ် ၈ ကို ထည့်လိုက်တယ် လို့ ပဲခူးတိုင်းအုပ်ချုပ်ရေးနဲ့သတင်းအရင်းအ မြစ်က ပြောပါတယ်။ "ပြည်၊ပေါက်ခေါင်း၊ရေတာရှည် မြို့နယ်အုပ်ချု ပ်ရေးအဖွဲတွေက အောင်လံခရိုင်ရော မြို့နယ် ရော စာပို့တာ ၃ ကြိမ်မကဘူး ဖမ်းထားတဲ့သူတွေကို ပြန်မလွှတ်ဘူး သူတို့လိုချင်တဲ့ပိုက်ဆံမရ တော့စစ်ထဲ ထည့်လိုက်တယ် "လို့ ပြောပါတ ယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြီးခဲ့တဲ့ ရက် ပိုင်းအတွင်းက မဟာအောင်မြေမြို့နယ်က ရဲမွန် တောင်ပြည်သူ့စစ်အဖွဲ့ကို မန္တလေးနဲ့မကွေးတိုင်း အတွင်းရှိ ရှေတန်း စစ်မျက်နှာသို့ စေလွှတ်ခဲ့တာ လည်းရှိပါတယ်။ #ကနေဦးသတင်း #myanmar Download the DVB Mobile App: Android - https://bit.ly/dvbmobile IOS - https://bit.ly/dvbapple Support DVB - https://burmese.dvb.no/membership Subscribe - / dvbtvnews Follow - https://t.me/dvbtvnews